ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၂၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • တဲတော် (၁-၃၇)

        • တဲတော်ရွက်ထည် (၁-၁၄)

        • ကျည်းဘောင်များ၊ အောက်ခံခုံများ (၁၅-၃၀)

        • ကန့်လန့်ကာနဲ့ လိုက်ကာ (၃၁-၃၇)

ထွက်မြောက်ရာ ၂၆:၁

ကျမ်းညွှန်းများ

  • +ဟီ ၈:၅; ၉:၉၊ ၁၁
  • +က ၃:၂၄; ဆ ၉၉:၁
  • +ထွ ၃၆:၈-၁၃

ထွက်မြောက်ရာ ၂၆:၂

ကျမ်းညွှန်းများ

  • +တလ ၄:၂၅

ထွက်မြောက်ရာ ၂၆:၆

ကျမ်းညွှန်းများ

  • +ထွ ၃၉:၃၃၊ ၃၄

ထွက်မြောက်ရာ ၂၆:၇

ကျမ်းညွှန်းများ

  • +ထွ ၃၅:၂၆
  • +ထွ ၃၆:၁၄-၁၈

ထွက်မြောက်ရာ ၂၆:၁၄

ကျမ်းညွှန်းများ

  • +ထွ ၃၆:၁၉

ထွက်မြောက်ရာ ၂၆:၁၅

ကျမ်းညွှန်းများ

  • +တလ ၄:၂၉၊ ၃၁
  • +ထွ ၃၆:၂၀-၂၃

ထွက်မြောက်ရာ ၂၆:၁၉

ကျမ်းညွှန်းများ

  • +တလ ၃:၃၆
  • +ထွ ၃၆:၂၄-၂၆

ထွက်မြောက်ရာ ၂၆:၂၂

ကျမ်းညွှန်းများ

  • +ထွ ၃၆:၂၇-၃၀

ထွက်မြောက်ရာ ၂၆:၂၆

ကျမ်းညွှန်းများ

  • +ထွ ၃၆:၃၁-၃၃

ထွက်မြောက်ရာ ၂၆:၂၉

ကျမ်းညွှန်းများ

  • +ထွ ၁၂:၃၅၊ ၃၆; ၃၆:၃၄

ထွက်မြောက်ရာ ၂၆:၃၀

ကျမ်းညွှန်းများ

  • +ထွ ၁၉:၃; ၂၅:၉; တ ၇:၄၄; ဟီ ၈:၅

ထွက်မြောက်ရာ ၂၆:၃၁

ကျမ်းညွှန်းများ

  • +ထွ ၃၆:၃၅၊ ၃၆; လု ၂၃:၄၅; ဟီ ၆:၁၉; ၉:၃; ၁၀:၁၉၊ ၂၀

ထွက်မြောက်ရာ ၂၆:၃၃

ကျမ်းညွှန်းများ

  • +၁ဘု ၈:၆
  • +ထွ ၄၀:၂၂၊ ၂၆
  • +ထွ ၄၀:၂၁; ဝ ၁၆:၂; ၁ဘု ၈:၆; ဟီ ၉:၂-၄၊ ၁၂၊ ၂၄

ထွက်မြောက်ရာ ၂၆:၃၅

ကျမ်းညွှန်းများ

  • +ဝ ၂၄:၂၊ ၃; ၁ဘု ၇:၄၈၊ ၄၉

ထွက်မြောက်ရာ ၂၆:၃၆

ကျမ်းညွှန်းများ

  • +ထွ ၃၆:၃၇၊ ၃၈

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၂၆:၁ဟီ ၈:၅; ၉:၉၊ ၁၁
ထွ. ၂၆:၁က ၃:၂၄; ဆ ၉၉:၁
