ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၄၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • အချိန်အခါအလိုက်ဆက်သတဲ့ ပူဇော်သက္ကာ (၁-၁၅)

      • အကြီးအမှူးရဲ့မြေကွက်ကို အမွေဆက်ခံ (၁၆-၁၈)

      • အလှူတွေ ပြုတ်ရမယ့်နေရာ (၁၉-၂၄)

ယေဇကျေလ ၄၆:၁

ကျမ်းညွှန်းများ

  • +ယဇ ၄၀:၃၂
  • +ထွ ၂၀:၉
  • +ယဇ ၄၄:၁၊ ၂

ယေဇကျေလ ၄၆:၂

ကျမ်းညွှန်းများ

  • +ယဇ ၄၄:၃

ယေဇကျေလ ၄၆:၃

ကျမ်းညွှန်းများ

  • +ဆ ၈၁:၃; ရှာ ၆၆:၂၃

ယေဇကျေလ ၄၆:၄

ကျမ်းညွှန်းများ

  • +တလ ၂၈:၉၊ ၁၀; ယဇ ၄၅:၁၇

ယေဇကျေလ ၄၆:၅

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

  • *

    နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ယဇ ၄၆:၁၁

ယေဇကျေလ ၄၆:၆

ကျမ်းညွှန်းများ

  • +တလ ၂၈:၁၁-၁၅

ယေဇကျေလ ၄၆:၈

ကျမ်းညွှန်းများ

  • +ယဇ ၄၆:၂

ယေဇကျေလ ၄၆:၉

ကျမ်းညွှန်းများ

  • +ထွ ၂၃:၁၄; တရ ၁၆:၁၆
  • +ယဇ ၄၀:၂၀
  • +ယဇ ၄၀:၂၄

ယေဇကျေလ ၄၆:၁၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁/၁၉၉၉၊ စာ. ၁၈-၁၉

