ဆာလံ
ချီတက်သီချင်း။
၁၂၆ ဇိအုန်မြို့ရဲ့ သုံ့ပန်းတွေကို ယေဟောဝါ ပြန်စုသိမ်းလိုက်တဲ့အခါ+
အိပ်မက်များလားလို့ ငါတို့ ထင်ခဲ့တာ။
၂ အဲဒီတုန်းက ငါတို့ ရယ်မောခဲ့ရတယ်။
ရွှင်လန်းစွာ ကြွေးကြော်ခဲ့ရတယ်။+
“ယေဟောဝါက သူတို့အတွက် ကြီးမြတ်တဲ့အမှုတွေ လုပ်ဆောင်ပေးပြီ”+ လို့
တခြားလူမျိုးတွေ ပြောခဲ့ကြတာ။
၃ ယေဟောဝါက ငါတို့အတွက် ကြီးမြတ်တဲ့အမှုတွေ လုပ်ဆောင်ပေးပြီ။+
ဒါကြောင့် ငါတို့ သိပ်ပျော်တယ်။
၄ အို ယေဟောဝါ၊ နေဂပ်သဲချောင်းတွေမှာ ရေတွေပြန်စီးဆင်းလာသလို
ကျွန်တော်တို့ရဲ့ သုံ့ပန်းတွေကို ပြန်စုသိမ်းပေးပါ။
၅ မျက်ရည်ကျရင်း မျိုးစေ့ကြဲသူတွေဟာ
ရွှင်လန်းစွာ ကြွေးကြော်ရင်း ရိတ်သိမ်းရလိမ့်မယ်။