ဆာလံ
ဂီတမှူးသို့။ “မဖျက်ဆီးလိုက်ပါနဲ့ တေးသွားအတိုင်း သီဆိုရန်။ မစ်တမ်။* ရှောလုက ဒါဝိဒ်ကိုသတ်ဖို့ သူ့အိမ်ကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+
၅၉ အို ဘုရားသခင်၊ ကျွန်တော့်ကို ရန်သူ့လက်ကနေ ကယ်တင်ပေးပါ။+
တိုက်ခိုက်နေသူတွေရဲ့ ရန်ကနေ ကာကွယ်ပေးပါ။+
၂ ယုတ်မာသူတို့လက်ကနေ ကယ်တင်ပေးပါ။
အကြမ်းဖက်သူတို့ရန်ကနေ ကယ်တင်ပေးပါ။
ချောင်းမြောင်းတိုက်ခိုက်ဖို့ သူတို့ စောင့်နေကြတယ်။+
အင်အားကြီးသူတွေ ကျွန်တော့်ကို တိုက်ခိုက်နေတယ်။
၄ ကျွန်တော် ဘာအမှားမှ မလုပ်ဘဲနဲ့ သူတို့ပြေးလာပြီး တိုက်ခိုက်ဖို့ ပြင်ကြတယ်။
ကျွန်တော်ခေါ်တဲ့အခါ ထကြည့်လှည့်ပါ။
၅ ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ အစ္စရေးတို့ရဲ့ ဘုရားသခင်ပါ။+
လူမျိုးအားလုံးကို အရေးယူလုပ်ဆောင်ဖို့ နိုးထလှည့်ပါ။
ရန်ငြိုးကြီးတဲ့ သစ္စာဖောက်တွေကို ကရုဏာမပြပါနဲ့။+ (စဲလာ)
၆ သူတို့ ညနေတိုင်း ပြန်လာတယ်။+
ခွေးလိုမာန်ဖီပြီး+ မြို့ပတ်လည်မှာ ချောင်းမြောင်းသွားလာကြတယ်။+
၇ သူတို့နှုတ်ကနေ ဘယ်လိုစကားတွေ ထွက်လာတယ်ဆိုတာ ကြည့်ပါ။
သူတို့နှုတ်ခမ်းဟာ ဓားလိုပဲ။+
“ဘယ်သူကြားမှာမို့လို့လဲ” လို့ ပြောတတ်တယ်။+
၈ အို ယေဟောဝါ၊ ကိုယ်တော်ကတော့ သူတို့ကို ရယ်လိမ့်မယ်။+
လူမျိုးအားလုံးကို လှောင်ပြောင်လိမ့်မယ်။+
၉ ကျွန်တော့်အစွမ်းခွန်အား၊ ကိုယ်တော့်ကို စောင့်မြဲစောင့်နေပါ့မယ်။+
ဘုရားသခင်ဟာ လုံခြုံတဲ့ ခိုလှုံရာဖြစ်လို့ပဲ။+
ရန်သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ကြည့်ခွင့်ပေးလိမ့်မယ်။+
၁၁ ကိုယ်တော် လုပ်ဆောင်ခဲ့ရာတွေကို ကျွန်တော့်လူတွေ မမေ့ရလေအောင်
ရန်သူတွေကို ချက်ချင်း အဆုံးမစီရင်ပါနဲ့ဦး။
တန်ခိုးတော်နဲ့ ကစဉ့်ကလျား ဖြစ်စေပါ။
ကျွန်တော်တို့ရဲ့ ဒိုင်းလွှားဖြစ်တဲ့ ယေဟောဝါ၊ သူတို့ကို ကျရှုံးစေပါ။+
သူတို့က ကျိန်ဆဲပြီး လိမ်ညာပြောကြတယ်။
၁၃ သူတို့ကို အမျက်တော်ရှပြီး အစတုံးပစ်ပါ။+
လုံးဝ မကျန်ရစ်ရလေအောင် အစတုံးပစ်ပါ။
ယာကုပ်အမျိုးကိုရော မြေတစ်ခွင်လုံးကိုပါ ဘုရားသခင် အုပ်စိုးနေမှန်း သူတို့ကိုသိစေပါ။+ (စဲလာ)
၁၄ ညနေစောင်းမှာ သူတို့ပြန်လာရပါစေ။
ခွေးလိုမာန်ဖီပြီး မြို့ပတ်လည်မှာ ချောင်းမြောင်းသွားလာရပါစေ။+
၁၅ စားစရာရှာဖို့ လှည့်လည်သွားလာနေရပါစေ။+
ဝဝလင်လင် မစားရပါစေနဲ့၊ နေစရာ ရှာမတွေ့ပါစေနဲ့။
၁၆ ကျွန်တော်ကတော့ ကိုယ်တော်ရဲ့ အစွမ်းခွန်အားအကြောင်း သီချင်းဆိုမယ်။+
နံနက်ခင်းမှာ ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း ဝမ်းသာအားရပြောမယ်။
ကိုယ်တော်ဟာ လုံခြုံတဲ့ခိုလှုံရာ၊+
ဒုက္ခရောက်ချိန်မှာ ပြေးဝင်ခိုနားတဲ့နေရာ ဖြစ်လို့ပဲ။+
၁၇ အို ကျွန်တော့်ရဲ့ အစွမ်းခွန်အား၊ ကိုယ်တော့်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်။+
ဘုရားသခင်ဟာ လုံခြုံတဲ့ခိုလှုံရာ၊ ကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား ဖြစ်လို့ပဲ။+