ယေဇကျေလ ၄၆:၁၁

ကျမ်းညွှန်းများ

  • +ယဇ ၄၅:၂၁၊ ၂၄; ၄၆:၆၊ ၇

ယေဇကျေလ ၄၆:၁၂

ကျမ်းညွှန်းများ

  • +ဝ ၁:၃
  • +ယဇ ၄၅:၁၇
  • +ယဇ ၄၆:၁၊ ၂

ယေဇကျေလ ၄၆:၁၃

ကျမ်းညွှန်းများ

  • +ထွ ၂၉:၃၈; တလ ၂၈:၃၊ ၅

ယေဇကျေလ ၄၆:၁၇

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ် “ယုဘိလ” ကိုကြည့်။

ကျမ်းညွှန်းများ

  • +ဝ ၂၅:၁၀

ယေဇကျေလ ၄၆:၁၉

ကျမ်းညွှန်းများ

  • +ယဇ ၄၂:၉
  • +ယဇ ၄၂:၁

ယေဇကျေလ ၄၆:၂၀

ကျမ်းညွှန်းများ

  • +ဝ ၂:၄၊ ၅
  • +ယဇ ၄၄:၁၉

ယေဇကျေလ ၄၆:၂၂

အောက်ခြေမှတ်ချက်များ

  • *

    တောင် (ရှည်)။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ယေဇကျေလ ၄၆:၂၄

ကျမ်းညွှန်းများ

  • +၂ရ ၃၅:၁၃

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၄၆:၁ယဇ ၄၀:၃၂
ယေဇ. ၄၆:၁ထွ ၂၀:၉
ယေဇ. ၄၆:၁ယဇ ၄၄:၁၊ ၂
ယေဇ. ၄၆:၂ယဇ ၄၄:၃
ယေဇ. ၄၆:၃ဆ ၈၁:၃; ရှာ ၆၆:၂၃
ယေဇ. ၄၆:၄တလ ၂၈:၉၊ ၁၀; ယဇ ၄၅:၁၇
ယေဇ. ၄၆:၅ယဇ ၄၆:၁၁
ယေဇ. ၄၆:၆တလ ၂၈:၁၁-၁၅
ယေဇ. ၄၆:၈ယဇ ၄၆:၂
ယေဇ. ၄၆:၉ထွ ၂၃:၁၄; တရ ၁၆:၁၆
ယေဇ. ၄၆:၉ယဇ ၄၀:၂၀
ယေဇ. ၄၆:၉ယဇ ၄၀:၂၄
ယေဇ. ၄၆:၁၁ယဇ ၄၅:၂၁၊ ၂၄; ၄၆:၆၊ ၇
ယေဇ. ၄၆:၁၂ဝ ၁:၃
ယေဇ. ၄၆:၁၂ယဇ ၄၅:၁၇
ယေဇ. ၄၆:၁၂ယဇ ၄၆:၁၊ ၂
ယေဇ. ၄၆:၁၃ထွ ၂၉:၃၈; တလ ၂၈:၃၊ ၅
ယေဇ. ၄၆:၁၇ဝ ၂၅:၁၀
ယေဇ. ၄၆:၁၉ယဇ ၄၂:၉
ယေဇ. ၄၆:၁၉ယဇ ၄၂:၁
ယေဇ. ၄၆:၂၀ဝ ၂:၄၊ ၅
ယေဇ. ၄၆:၂၀ယဇ ၄၄:၁၉
ယေဇ. ၄၆:၂၄၂ရ ၃၅:၁၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၄၆:၁-၂၄

ယေဇကျေလ

၄၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အရှေ့ဘက်ကို မျက်နှာမူထားတဲ့အတွင်းတံတိုင်းတံခါးကို+ အလုပ်လုပ်ရက် ခြောက်ရက်ပတ်လုံး+ ပိတ်ထားရမယ်။+ ဥပုသ်နေ့နဲ့ လဆန်းနေ့မှာတော့ ဖွင့်ထားရမယ်။ ၂ အကြီးအမှူးက အပြင်ကနေ အဲဒီတံခါးရဲ့ မုခ်ဦးထဲ ဝင်လာပြီး+ တံခါးတိုင်နားမှာ ရပ်ရမယ်။ ပုရောဟိတ်တွေက သူပေးတဲ့ အကုန်အစင် မီးရှို့ရာအလှူနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို ပူဇော်ပေးလိမ့်မယ်။ အကြီးအမှူးက တံခါးခုံမှာ ဦးညွှတ်ပြီးတဲ့နောက် ထွက်သွားရမယ်။ တံခါးကို ညဦးပိုင်းအထိ ဖွင့်ထားရမယ်။ ၃ ပြည်သူပြည်သားတွေလည်း ဥပုသ်နေ့နဲ့ လဆန်းနေ့ရောက်ရင် အဲဒီတံခါးပေါက်မှာ ယေဟောဝါရှေ့ လာဦးညွှတ်ရမယ်။+

၄ “‘ဥပုသ်နေ့မှာ အကြီးအမှူးကအကုန်အစင် မီးရှို့ရာအလှူကို ယေဟောဝါဆီ ဆက်သတဲ့အခါ အနာအဆာမရှိတဲ့ သိုးသငယ်အထီး ခြောက်ကောင်နဲ့ အနာအဆာမရှိတဲ့ သိုးထီးတစ်ကောင် ပါရမယ်။+ ၅ ကောက်နှံအလှူအဖြစ် သိုးထီးအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊* သိုးသငယ်အထီးတွေအတွက် သူတတ်နိုင်တာကို ပေးရမယ်။ ကောက်နှံမှုန့် တစ်ဧဖာစီအတွက် ဆီတစ်ဟိန်* ပါရမယ်။+ ၆ လဆန်းနေ့မှာ တိရစ္ဆာန်အုပ်ထဲက အနာအဆာမရှိတဲ့ နွားထီးပျိုတစ်ကောင်၊ သိုးသငယ်အထီး ခြောက်ကောင်၊ သိုးထီးတစ်ကောင်ကို ပူဇော်ရမယ်။ အဲဒီအကောင်တွေဟာ အနာရောဂါကင်းရမယ်။+ ၇ ကောက်နှံအလှူအဖြစ် နွားထီးပျိုအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးထီးအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးသငယ်အထီးတွေအတွက် သူတတ်နိုင်တာကို ဆက်သမယ်။ ကောက်နှံမှုန့် တစ်ဧဖာစီအတွက် ဆီတစ်ဟိန် ပါရမယ်။

