ဆာလံ
ဂီတမှူးသို့။ “မဖျက်ဆီးလိုက်ပါနဲ့” တေးသွားအတိုင်း သီဆိုရန်။ ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။ မစ်တမ်။*
၅၈ လူသားတို့၊ မင်းတို့ နှုတ်ဆိတ်နေမှတော့ ဖြောင့်မတ်ခြင်းအကြောင်း ပြောဆိုနိုင်ပါ့မလား။+
ဖြောင့်မှန်စွာ တရားစီရင်နိုင်ပါ့မလား။+
၂ အခုတော့ မင်းတို့ရဲ့စိတ်က မဖြောင့်မတ်တာတွေ ကြံစည်နေတယ်။+
မင်းတို့ရဲ့လက်က တိုင်းပြည်မှာ အကြမ်းဖက်မှု ပျံ့နှံ့စေတယ်။+
၃ လူဆိုးတွေဟာ မွေးကတည်းက လမ်းလွဲနေတာ။
မွေးလာချိန်ကတည်းက ထင်ရာစိုင်းသူတွေ၊ လိမ်ညာသူတွေပဲ။
၄ သူတို့ရဲ့အဆိပ်ဟာ မြွေဆိပ်နဲ့ တူတယ်။+
နားပိတ်ထားတဲ့ မြွေဟောက်လို သူတို့နားပင်းနေတယ်။
၅ အလမ္ပာယ်ဆရာတွေ မန္တန်ရွတ်တဲ့အသံ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ
အဲဒီမြွေဟောက်က နားထောင်မှာ မဟုတ်ဘူး။
၆ အို ဘုရားသခင်၊ သူတို့ရဲ့သွားတွေ ကျွတ်ထွက်သွားအောင် ထိုးပစ်လိုက်ပါ။
ယေဟောဝါဘုရား၊ အဲဒီခြင်္သေ့တွေရဲ့ မေးရိုးကို ရိုက်ချိုးပစ်ပါ။
၇ ခန်းခြောက်သွားတဲ့ရေလို သူတို့ ပျောက်ကွယ်ပါစေ။
ဘုရားက လေးတင်ပြီး မြားတွေပစ်လွှတ်ပါစေ။ သူတို့ ကျရှုံးပါစေ။
၈ တရွေ့ရွေ့သွားရင်းနဲ့ အရည်ပျော်သွားတဲ့ ခရုလို ဖြစ်ပါစေ။
အသေမွေးလာလို့ နေရောင်မမြင်လိုက်ရတဲ့ ကလေးလို ဖြစ်ပါစေ။
၉ မင်းတို့ရဲ့အိုးတွေ ဆူးပင်ရဲ့မီးရှိန်နဲ့ မပူလာခင်ကတည်းက
စိုနေတဲ့ ဆူးတွေကိုရော မီးစွဲနေတဲ့ ဆူးတွေကိုပါ မုန်တိုင်းထဲ လွင့်သွားသလို ဘုရားသခင် လွင့်သွားစေလိမ့်မယ်။+
၁၀ ဖြောင့်မတ်သူတွေက လူဆိုးတွေ လက်စားချေခံရတာကို မြင်ရတဲ့အတွက် ဝမ်းမြောက်လိမ့်မယ်။+
သူတို့ရဲ့ခြေဟာ လူဆိုးတွေရဲ့သွေးနဲ့ စိုရွှဲနေလိမ့်မယ်။+
၁၁ အဲဒီအခါ လူတွေက “ဖြောင့်မတ်သူတွေ တကယ် အကျိုးခံစားရတာပဲ။+
ကမ္ဘာမြေကို တရားစီရင်တဲ့ ဘုရားသခင် တကယ်ရှိတာပဲ”+ လို့ပြောကြလိမ့်မယ်။