ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၁၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားသူကြီး မာတိကာ

      • ရှံဆုန် ဂါဇမြို့ကို သွား (၁-၃)

      • ရှံဆုန်နဲ့ ဒေလိလ (၄-၂၂)

      • ရှံဆုန် လက်စားချေပြီးနောက် သေဆုံး (၂၃-၃၁)

တရားသူကြီး ၁၆:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၅၊ စာ. ၂၅

တရားသူကြီး ၁၆:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁၅/၂၀၀၄၊ စာ. ၁၃

တရားသူကြီး ၁၆:၄

ကျမ်းညွှန်းများ

  • +သူ ၁၆:၁၈

တရားသူကြီး ၁၆:၅

ကျမ်းညွှန်းများ

  • +သူ ၁၄:၁၅

တရားသူကြီး ၁၆:၉

ကျမ်းညွှန်းများ

  • +သူ ၁၅:၁၄

တရားသူကြီး ၁၆:၁၂

ကျမ်းညွှန်းများ

  • +သူ ၁၆:၉

တရားသူကြီး ၁၆:၁၃

ကျမ်းညွှန်းများ

  • +သူ ၁၆:၇၊ ၁၁

တရားသူကြီး ၁၆:၁၅

ကျမ်းညွှန်းများ

  • +သူ ၁၄:၁၆
  • +သူ ၁၆:၇၊ ၁၁၊ ၁၃

တရားသူကြီး ၁၆:၁၆

ကျမ်းညွှန်းများ

  • +သူ ၁၄:၁၇

တရားသူကြီး ၁၆:၁၇

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

ကျမ်းညွှန်းများ

  • +တလ ၆:၅; သူ ၁၃:၅၊ ၇

တရားသူကြီး ၁၆:၁၈

ကျမ်းညွှန်းများ

  • +သူ ၁၆:၅

တရားသူကြီး ၁၆:၂၀

ကျမ်းညွှန်းများ

  • +သူ ၁၆:၉၊ ၁၂၊ ၁၄

တရားသူကြီး ၁၆:၂၂

ကျမ်းညွှန်းများ

  • +သူ ၁၃:၅

တရားသူကြီး ၁၆:၂၃

ကျမ်းညွှန်းများ

  • +၁ရှ ၅:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၃၊ စာ. ၂၅

တရားသူကြီး ၁၆:၂၄

ကျမ်းညွှန်းများ

  • +သူ ၁၅:၄၊ ၅
  • +သူ ၁၅:၇၊ ၈၊ ၁၅၊ ၁၆

တရားသူကြီး ၁၆:၂၈

ကျမ်းညွှန်းများ

  • +ဟီ ၁၁:၃၂
  • +သူ ၁၄:၅၊ ၆၊ ၁၉; ၁၅:၁၄
  • +သူ ၁၆:၂၁

တရားသူကြီး ၁၆:၃၀

ကျမ်းညွှန်းများ

  • +သူ ၁၆:၂၇
  • +သူ ၁၄:၁၉; ၁၅:၇၊ ၈၊ ၁၅၊ ၁၆

တရားသူကြီး ၁၆:၃၁

ကျမ်းညွှန်းများ

  • +သူ ၁၃:၂
  • +သူ ၁၃:၈
  • +သူ ၂:၁၆; ၁၅:၂၀

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