၈ “‘အကြီးအမှူးက တံခါးမုခ်ဦးကို ဖြတ်ပြီး ဝင်လာရမယ်။ အဲဒီအတိုင်း ပြန်ထွက်သွားရမယ်။+ ၉ ပြည်သူပြည်သားတွေက ပွဲတော်အတွင်းမှာ ယေဟောဝါကို ကိုးကွယ်ဖို့ လာတဲ့အခါ+ မြောက်ဘက်တံခါးကနေ ဝင်လာရင်+ တောင်ဘက်တံခါးကနေ ပြန်ထွက်သွားရမယ်။+ တောင်ဘက်တံခါးကနေ ဝင်လာရင် မြောက်ဘက်တံခါးကနေ ပြန်ထွက်သွားရမယ်။ ဝင်လာတဲ့တံခါးကနေ ပြန်မထွက်သွားရဘူး။ ဝင်လာတဲ့တံခါးရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တံခါးကနေပဲ ပြန်ထွက်သွားရမယ်။ ၁၀ သူတို့ရဲ့အကြီးအမှူးက သူတို့ဝင်လာတဲ့အခါ ဝင်လာပြီး သူတို့ထွက်သွားတဲ့အခါ ပြန်ထွက်သွားရမယ်။ ၁၁ ပွဲတော်တွေနဲ့ ပွဲတော်ရာသီတွေမှာ ကောက်နှံအလှူအဖြစ် နွားထီးပျိုအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးထီးအတွက် ကောက်နှံမှုန့် တစ်ဧဖာ၊ သိုးသငယ်အထီးတွေအတွက် သူတတ်နိုင်တာကို ပေးရမယ်။ ကောက်နှံမှုန့် တစ်ဧဖာစီအတွက် ဆီတစ်ဟိန် ပါရမယ်။+

၁၂ “‘အကြီးအမှူးက အကုန်အစင် မီးရှို့ရာအလှူ+ ဒါမှမဟုတ် မိတ်သဟာယ ပူဇော်သက္ကာတွေကို ယေဟောဝါဆီ စေတနာအလျောက်ပေးတဲ့ အလှူအဖြစ် ပြင်ဆင်မယ်ဆိုရင် အရှေ့ဘက် မျက်နှာမူထားတဲ့ တံခါးကို သူ့အတွက် ဖွင့်ထားရမယ်။ သူက အကုန်အစင် မီးရှို့ရာအလှူနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေကို ဥပုသ်နေ့မှာ ပြင်ဆင်သလို ပြင်ဆင်ရမယ်။+ သူထွက်သွားပြီးတဲ့နောက် တံခါးကို ပြန်ပိတ်ရမယ်။+

၁၃ “‘အနာအဆာမရှိတဲ့ တစ်နှစ်သားအရွယ် သိုးသငယ်အထီးတစ်ကောင်ကို အကုန်အစင် မီးရှို့ရာအလှူအဖြစ် ယေဟောဝါဆီ ပူဇော်ဖို့ နေ့တိုင်း ပြင်ဆင်ရမယ်။+ မနက်တိုင်း အဲဒီလို လုပ်ရမယ်။ ၁၄ အဲဒီသိုးသငယ်အထီးနဲ့အတူ ကောက်နှံအလှူအဖြစ် ကောက်နှံမှုန့် တစ်ဧဖာရဲ့ ခြောက်ပုံတစ်ပုံ၊ ယေဟောဝါဆီ ပူဇော်တဲ့ ပုံမှန်ကောက်နှံအလှူအဖြစ် ဂျုံနုအပေါ် ဖျန်းဖို့ ဆီတစ်ဟိန်ရဲ့ သုံးပုံတစ်ပုံကိုလည်း မနက်တိုင်း ပြင်ဆင်ရမယ်။ ဒါဟာ အမြဲလိုက်နာရမယ့် ဥပဒေပဲ။ ၁၅ သိုးသငယ်အထီး၊ ကောက်နှံအလှူနဲ့ ဆီကို ပုံမှန်ပူဇော်ရမယ့် အကုန်အစင် မီးရှို့ရာအလှူအဖြစ် မနက်တိုင်း ပြင်ဆင်ရမယ်။’

