ဟေရှာယ
၁၂ အဲဒီအချိန်ကျရင် မင်းတို့က
“ယေဟောဝါဘုရား၊ ကျွန်တော့်ကို အမျက်တော်ထွက်ခဲ့ပေမဲ့
တဖြည်းဖြည်း အမျက်ပြေသွားပြီး
နှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။+
၂ ဘုရားသခင်ဟာ ကျွန်တော့်ရဲ့ ကယ်တင်ခြင်းပါ။+
ဘုရားကိုပဲ ယုံကြည်ကိုးစားမယ်။ ဘာကိုမှ မကြောက်တော့ဘူး။+
ယေဟောဝါ၊ ယေဟောဝါဟာ ကျွန်တော့်အစွမ်းသတ္တိ၊ ကျွန်တော့်ခွန်အား၊
ကျွန်တော့်ရဲ့ ကယ်တင်ခြင်းပါပဲ”+ လို့ပြောကြမှာ သေချာတယ်။
၄ အဲဒီအချိန်ကျရင်
“ယေဟောဝါကို ကျေးဇူးတင်ကြ။ နာမတော်ကို ခေါ်ပြီး ဆုတောင်းကြ။
ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း လူတွေကို ကြားသိစေကြ။+
နာမတော် ဂုဏ်တင်ခံရပြီလို့ ကြေညာကြ။+
၅ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြ။+
ကြီးကျယ်ခမ်းနားတဲ့အရာတွေ ဘုရား လုပ်ဆောင်ခဲ့ပြီ။+ ဒါကို တစ်ကမ္ဘာလုံး ကြားသိစေကြပါ။
၆ ဇိအုန်မြို့သူမြို့သားတို့၊ မင်းတို့အလယ်မှာ စံမြန်းတဲ့ အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ဟာ ကြီးမြတ်တဲ့အတွက်
ဝမ်းသာအားရ ကြွေးကြော်ပြီး သီချင်းဆိုကြပါ” လို့ပြောကြလိမ့်မယ်။