သူကြီး. ၁၆:၄သူ ၁၆:၁၈
သူကြီး. ၁၆:၅သူ ၁၄:၁၅
သူကြီး. ၁၆:၉သူ ၁၅:၁၄
သူကြီး. ၁၆:၁၂သူ ၁၆:၉
သူကြီး. ၁၆:၁၃သူ ၁၆:၇၊ ၁၁
သူကြီး. ၁၆:၁၅သူ ၁၄:၁၆
သူကြီး. ၁၆:၁၅သူ ၁၆:၇၊ ၁၁၊ ၁၃
သူကြီး. ၁၆:၁၆သူ ၁၄:၁၇
သူကြီး. ၁၆:၁၇တလ ၆:၅; သူ ၁၃:၅၊ ၇
သူကြီး. ၁၆:၁၈သူ ၁၆:၅
သူကြီး. ၁၆:၂၀သူ ၁၆:၉၊ ၁၂၊ ၁၄
သူကြီး. ၁၆:၂၂သူ ၁၃:၅
သူကြီး. ၁၆:၂၃၁ရှ ၅:၄
သူကြီး. ၁၆:၂၄သူ ၁၅:၄၊ ၅
သူကြီး. ၁၆:၂၄သူ ၁၅:၇၊ ၈၊ ၁၅၊ ၁၆
သူကြီး. ၁၆:၂၈ဟီ ၁၁:၃၂
သူကြီး. ၁၆:၂၈သူ ၁၄:၅၊ ၆၊ ၁၉; ၁၅:၁၄
သူကြီး. ၁၆:၂၈သူ ၁၆:၂၁
သူကြီး. ၁၆:၃၀သူ ၁၆:၂၇
သူကြီး. ၁၆:၃၀သူ ၁၄:၁၉; ၁၅:၇၊ ၈၊ ၁၅၊ ၁၆
သူကြီး. ၁၆:၃၁သူ ၁၃:၂
သူကြီး. ၁၆:၃၁သူ ၁၃:၈
သူကြီး. ၁၆:၃၁သူ ၂:၁၆; ၁၅:၂၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားသူကြီး ၁၆:၁-၃၁

တရားသူကြီး

၁၆ တစ်နေ့မှာ ရှံဆုန်က ဂါဇာမြို့ကိုသွားတဲ့အခါ ပြည့်တန်ဆာတစ်ယောက်ကို တွေ့တော့ သူ့အိမ်ကို လိုက်သွားတယ်။ ၂ ဂါဇာမြို့သားတွေက “ရှံဆုန် ဒီကိုရောက်နေပြီ” ဆိုတဲ့ သတင်းကိုရတော့ မြို့တံခါးမှာ တစ်ညလုံး  စောင့်ပြီး ဝိုင်းထားတယ်။ “မနက်ကျရင်  သူ့ကိုသတ်ပစ်မယ်”  ဆိုပြီး တစ်ညလုံး  ချောင်းမြောင်းစောင့်နေကြတယ်။

၃ ရှံဆုန်ကတော့ သန်းခေါင်အထိ အဲဒီမှာအိပ်နေတယ်။ သန်းခေါင်ရောက်မှ ထသွားပြီး မြို့တံခါးကို တံခါးတိုင်ရော ကန့်လန့်ကျင်ပါမကျန် ဆွဲနုတ်လိုက်တယ်။ ပြီးတော့ ဟေဗြုန်မြို့နဲ့ မျက်နှာချင်းဆိုင်  တောင်ထိပ်ပေါ်ကို  ထမ်းသွားတယ်။

၄ နောက်ပိုင်းမှာ ရှံဆုန်က စောရက်သဲချောင်းမှာ နေထိုင်သူ ဒေလိလလို့ခေါ်တဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်ပြန်တယ်။+ ၅ ဒါကြောင့် ဖိလိတိမင်းတွေက ဒေလိလဆီ လာပြီး “ဒီလူ ဘာကြောင့် ဒီလောက်ခွန်အားကြီးတာလဲ၊ သူ့ကို ဘယ်လိုအနိုင်ယူနိုင်မလဲ၊ ဘာနဲ့ချည်နှောင်ရမလဲဆိုတာသိအောင် ဉာဏ်ဆင်ပြီး မေးကြည့်စမ်း။+ ငါတို့အားလုံး မင်းကို ငွေစ ၁,၁၀၀ စီပေးမယ်” လို့ပြောတယ်။

