ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၃၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • အလှူတွေ ပိုလျှံ (၁-၇)

      • တဲတော်ကို ဆောက်လုပ် (၈-၃၈)

ထွက်မြောက်ရာ ၃၆:၁

ကျမ်းညွှန်းများ

  • +ထွ ၂၅:၉; ၃၁:၆

ထွက်မြောက်ရာ ၃၆:၂

ကျမ်းညွှန်းများ

  • +ထွ ၂၈:၃; ၃၅:၁၀
  • +ထွ ၃၅:၂၁၊ ၂၆

ထွက်မြောက်ရာ ၃၆:၃

ကျမ်းညွှန်းများ

  • +ထွ ၃၅:၅-၉; ပ ၃:၉; ၂က ၉:၇

ထွက်မြောက်ရာ ၃၆:၈

ကျမ်းညွှန်းများ

  • +ထွ ၃၁:၆
  • +ထွ ၂၅:၉; ၃၉:၃၂; ဟီ ၉:၉
  • +ထွ ၂၆:၁-၆

ထွက်မြောက်ရာ ၃၆:၁၄

ကျမ်းညွှန်းများ

  • +ထွ ၂၆:၇-၁၁

ထွက်မြောက်ရာ ၃၆:၁၉

ကျမ်းညွှန်းများ

  • +ထွ ၂၆:၁၄

ထွက်မြောက်ရာ ၃၆:၂၀

ကျမ်းညွှန်းများ

  • +ထွ ၂၅:၁၀၊ ၂၃; ၂၆:၁၅-၁၈; ၂၇:၁; ၃၀:၅; ၃၆:၃၆

ထွက်မြောက်ရာ ၃၆:၂၄

ကျမ်းညွှန်းများ

  • +ထွ ၂၆:၁၉-၂၁

ထွက်မြောက်ရာ ၃၆:၂၇

ကျမ်းညွှန်းများ

  • +ထွ ၂၆:၂၂-၂၅

ထွက်မြောက်ရာ ၃၆:၃၁

ကျမ်းညွှန်းများ

  • +ထွ ၂၆:၂၆-၂၈

ထွက်မြောက်ရာ ၃၆:၃၄

ကျမ်းညွှန်းများ

  • +ထွ ၂၆:၂၉

ထွက်မြောက်ရာ ၃၆:၃၅

ကျမ်းညွှန်းများ

  • +ထွ ၄၀:၂၁; ဟီ ၁၀:၁၉၊ ၂၀
  • +က ၃:၂၄
  • +ထွ ၂၆:၃၁၊ ၃၂

ထွက်မြောက်ရာ ၃၆:၃၇

ကျမ်းညွှန်းများ

  • +ထွ ၂၆:၃၆၊ ၃၇

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၃၆:၁ထွ ၂၅:၉; ၃၁:၆
ထွ. ၃၆:၂ထွ ၂၈:၃; ၃၅:၁၀
ထွ. ၃၆:၂ထွ ၃၅:၂၁၊ ၂၆
ထွ. ၃၆:၃ထွ ၃၅:၅-၉; ပ ၃:၉; ၂က ၉:၇
ထွ. ၃၆:၈ထွ ၃၁:၆
ထွ. ၃၆:၈ထွ ၂၅:၉; ၃၉:၃၂; ဟီ ၉:၉
ထွ. ၃၆:၈ထွ ၂၆:၁-၆
ထွ. ၃၆:၁၄ထွ ၂၆:၇-၁၁
ထွ. ၃၆:၁၉ထွ ၂၆:၁၄
ထွ. ၃၆:၂၀ထွ ၂၅:၁၀၊ ၂၃; ၂၆:၁၅-၁၈; ၂၇:၁; ၃၀:၅; ၃၆:၃၆
ထွ. ၃၆:၂၄ထွ ၂၆:၁၉-၂၁
ထွ. ၃၆:၂၇ထွ ၂၆:၂၂-၂၅
ထွ. ၃၆:၃၁ထွ ၂၆:၂၆-၂၈
ထွ. ၃၆:၃၄ထွ ၂၆:၂၉
ထွ. ၃၆:၃၅ထွ ၄၀:၂၁; ဟီ ၁၀:၁၉၊ ၂၀
ထွ. ၃၆:၃၅က ၃:၂၄
ထွ. ၃၆:၃၅ထွ ၂၆:၃၁၊ ၃၂
ထွ. ၃၆:၃၇ထွ ၂၆:၃၆၊ ၃၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၃၆:၁-၃၈