ထွ. ၂၆:၁ထွ ၃၆:၈-၁၃
ထွ. ၂၆:၂တလ ၄:၂၅
ထွ. ၂၆:၆ထွ ၃၉:၃၃၊ ၃၄
ထွ. ၂၆:၇ထွ ၃၅:၂၆
ထွ. ၂၆:၇ထွ ၃၆:၁၄-၁၈
ထွ. ၂၆:၁၄ထွ ၃၆:၁၉
ထွ. ၂၆:၁၅တလ ၄:၂၉၊ ၃၁
ထွ. ၂၆:၁၅ထွ ၃၆:၂၀-၂၃
ထွ. ၂၆:၁၉တလ ၃:၃၆
ထွ. ၂၆:၁၉ထွ ၃၆:၂၄-၂၆
ထွ. ၂၆:၂၂ထွ ၃၆:၂၇-၃၀
ထွ. ၂၆:၂၆ထွ ၃၆:၃၁-၃၃
ထွ. ၂၆:၂၉ထွ ၁၂:၃၅၊ ၃၆; ၃၆:၃၄
ထွ. ၂၆:၃၀ထွ ၁၉:၃; ၂၅:၉; တ ၇:၄၄; ဟီ ၈:၅
ထွ. ၂၆:၃၁ထွ ၃၆:၃၅၊ ၃၆; လု ၂၃:၄၅; ဟီ ၆:၁၉; ၉:၃; ၁၀:၁၉၊ ၂၀
ထွ. ၂၆:၃၃၁ဘု ၈:၆
ထွ. ၂၆:၃၃ထွ ၄၀:၂၂၊ ၂၆
ထွ. ၂၆:၃၃ထွ ၄၀:၂၁; ဝ ၁၆:၂; ၁ဘု ၈:၆; ဟီ ၉:၂-၄၊ ၁၂၊ ၂၄
ထွ. ၂၆:၃၅ဝ ၂၄:၂၊ ၃; ၁ဘု ၇:၄၈၊ ၄၉
ထွ. ၂၆:၃၆ထွ ၃၆:၃၇၊ ၃၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၂၆:၁-၃၇

ထွက်မြောက်ရာ

၂၆ “တဲတော်အတွက်+ ရွက်ထည်ဆယ်ထည်ကို ချည်ချော၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်နဲ့ ရက်လုပ်ရမယ်။ ရွက်ထည်တွေမှာ ခေရုဗိမ်ပုံတွေပေါ်အောင်+ ပန်းထိုးရမယ်။+ ၂ ရွက်ထည်တစ်ထည်စီဟာ အလျား ၂၈ တောင်၊ အနံ ၄ တောင်ရှိရမယ်။ ရွက်ထည်အားလုံး အတိုင်းအတာ တူရမယ်။+ ၃ ရွက်ထည်ငါးထည်ကို တစ်ထည်တည်း ဖြစ်အောင် တွဲချုပ်ရမယ်။ နောက်ငါးထည်ကိုလည်း တစ်ထည်တည်း ဖြစ်အောင် တွဲချုပ်ရမယ်။ ၄ ကွင်းတွေကို အပြာရောင်ချည်နဲ့လုပ်ပြီး တွဲချုပ်ထားတဲ့ ရွက်ထည်တစ်ထည်ရဲ့ အနားစွန်းမှာ တပ်ရမယ်။ နောက်ရွက်ထည်ရဲ့ အနားစွန်း၊ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာမှာလည်း တပ်ရမယ်။ ၅ ရွက်ထည်တစ်ထည်စီရဲ့ အနားစွန်းမှာတပ်ဖို့ ကွင်း ၅၀ စီ လုပ်ရမယ်။ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာမှာ ကွင်းချင်းဆိုင်နေရမယ်။ ၆ ရွှေချိတ် ၅၀ ကို လုပ်ပြီး ရွက်ထည်နှစ်ထည်ကို တစ်စပ်တည်းဖြစ်အောင် ချိတ်တွေနဲ့ တွဲရမယ်။+