၆ ဒါနဲ့ ဒေလိလက “ကျွန်မကို ပြောပြပါဦး။ ရှင် ဘာလို့ ဒီလောက်ခွန်အားကြီးတာလဲ။ ရှင့်ကိုအနိုင်ရချင်ရင် ဘာနဲ့ချည်နှောင်ရမလဲ”  လို့မေးတော့၊ ၇ ရှံဆုန်က  “မခြောက်သေးတဲ့  လေးကြိုးအသစ် ခုနစ်ချောင်းနဲ့ ချည်နှောင်မယ်ဆိုရင် ငါ့ခွန်အားတွေလျော့ပြီး သာမန်လူလိုပဲ  ဖြစ်သွားလိမ့်မယ်”  လို့ပြန်ဖြေတယ်။ ၈ ဒါနဲ့ ဖိလိတိမင်းတွေက မခြောက်သေးတဲ့ လေးကြိုးအသစ်ခုနစ်ချောင်း ယူလာပေးတော့ ဒေလိလက ရှံဆုန်ကို ချည်နှောင်လိုက်တယ်။ ၉ အတွင်းခန်းထဲမှာတော့  လူတချို့ ချောင်းမြောင်းစောင့်နေတယ်။ ဒေလိလက “ရှံဆုန်၊ ဖိလိတိလူတွေ လာနေပြီ” လို့အော်ပြောတဲ့အခါ ရှံဆုန်က ချည်ထားတဲ့လေးကြိုးတွေကို ဖြတ်ပစ်တယ်။ လျှော်ကြိုး မီးထိပြီး ပြတ်သွားသလို လေးကြိုးတွေ ပြတ်ထွက်ကုန်တယ်။+ သူ့ခွန်အားရဲ့ လျှို့ဝှက်ချက်ကို မသိလိုက်ရဘူး။

၁၀ အဲဒီအခါ ဒေလိလက “ရှင်က အမှန်အတိုင်း မပြောဘဲ ကျွန်မကို အရူးလုပ်နေတာပဲ။ ရှင့်ကို ဘာနဲ့ချည်နှောင်ရမလဲ ပြောပြပါဦး” လို့မေးပြန်တော့၊ ၁၁ ရှံဆုန်က “မသုံးရသေးတဲ့ ကြိုးသစ်တွေနဲ့ ငါ့ကိုချည်နှောင်မယ်ဆိုရင် ငါ့ခွန်အားတွေလျော့ပြီး သာမန်လူလို ဖြစ်သွားလိမ့်မယ်” လို့ဖြေတယ်။ ၁၂ ဒါနဲ့ ဒေလိလက သူ့ကို ကြိုးသစ်တွေနဲ့ ချည်နှောင်ပြီး “ရှံဆုန်၊ ဖိလိတိလူတွေ လာနေပြီ” လို့အော်ပြောတယ်။ (အဲဒီအချိန်မှာ လူတချို့ အတွင်းခန်းထဲကနေ ချောင်းမြောင်းနေတယ်။) ရှံဆုန်ကတော့ လက်ကိုချည်ထားတဲ့ ကြိုးတွေကို ချည်မျှင်ဖြတ်သလို ဖြတ်ပစ်လိုက်တယ်။+

၁၃ ဒေလိလက  “ရှင်က  အမှန်အတိုင်း မပြောဘဲ ကျွန်မကို အရူးလုပ်နေတုန်းပါလား။+ ဒီတစ်ခါတော့ ပြောပြပါနော်။ ရှင့်ကို ဘာနဲ့ချည်နှောင်ရမလဲ” လို့ မေးတယ်။ ရှံဆုန်က “ငါ့ရဲ့ကျစ်ဆံမြီး ခုနစ်ချောင်းကို တိုင်ချည်နဲ့ရောပြီး ရက်မယ်ဆိုရင် ငါ့ခွန်အားလျော့သွားလိမ့်မယ်”  လို့ဖြေတယ်။ ၁၄ ဒေလိလလည်း ရှံဆုန်ရဲ့ ဆံပင်တွေကို ရက်ကန်းထဲ လက်ခတ်နဲ့ ရိုက်သွင်းပြီးနောက် “ရှံဆုန်၊ ဖိလိတိလူတွေ လာနေပြီ” လို့အော်ပြောတယ်။ ရှံဆုန် နိုးလာတဲ့အခါ လက်ခတ်ရော ချည်တွေပါ ပြုတ်ထွက်ပြီး ပါသွားတယ်။