ထွက်မြောက်ရာ

၃၆ “ဗေဇလေလနဲ့ အဟောလျဘက သန့်ရှင်းရာဌာနတော်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ ယေဟောဝါဘုရားဆီက ဉာဏ်ပညာ၊ သိနားလည်မှုတွေရထားတဲ့ လက်မှုပညာသည်တွေနဲ့အတူ ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်ရမယ်။”+

၂ မောရှေက ဗေဇလေလ၊ အဟောလျဘ၊ ယေဟောဝါ ဉာဏ်ပညာပေးထားတဲ့ လက်မှုပညာသည်တွေစတဲ့+ စေတနာနဲ့လုပ်ဆောင်ချင်သူတွေကို+ ခေါ်လိုက်တယ်။ ၃ သူတို့က သန့်ရှင်းရာဌာနတော်ကို ဆောက်လုပ်ဖို့ အစ္စရေးတွေလှူတဲ့ အလှူပစ္စည်းအားလုံးကို မောရှေဆီကနေ လာယူသွားတယ်။+ လူတွေကတော့ စေတနာနဲ့လှူတဲ့ အလှူပစ္စည်းတွေကို မနက်တိုင်း ယူလာနေတုန်းပဲ။

၄ အဲဒီနောက် သန့်ရှင်းရာဌာနတော်နဲ့ဆိုင်တဲ့ လုပ်ငန်းကို လုပ်ဆောင်ကြတဲ့ လက်မှုပညာသည်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး၊ ၅ “ယေဟောဝါဘုရား မိန့်မှာတဲ့အလုပ်အတွက် လူတွေယူလာတဲ့ ပစ္စည်းတွေဟာ လိုတာထက် အများကြီး ပိုနေပြီ” လို့ ပြောကြတယ်။ ၆ မောရှေလည်း “သန့်ရှင်းရာဌာနတော်အတွက် အလှူပစ္စည်းတွေကို ဘယ်သူမှ မယူလာကြနဲ့တော့” ဆိုပြီး စခန်းမှာ ကြေညာခိုင်းတယ်။ ဒါနဲ့ အလှူပစ္စည်းတွေ မယူလာကြတော့ဘူး။ ၇ ရရှိတဲ့ပစ္စည်းတွေဟာ လိုတာထက်တောင် ပိုလျှံနေသေးတယ်။

၈ လက်မှုပညာသည်တွေက+ တဲတော်+ ရွက်ထည် ဆယ်ထည်ကို ချည်ချော၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်တွေနဲ့ ရက်လုပ်ကြတယ်။ ဗေဇလေလက ရွက်ထည်တွေမှာ ခေရုဗိမ်ပုံတွေပေါ်အောင် ပန်းထိုးတယ်။+ ၉ ရွက်ထည်တစ်ထည်စီက အလျား ၂၈ တောင်၊ အနံ ၄ တောင်ရှိတယ်။ ရွက်ထည်အားလုံး အတိုင်းအတာတူတယ်။ ၁၀ သူက ရွက်ထည်ငါးထည်ကို တွဲချုပ်တယ်။ နောက်ငါးထည်ကိုလည်း တွဲချုပ်တယ်။ ၁၁ ပြီးတော့ ကွင်းတွေကို အပြာရောင်ချည်နဲ့လုပ်ပြီး ရွက်ထည်ရဲ့အနားစွန်း၊ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာမှာ တပ်လိုက်တယ်။ နောက်ရွက်ထည်ရဲ့ အနားစွန်း၊ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာမှာလည်း ကွင်းတွေ တပ်လိုက်တယ်။ ၁၂ ရွက်ထည်တစ်ထည်အတွက် ကွင်း ၅၀၊ နောက်ရွက်ထည်ရဲ့အနားစွန်း၊ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာအတွက်လည်း ကွင်း ၅၀ ကိုလုပ်ပြီး ကွင်းချင်းဆိုင်ထားလိုက်တယ်။ ၁၃ ရွှေချိတ် ၅၀ ကိုလုပ်ပြီး ရွက်ထည်နှစ်ထည်ကို တစ်ထည်တည်းဖြစ်အောင် ချိတ်တွေနဲ့ တွဲလိုက်တယ်။

