ယောဘ
၃၂ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်တယ်လို့ ယောဘ ယုံကြည်နေတဲ့အတွက် မိတ်ဆွေသုံးယောက် ဘာမှ ဆက်မပြောတော့ဘူး။+ ၂ ဒါပေမဲ့ ဗုဇအနွယ်၊+ ရာမအိမ်ထောင်စုဝင် ဗာရခေလရဲ့သား ဧလိဟုကတော့ တအားဒေါသထွက်တယ်။ ဘုရားသခင်ထက် ပိုဖြောင့်မှန်တယ်ဆိုတာပြဖို့ ယောဘ ကြိုးစားနေတဲ့အတွက် ဧလိဟု သိပ်စိတ်ဆိုးတယ်။+ ၃ ယောဘရဲ့မိတ်ဆွေ သုံးယောက်ကိုလည်း သိပ်စိတ်ဆိုးတယ်။ ယောဘကို သူတို့ ဘာမှ ပြန်မပြောနိုင်တဲ့အပြင် ဘုရားသခင် ဆိုးညစ်တယ်ဆိုပြီး အပြစ်တင်ကြလို့ပဲ။+ ၄ ဧလိဟုဟာ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်နေလို့ ယောဘ ပြောပြီးသွားတဲ့အထိ စောင့်နေတယ်။+ ၅ သူတို့သုံးယောက် ပြန်ပြောစရာ တစ်ခွန်းမှ မရှိတာကို တွေ့တော့ ဧလိဟု ပိုပြီးဒေါသထွက်လာတယ်။ ၆ ဒါကြောင့် ဗုဇအနွယ်၊ ဗာရခေလရဲ့သား ဧလိဟုပြောတာက–
ကိုယ်သိတာကို ပြောဖို့ မဝံ့မရဲဖြစ်နေတာပါ။
၇ ‘အသက်ကြီးသူတွေ ပြောပါစေ။
နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သူတွေက ဉာဏ်ပညာအကြောင်းကို ပြောပါစေ’ လို့ ကျွန်တော်တွေးမိတယ်။
၉ အသက်ကြီးတိုင်းလည်း ပညာရှိတာ မဟုတ်ဘူး။
အသက်ကြီးသူတွေပဲ မှန်တာကို နားလည်တာ မဟုတ်ဘူး။+
၁၀ ဒါကြောင့် ‘သိသလောက် ပြောပါ့မယ်။
နားထောင်ပေးကြပါ’ လို့ ကျွန်တော်ပြောနေတာ။
၁၁ ခင်ဗျားတို့ပြောနေတုန်း ကျွန်တော် နားထောင်ခဲ့တယ်။+
ပြန်ပြောမယ့်စကားတွေကို ခင်ဗျားတို့ စဉ်းစားနေတုန်း+
ကျွန်တော် စောင့်ခဲ့တယ်။
၁၂ ကျွန်တော် အသေအချာ နားထောင်ကြည့်လိုက်တော့
ယောဘမှားတယ်လို့ ခင်ဗျားတို့ သက်သေမပြနိုင်ခဲ့ဘူး။
သူ့စကားကို မချေပနိုင်ခဲ့ဘူး။
၁၃ ဒါကြောင့် ‘ကျုပ်တို့ ဉာဏ်ပညာကို တွေ့ပြီ။
ယောဘကို ဆုံးမနေတာ လူမဟုတ်ဘူး။ ဘုရားသခင်ပဲ’ ဆိုပြီး မပြောကြပါနဲ့။
၁၄ ယောဘက ကျွန်တော့်ကို တိုက်ရိုက်ပြောနေတာ မဟုတ်လို့
ကျွန်တော်လည်း ခင်ဗျားတို့လို သူ့ကို ပြန်ချေပမှာ မဟုတ်ဘူး။
၁၅ ခင်ဗျားတို့က ကြောက်လန့်ပြီး ဘာမှပြန်မပြောကြတော့ဘူး။
ပြောစရာစကားလည်း မရှိတော့ဘူး။
၁၆ ကျွန်တော်စောင့်နေပေမဲ့ ခင်ဗျားတို့က ဘာမှဆက်မပြောတော့ဘဲ
မလှုပ်မယှက်နဲ့ နှုတ်ဆိတ်နေကြတယ်။
၁၇ ဒါကြောင့် ကျွန်တော် ပြောတော့မယ်။
ကိုယ်သိတာကို ပြောတော့မယ်။
၁၈ ကျွန်တော့်မှာ ပြောစရာတွေ အများကြီးပဲ။
စွမ်းအားတော်က လှုံ့ဆော်နေတယ်။
၁၉ ရင်ထဲမှာ ချုပ်တည်းထားရလွန်းလို့ အလုံပိတ်ထားတဲ့ စပျစ်ဝိုင်လို၊
ကွဲထွက်တော့မယ့် ဝိုင်သားရေဘူးအသစ်လို ဖြစ်နေပြီ။+
၂၀ ဒါကြောင့် စိတ်သက်သာရာရဖို့ ပြောပါရစေ။
နှုတ်ကိုဖွင့်ပြီး ပြောပါရစေ။
၂၁ ကျွန်တော် မျက်နှာမလိုက်ဘဲ ပြောမှာပါ။+
မြှောက်ပင့်ပြီး မပြောပါဘူး။
၂၂ ဘယ်လိုမြှောက်ပင့်ရမှန်းလည်း မသိပါဘူး။
တကယ်လို့ မြှောက်ပင့်မိခဲ့ရင် ဖန်ဆင်းရှင်က ကျွန်တော့်ကို ချက်ချင်း ဒဏ်ခတ်လိမ့်မယ်။