ဆာလံ
၃၃ ဖြောင့်မတ်သူတို့၊ ယေဟောဝါကြောင့် ရွှင်လန်းစွာ သီချင်းဆိုကြ။+
စိတ်ရိုးဖြောင့်သူတွေ ဘုရားကို ချီးမွမ်းသင့်တယ်။
၂ စောင်းတီးပြီး ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းကြပါ။
ဆယ်ကြိုးတပ်တူရိယာ တီးခတ်ပြီး ချီးမွမ်းသီချင်းဆိုကြပါ။
၃ ဘုရားအတွက် သီချင်းသစ် သီဆိုကြပါ။+
စောင်းကြိုးတွေကို ကျကျနန တီးခတ်ပြီး ရွှင်လန်းစွာ သီချင်းဆိုကြပါ။
၄ ယေဟောဝါရဲ့ နှုတ်ထွက်စကားဟာ ဖြောင့်မှန်တယ်။+
ဘုရားလုပ်ဆောင်သမျှ ယုံကြည်စိတ်ချထိုက်တယ်။
၅ ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းကို ဘုရားမြတ်နိုးတယ်။+
ကမ္ဘာမြေဟာ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာနဲ့ ပြည့်ဝနေတယ်။+
၆ ယေဟောဝါက ကောင်းကင်ကို နှုတ်တော်ထွက်စကားနဲ့၊
ကောင်းကင်မှာရှိတဲ့ အရာအားလုံးကို နှုတ်တော်ထွက်လေနဲ့ ဖန်ဆင်းတယ်။+
၇ ပင်လယ်ရေကို ဆည်ထဲမှာ စုသလို စုစည်းထားတယ်။+
လှိုင်းထန်တဲ့ရေကိုလည်း သိုလှောင်ခန်းတွေမှာ သိမ်းထားတယ်။
၈ ကမ္ဘာမြေတစ်ခွင်လုံး ယေဟောဝါကို ကြောက်ရွံ့ပါစေ။+
ကမ္ဘာသူကမ္ဘာသားအားလုံး ဘုရားကို ရိုသေကိုင်းရှိုင်းကြပါစေ။
၉ ဘုရားပြောရင် ပြောတဲ့အတိုင်း ဖြစ်လာတယ်။+
အမိန့်ပေးရင် ပေးတဲ့အတိုင်း တည်တယ်။+
၁၀ ယေဟောဝါက လူမျိုးတွေရဲ့ အကြံအစည်ကို ပျက်ပြားစေတယ်။+
လူတွေရဲ့ အစီအစဉ်ကို ဖျက်ဆီးတယ်။+
၁၁ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်တွေကတော့ ထာဝစဉ်တည်လိမ့်မယ်။+
ဘုရားရဲ့ စိတ်ကူးကြံစည်မှုတွေလည်း လူမျိုးအဆက်ဆက်တိုင်အောင် တည်လိမ့်မယ်။
၁၂ ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်တဲ့လူမျိုး၊+
ပိုင်ဆိုင်ရာအဖြစ် ဘုရားရွေးချယ်ထားတဲ့ လူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+
၁၄ ကမ္ဘာသူကမ္ဘာသားတွေကို
စံမြန်းရာနေရာကနေ ကြည့်နေတယ်။
၁၅ လူအားလုံးရဲ့ စိတ်နှလုံးကို ဖန်ဆင်းတာ ဘုရားသခင်ပဲ။
သူတို့လုပ်ဆောင်သမျှကို ဘုရား စစ်ဆေးတယ်။+
၁၆ တပ်မဟာကြီးက ဘုရင်ကို မကယ်နိုင်ဘူး။+
တန်ခိုးအာဏာကြီးမားမှုက ခွန်အားကြီးသူကို မကယ်နိုင်ဘူး။+
၁၇ တိုက်ပွဲနိုင်ဖို့ မြင်းကို အားကိုးရင် မှားလိမ့်မယ်။+
မြင်းက ခွန်အားဘယ်လောက်ကြီးကြီး လွတ်မြောက်ဖို့ အာမမခံနိုင်ဘူး။
၂၀ ယေဟောဝါကို ငါတို့ မျှော်လင့်စောင့်စားနေတယ်။
ဘုရားဟာ ငါတို့ရဲ့ကူညီမစရှင်၊ ငါတို့ရဲ့ဒိုင်းလွှားပဲ။+
၂၁ သန့်ရှင်းတဲ့ နာမတော်ကို ငါတို့ ယုံကြည်ကိုးစားတယ်။+
ဘုရားကြောင့် စိတ်ရွှင်လန်းရတယ်။