၇ “တဲတော်အမိုးကို ဆိတ်မွေးရွက်ထည်+ ၁၁ ထည်နဲ့ လုပ်ရမယ်။+ ၈ ရွက်ထည်တစ်ထည်စီက အလျား အတောင် ၃၀၊ အနံ ၄ တောင်ရှိရမယ်။ ရွက်ထည် ၁၁ ထည်စလုံး အတိုင်းအတာ တူရမယ်။ ၉ ရွက်ထည်ငါးထည်ကို တစ်စပ်တည်း ဖြစ်အောင်၊ နောက်ခြောက်ထည်ကိုလည်း တစ်စပ်တည်း ဖြစ်အောင် တွဲချုပ်ရမယ်။ ခြောက်ခုမြောက် ရွက်ထည်ကို တဲတော်မျက်နှာစာမှာ ခေါက်တင်ထားရမယ်။ ၁၀ တွဲချုပ်ထားတဲ့ ရွက်ထည်တစ်ထည်ရဲ့ အနားစွန်းမှာ ကွင်း ၅၀ တပ်ရမယ်။ နောက်ရွက်ထည်ရဲ့ အနားစွန်း၊ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာမှာလည်း ကွင်း ၅၀ တပ်ရမယ်။ ၁၁ ကြေးနီချိတ် ၅၀ ကိုလုပ်၊ ကွင်းတွေကို ချိတ်တွေနဲ့ချိတ်ပြီး ရွက်ထည်နှစ်ထည်ကို တစ်စပ်တည်းဖြစ်အောင် တွဲရမယ်။ ၁၂ ရွက်ထည်ရဲ့ ပိုနေတဲ့အပိုင်းကို တဲတော် အနောက်ဘက်မှာ တွဲလောင်းချထားပါ။ ၁၃ မြောက်ဘက်ခြမ်းက ပိုနေတဲ့တစ်တောင်နဲ့ တောင်ဘက်ခြမ်းက ပိုနေတဲ့တစ်တောင်ကို တဲတော်ဖုံးအုပ်ဖို့ ချထားရမယ်။

၁၄ “ဒါ့အပြင် တဲတော်အမိုးကို အနီရောင်ဆိုးထားတဲ့ သိုးထီးသားရေနဲ့ လုပ်ရမယ်။ အဲဒီပေါ်မှာ ဖျံသားရေနဲ့ ထပ်ဖုံးအုပ်ရမယ်။+

၁၅ “တဲတော်နံရံအတွက် ကျည်းဘောင်တွေကို+ ရှားသားနဲ့ လုပ်ရမယ်။+ ၁၆ ကျည်းဘောင်တစ်ခုစီက အမြင့် ၁၀ တောင်၊ အနံ ၁ တောင်ခွဲ ရှိရမယ်။ ၁၇ ကျည်းဘောင်တိုင်းမှာ စရွေးတံနှစ်ခု ယှဉ်လျက်ရှိရမယ်။ ကျည်းဘောင်အားလုံး အဲဒီပုံစံအတိုင်း လုပ်ရမယ်။ ၁၈ တဲတော်ရဲ့ တောင်ဘက်ခြမ်းနံရံအတွက် ကျည်းဘောင် ၂၀ လုပ်ရမယ်။

၁၉ “ကျည်းဘောင် ၂၀ အောက်မှာ ခံဖို့ ငွေအောက်ခံခုံ+ ၄၀ လုပ်ရမယ်။ ကျည်းဘောင်တစ်ခုမှာ စရွေးတံနှစ်ခု၊ အောက်ခံခုံနှစ်ခု ရှိရမယ်။ ကျည်းဘောင်တိုင်းမှာ စရွေးတံနှစ်ခု၊ အောက်ခံခုံနှစ်ခုစီ ရှိရမယ်။+ ၂၀ တဲတော်ရဲ့မြောက်ဘက်ခြမ်းနံရံအတွက် ကျည်းဘောင် ၂၀၊ ၂၁ ငွေအောက်ခံခုံ ၄၀ လုပ်ရမယ်။ ကျည်းဘောင်တစ်ခုမှာ အောက်ခံခုံနှစ်ခု ရှိရမယ်။ ကျည်းဘောင်တိုင်းမှာ အောက်ခံခုံနှစ်ခုစီ ရှိရမယ်။ ၂၂ အနောက်ဘက် တဲတော်နောက်ကျောနံရံအတွက် ကျည်းဘောင်ခြောက်ခု လုပ်ရမယ်။+ ၂၃ တဲတော်နောက်ကျောနံရံရဲ့ ထောင့်နှစ်ထောင့်အတွက် ကျည်းဘောင်နှစ်ခု လုပ်ရမယ်။ ၂၄ အဲဒီကျည်းဘောင်တစ်ခုစီမှာ သစ်သားနှစ်ချပ်က အောက်ခြေကနေ တက်သွားပြီး ထိပ်နားမှာ သွားဆုံရမယ်။ ကျည်းဘောင်နှစ်ခုစလုံးကို ဒီပုံစံအတိုင်း လုပ်ပြီး ဒေါက်တိုင်နှစ်ခုအဖြစ် သုံးရမယ်။ ၂၅ နောက်ကျောနံရံအတွက် ကျည်းဘောင် ၈ ခု၊ ငွေအောက်ခံခုံ ၁၆ ခု ရှိရမယ်။ ကျည်းဘောင်တစ်ခုမှာ အောက်ခံခုံနှစ်ခု ရှိရမယ်။ ကျည်းဘောင်တိုင်းမှာ အောက်ခံခုံနှစ်ခုစီ ရှိရမယ်။