၁၅ ဒီတစ်ခါလည်း  ဒေလိလက “ကျွန်မကို မယုံဘဲနဲ့များ ချစ်တယ်လို့ ပြောနေရသေးလား။+ ကျွန်မကို သုံးခါစလုံး ရှင် အရူးလုပ်ခဲ့တာပဲ။ ရှင် ဘာလို့ ဒီလောက်ခွန်အားကြီးတာလဲ၊ အခုထိ မပြောပြသေးဘူး”+ လို့ပြောပြန်တယ်။ ၁၆ ဒေလိလက နေ့တိုင်း တကျည်ကျည်နဲ့ ပူဆာနေတော့ သူလည်း သေချင်စိတ်ပေါက်တဲ့အထိ စိတ်ညစ်လာတယ်။+ ၁၇ နောက်ဆုံးတော့ သူက “ငါဟာ မွေးကတည်းက ဘုရားသခင်ရဲ့ နာဇရိလူ* ဖြစ်တဲ့အတွက်+ တစ်ခါမှ ဆံပင်မရိတ်ဖူးသေးဘူး။ ဆံပင်ရိတ်လိုက်ရင် ငါ့ခွန်အားတွေလျော့ပြီး တခြားလူတွေလို ဖြစ်သွားမယ်” ဆိုပြီး စိတ်ထဲရှိသမျှ ဖွင့်ပြောလိုက်တယ်။

၁၈ ရှံဆုန်က စိတ်ထဲရှိသမျှ ဖွင့်ပြောနေမှန်း  ဒေလိလ  ရိပ်မိသွားတော့ ဖိလိတိမင်းတွေဆီ လူလွှတ်ပြီး+ “ဒီတစ်ခေါက် ဆက်ဆက်လာခဲ့ကြပါ။ စိတ်ထဲရှိသမျှ  သူဖွင့်ပြောပြီ”  လို့ သတင်းပါးလိုက်တယ်။ ဖိလိတိမင်းတွေလည်း ငွေကို တစ်ပါတည်းယူပြီး ရောက်လာကြတယ်။ ၁၉ ဒေလိလက ရှံဆုန်ကို ပေါင်ပေါ် အိပ်ခိုင်းလိုက်တယ်။ အဲဒီနောက် လူတစ်ယောက်ကိုခေါ်ပြီး ရှံဆုန်ရဲ့ ကျစ်ဆံမြီးခုနစ်ချောင်းကို ညှပ်ခိုင်းတယ်။ ရှံဆုန်ရဲ့ ခွန်အားတွေ လျော့သွားပြီဖြစ်လို့ ဒေလိလ အနိုင်ယူတော့တာပဲ။ ၂၀ ဒေလိလက “ရှံဆုန်၊ ဖိလိတိတွေ လာနေပြီ” လို့အော်ပြောတဲ့အခါ ရှံဆုန်လည်း နိုးလာပြီး “အရင်လိုပဲ လွတ်အောင်ရုန်းမယ်”+ လို့ပြောတယ်။ ဒါပေမဲ့ သူ့ကို ယေဟောဝါစွန့်သွားမှန်း သူ မသိလိုက်ဘူး။ ၂၁ ဖိလိတိတွေက သူ့ကိုဖမ်း၊ မျက်စိဖောက်ထုတ်ပြီး ဂါဇာမြို့ဆီ ခေါ်သွားတယ်။ ကြေးနီခြေကျဉ်းတွေခတ်ပြီး ထောင်ချလိုက်တယ်။ သူက ထောင်ထဲမှာ ကောက်နှံကြိတ်တဲ့ အလုပ်ကို လုပ်ရတယ်။ ၂၂ ညှပ်ထားတဲ့ သူ့ဆံပင်တွေလည်း ပြန်ရှည်လာတယ်။+