၁၄ အဲဒီနောက် တဲတော်အမိုးအတွက် ဆိတ်မွေးရွက်ထည် ၁၁ ထည်ကို သူလုပ်တယ်။+ ၁၅ ရွက်ထည်တစ်ထည်စီက အလျားအတောင် ၃၀၊ အနံ ၄ တောင်ရှိတယ်။ ရွက်ထည် ၁၁ ထည်စလုံး အတိုင်းအတာ တူတယ်။ ၁၆ ရွက်ထည်ငါးထည်ကို တစ်စပ်၊ နောက်ခြောက်ထည်ကို တစ်စပ် တွဲချုပ်လိုက်တယ်။ ၁၇ ပြီးတော့ ရွက်ထည်ရဲ့အနားစွန်း၊ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာမှာ ကွင်း ၅၀ တပ်တယ်။ နောက်ရွက်ထည်ရဲ့ အနားစွန်းမှာလည်း ကွင်း ၅၀ တပ်တယ်။ ၁၈ ကြေးနီချိတ် ၅၀ ကိုလုပ်ပြီး ရွက်ထည်နှစ်ထည်ကို တစ်ထည်တည်းဖြစ်အောင် ချိတ်တွေနဲ့ တွဲလိုက်တယ်။

၁၉ အဲဒီနောက် တဲတော်အမိုးကို အနီရောင်ဆိုးထားတဲ့ သိုးထီးသားရေနဲ့ လုပ်တယ်။ အဲဒီပေါ်မှာထပ်ဖုံးမယ့် အမိုးကို ဖျံသားရေနဲ့ လုပ်တယ်။+

၂၀ တဲတော်နံရံအတွက် ကျည်းဘောင်တွေကို ရှားသားနဲ့ လုပ်တယ်။+ ၂၁ ကျည်းဘောင်တစ်ခုစီက အမြင့် ၁၀ တောင်၊ အနံ ၁ တောင်ခွဲ ရှိတယ်။ ၂၂ ကျည်းဘောင်တိုင်းမှာ စရွေးတံနှစ်ခု ယှဉ်လျက်ရှိတယ်။ ကျည်းဘောင်အားလုံးကို အဲဒီပုံစံအတိုင်း လုပ်တယ်။ ၂၃ တဲတော်ရဲ့ တောင်ဘက်ခြမ်းနံရံအတွက် ကျည်းဘောင် ၂၀ ကို လုပ်တယ်။ ၂၄ ကျည်းဘောင် ၂၀ အောက်မှာခံဖို့ ငွေအောက်ခံခုံ ၄၀ ကို လုပ်တယ်။ ကျည်းဘောင်တစ်ခုမှာ စရွေးတံနှစ်ခု၊ အောက်ခံခုံနှစ်ခု ရှိတယ်။ ကျည်းဘောင်တိုင်းမှာ စရွေးတံနှစ်ခု၊ အောက်ခံခုံနှစ်ခုစီ ရှိတယ်။+ ၂၅ တဲတော်ရဲ့ မြောက်ဘက်ခြမ်းနံရံအတွက် ကျည်းဘောင် ၂၀၊ ၂၆ ငွေအောက်ခံခုံ ၄၀ ကို လုပ်တယ်။ ကျည်းဘောင်တစ်ခုမှာ အောက်ခံခုံနှစ်ခု၊ ကျည်းဘောင်တိုင်းမှာ အောက်ခံခုံနှစ်ခုစီ ရှိတယ်။