၂၆ “သစ်သားတန်းတွေကို ရှားသားနဲ့ လုပ်ရမယ်။ တဲတော်တောင်ဘက်ခြမ်းနံရံရဲ့ ကျည်းဘောင်တွေကို ချုပ်ဖို့ သစ်သားတန်းငါးခု၊+ ၂၇ မြောက်ဘက်ခြမ်းနံရံရဲ့ ကျည်းဘောင်တွေကို ချုပ်ဖို့ သစ်သားတန်းငါးခု၊ နောက်ကျောဘက် အနောက်နံရံရဲ့ ကျည်းဘောင်တွေကို ချုပ်ဖို့ သစ်သားတန်းငါးခု လုပ်ရမယ်။ ၂၈ ကျည်းဘောင်တွေကို အလယ်ကနေချုပ်မယ့် သစ်သားတန်းက ဟိုဘက်စွန်းကနေ ဒီဘက်စွန်းအထိ တစ်ဆက်တည်းဖြစ်ရမယ်။

၂၉ “ကျည်းဘောင်တွေကို ရွှေချရမယ်။+ သစ်သားတန်းတွေကို ရွှေချရမယ်။ သစ်သားတန်းတွေ လျှိုဖို့ ရွှေကွင်းတွေ လုပ်ရမယ်။ ၃၀ တောင်ပေါ်မှာ မင်းကိုပြတဲ့ပုံစံအတိုင်း တဲတော်ကို ဆောက်လုပ်ရမယ်။+

၃၁ “အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ကန့်လန့်ကာ+ ရက်လုပ်ရမယ်။ ကန့်လန့်ကာမှာ ခေရုဗိမ်ပုံတွေပေါ်အောင် ပန်းထိုးရမယ်။ ၃၂ ရွှေချထားတဲ့ ရှားတိုင် လေးတိုင်ပေါ်မှာ ကန့်လန့်ကာကို ချိတ်ဆွဲရမယ်။ ကန့်လန့်ကာချိတ်တွေကို ရွှေနဲ့လုပ်ရမယ်။ တိုင်လေးတိုင်ကို ငွေအောက်ခံခုံလေးခုပေါ်မှာ ထောင်ရမယ်။ ၃၃ ကန့်လန့်ကာကို ချိတ်တွေနဲ့ ချိတ်ရမယ်။ သက်သေခံချက်သေတ္တာကို ကန့်လန့်ကာအတွင်းဘက်မှာ ထားရမယ်။+ သန့်ရှင်းရာအခန်းနဲ့+ အသန့်ရှင်းဆုံးအခန်းကို+ ကန့်လန့်ကာနဲ့ ကာထားရမယ်။ ၃၄ အသန့်ရှင်းဆုံးအခန်းထဲက သက်သေခံချက်သေတ္တာကို အဖုံးနဲ့ ဖုံးထားရမယ်။

၃၅ “ကန့်လန့်ကာအပြင်ဘက်မှာ စားပွဲကို ထားရမယ်။ စားပွဲကို မြောက်ဘက်ခြမ်း၊ ဆီမီးတိုင်ကို+ စားပွဲနဲ့မျက်နှာချင်းဆိုင်ဖြစ်တဲ့ တဲတော်တောင်ဘက်ခြမ်းမှာ ထားရမယ်။ ၃၆ တဲတော်ဝင်ပေါက်ရဲ့ လိုက်ကာကို အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ရက်လုပ်ရမယ်။+ ၃၇ လိုက်ကာအတွက် ရှားတိုင် ငါးတိုင်လုပ်ပြီး ရွှေချရမယ်။ လိုက်ကာချိတ်တွေကို ရွှေနဲ့လုပ်ရမယ်။ တိုင်တွေအတွက် ကြေးနီအောက်ခံခုံငါးခု သွန်းလုပ်ရမယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