၂၃ ဖိလိတိမင်းတွေက “ငါတို့ဘုရားက ရန်သူရှံဆုန်ကို ငါတို့လက်ထဲအပ်ပြီ” ဆိုပြီး သူတို့ရဲ့ဘုရား ဒါဂုန်ကို+ ဂုဏ်ပြုတဲ့အနေနဲ့ ယဇ်ပူဇော်ပွဲကြီးလုပ်ဖို့ စုရုံးကြတယ်။ ၂၄ လူတွေက ရှံဆုန်ကိုမြင်တာနဲ့ “ငါတို့ပြည်ကို ဖျက်ဆီးပြီး+ ငါတို့လူအများကြီးကို သတ်ခဲ့တဲ့ရန်သူကို+ ဘုရားက ငါတို့လက်ထဲအပ်ပြီ” ဆိုပြီး သူတို့ဘုရားကို ချီးမွမ်းပြောဆိုကြတယ်။

၂၅ ဖိလိတိတွေ ပျော်မြူးပြီး “ငါတို့ကိုဖျော်ဖြေဖို့ ရှံဆုန်ကို ခေါ်လာခဲ့” လို့ပြောကြတယ်။ ဒါနဲ့ သူတို့ကိုဖျော်ဖြေဖို့ ရှံဆုန်ကို ထောင်ထဲကနေ ခေါ်ထုတ်လာပြီး တိုင်တွေကြားမှာ ရပ်ခိုင်းတယ်။ ၂၆ ရှံဆုန်က သူ့ကိုလက်တွဲခေါ်လာတဲ့ ကောင်လေးကို “ဒီအဆောက်အအုံရဲ့ တိုင်မကြီးတွေဆီ ငါ့ကို ခေါ်သွားပေးပါ။  ငါမှီချင်လို့”  ဆိုပြီးပြောတယ်။ ၂၇ (အဆောက်အအုံထဲမှာ  ဖိလိတိမင်းအားလုံးအပြင်  အမျိုးသားအမျိုးသမီးတွေ အပြည့်ပဲ။ အမိုးပေါ်မှာလည်း ရှံဆုန်ဖျော်ဖြေတာကို ကြည့်နေတဲ့လူ ၃,၀၀၀ လောက်ရှိတယ်။)

၂၈ အဲဒီအခါ  ရှံဆုန်က+  ယေဟောဝါကို “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါဘုရား၊ ကျွန်တော့်ကို သတိရလှည့်ပါ။ ဒီတစ်ခါပဲ ခွန်အားပေးလှည့်ပါ။+ ဘုရားသခင်၊ ကျွန်တော့်မျက်လုံး တစ်လုံးစာအတွက်တော့ ဖိလိတိလူတွေကို လက်စားချေပါရစေ”+ ဆိုပြီးဆုတောင်းတယ်။

၂၉ အဲဒီနောက်  ရှံဆုန်က  အဆောက်အအုံရဲ့ အလယ်တိုင်မကြီး နှစ်တိုင်ကို ဘယ်လက်နဲ့တစ်တိုင်၊ ညာလက်နဲ့တစ်တိုင် အားပြုပြီး မှီလိုက်တယ်။ ၃၀ “ဖိလိတိလူတွေနဲ့အတူ ကျွန်တော်သေပါရစေ” လို့အော်ပြောပြီးနောက် တိုင်မကြီးတွေကို အားစိုက်ပြီး တွန်းလိုက်တဲ့အခါ အဆောက်အအုံက ဖိလိတိမင်းတွေနဲ့ လူတွေအပေါ် ပြိုကျသွားတယ်။+ ကိုယ်တိုင်အသေခံပြီး သတ်လိုက်တဲ့ လူအရေအတွက်ဟာ သူအသက်ရှင်တုန်းမှာ သတ်ခဲ့တာထက် ပိုများတယ်။+

၃၁ ရှံဆုန်ရဲ့ညီအစ်ကိုတွေနဲ့ ဖခင်ရဲ့အိမ်သားတွေ ဆင်းလာပြီး အလောင်းကို သယ်သွားကြတယ်။ ဇောရာမြို့နဲ့+ ဧရှတောလမြို့ကြားက သူ့ဖခင်မာနော်ရဲ့+ သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်လိုက်တယ်။ ရှံဆုန်ဟာ အစ္စရေးတွေကို အနှစ် ၂၀ စီရင်အုပ်ချုပ်ခဲ့တယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