၁၆ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အကြီးအမှူးက သားတွေကို အမွေမြေ လက်ဆောင်ပေးမယ်ဆိုရင် အဲဒီမြေဟာ သားတွေရဲ့ပိုင်ဆိုင်ရာ ဖြစ်လာမယ်။ ဒါဟာ သူတို့ပိုင်ဆိုင်တဲ့ အမွေပဲ။ ၁၇ ဒါပေမဲ့ အကြီးအမှူးက သူ့အမွေမြေထဲကနေ ကျွန်ကို လက်ဆောင်ပေးမယ်ဆိုရင်တော့ ကျွန်က အဲဒီမြေကို လွတ်လပ်ခွင့်ရတဲ့နှစ်* အထိပဲ ပိုင်ဆိုင်ရမယ်။+ ပြီးရင် အကြီးအမှူးကို ပြန်အပ်ရမယ်။ အကြီးအမှူးရဲ့သားတွေကပဲ အမွေမြေကို ထာဝစဉ် ပိုင်ဆိုင်ရမယ်။ ၁၈ အကြီးအမှူးက လူတွေကို အတင်းမောင်းထုတ်ပြီး သူတို့ရဲ့အမွေမြေကို မသိမ်းရဘူး။ သူပိုင်တဲ့မြေထဲကပဲ သားတွေကို အမွေပေးရမယ်။ ဒါမှ ငါ့လူတွေက ကိုယ်ပိုင်မြေကနေ နှင်ထုတ်မခံရတော့မှာ။’”

၁၉ နောက်တော့ အဲဒီလူက ပုရောဟိတ်တွေရဲ့ သန့်ရှင်းတဲ့ စားသောက်ခန်းတွေဆီ သွားတဲ့ တံခါးဘေးက အဝင်လမ်းအတိုင်း+ ကျွန်တော့်ကို ခေါ်လာတယ်။ စားသောက်ခန်းတွေက မြောက်ဘက်ကို မျက်နှာမူထားတယ်။+ အနောက်ဘက်မှာ နေရာတစ်ခုရှိနေတာ တွေ့လိုက်ရတယ်။ ၂၀ ပြီးတော့ သူက ကျွန်တော့်ကို “ပုရောဟိတ်တွေက ဒီနေရာမှာ ဒုစရိုက်ဖြေရာအလှူနဲ့ အပြစ်ဖြေရာအလှူတွေကို ပြုတ်ပြီး ကောက်နှံအလှူကို ဖုတ်ရမယ်။+ သူတို့က အပြင်ရင်ပြင်ကို ဘာမှ မသယ်သွားရဘူး။ သယ်သွားရင် လူတွေဆီ သန့်ရှင်းမြင့်မြတ်မှု ကူးစက်သွားလိမ့်မယ်”+ လို့ပြောတယ်။

၂၁ အဲဒီနောက် သူက ကျွန်တော့်ကို အပြင်ရင်ပြင်ဆီ ခေါ်သွားပြီး ရင်ပြင်ထောင့်လေးထောင့်ကို ဖြတ်ခိုင်းတယ်။ အပြင်ရင်ပြင် ထောင့်တစ်ထောင့်စီမှာ ရင်ပြင်တစ်ခုစီ ရှိတာကို တွေ့လိုက်ရတယ်။ ၂၂ ရင်ပြင်ထောင့်လေးထောင့်မှာ အလျားအတောင်* ၄၀၊ အနံအတောင် ၃၀ ရှိတဲ့ ရင်ပြင်ငယ်တွေ ရှိတယ်။ ရင်ပြင်ငယ် လေးခုစလုံး အရွယ်အစား တူတယ်။ ၂၃ ရင်ပြင်ငယ် လေးခုပတ်လည်မှာ စင်တွေ တပ်ထားတယ်။ အဲဒီစင်တွေအောက်မှာ အသားပြုတ်တဲ့နေရာ လုပ်ထားတယ်။ ၂၄ “ဗိမာန်တော်မှာ အမှုဆောင်သူတွေက လူတွေဆက်သတဲ့ ပူဇော်သက္ကာတွေကို ဒီနေရာမှာ ပြုတ်ရမယ်”+ ဆိုပြီး ကျွန်တော့်ကို သူပြောတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