၂၇ အနောက်ဘက် တဲတော်နောက်ကျောနံရံအတွက် ကျည်းဘောင်ခြောက်ခုကိုလည်းလုပ်တယ်။+ ၂၈ တဲတော်နောက်ကျောနံရံရဲ့ ထောင့်နှစ်ထောင့်အတွက် ကျည်းဘောင်နှစ်ခုကို လုပ်တယ်။ ၂၉ အဲဒီကျည်းဘောင်တစ်ခုစီမှာ သစ်သားနှစ်ချပ်က အောက်ခြေကနေ တက်သွားပြီး ထိပ်နားမှာ သွားဆုံတယ်။ ဒေါက်တိုင်နှစ်ခုကို အဲဒီပုံစံအတိုင်း သူလုပ်တယ်။ ၃၀ နောက်ကျောနံရံအတွက် ကျည်းဘောင် ၈ ခု၊ ငွေအောက်ခံခုံ ၁၆ ခုရှိတယ်။ ကျည်းဘောင်တိုင်းမှာ အောက်ခံခုံနှစ်ခုစီ ရှိတယ်။

၃၁ ပြီးတော့ သစ်သားတန်းတွေကို ရှားသားနဲ့ လုပ်တယ်။ တဲတော်တောင်ဘက်ခြမ်းနံရံရဲ့ ကျည်းဘောင်တွေကို ချုပ်ဖို့ သစ်သားတန်းငါးခု၊+ ၃၂ မြောက်ဘက်ခြမ်းနံရံရဲ့ ကျည်းဘောင်တွေကို ချုပ်ဖို့ သစ်သားတန်းငါးခု၊ နောက်ကျောဘက် အနောက်နံရံရဲ့ ကျည်းဘောင်တွေကို ချုပ်ဖို့ သစ်သားတန်းငါးခု လုပ်တယ်။ ၃၃ ကျည်းဘောင်တွေကို အလယ်ကနေချုပ်မယ့် သစ်သားတန်းကို ဟိုဘက်စွန်းကနေ ဒီဘက်စွန်းအထိ တစ်ဆက်တည်းဖြစ်အောင် လုပ်တယ်။ ၃၄ ကျည်းဘောင်တွေကို ရွှေချတယ်။ သစ်သားတန်းတွေကိုလည်း ရွှေချတယ်။ သစ်သားတန်းတွေ လျှိုဖို့  ရွှေကွင်းတွေ လုပ်တယ်။+

၃၅ အဲဒီနောက် သူက ကန့်လန့်ကာကို+ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ရက်လုပ်တယ်။ ကန့်လန့်ကာမှာ ခေရုဗိမ်ပုံတွေပေါ်အောင်+ ပန်းထိုးတယ်။+ ၃၆ ကန့်လန့်ကာအတွက် ရှားတိုင်လေးတိုင် လုပ်ပြီး ရွှေချတယ်။ ရွှေချိတ်တွေ လုပ်တယ်။ တိုင်လေးတိုင်အတွက် ငွေအောက်ခံခုံလေးခု လုပ်တယ်။ ၃၇ တဲတော်ဝင်ပေါက်အတွက် လိုက်ကာကို အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ရက်လုပ်တယ်။+ ၃၈ လိုက်ကာအတွက် တိုင်ငါးတိုင်နဲ့ ချိတ်တွေကိုလည်း လုပ်တယ်။ တိုင်ထိပ်နဲ့ တိုင်ပေါ်က တွယ်ချိတ်စရာတွေကို ရွှေချတယ်။ တိုင်တွေအတွက် အောက်ခံခုံငါးခုကိုတော့ ကြေးနီနဲ့လုပ်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