ဆာလံ
א
ג
၂ သူ့သားမြေးတွေ ကမ္ဘာပေါ်မှာ တန်ခိုးသြဇာ ကြီးလိမ့်မယ်။
ד
စိတ်ရိုးဖြောင့်သူရဲ့ မျိုးဆက်ဟာ ကောင်းချီးခံစားရလိမ့်မယ်။+
ה
ז
၄ သူဟာ စိတ်ရိုးဖြောင့်သူအတွက် အမှောင်ထဲက အလင်းတန်းလိုပါပဲ။+
ח
သနားစာနာတတ်ပြီး ကရုဏာရှိတယ်။+ ဖြောင့်မတ်တယ်။
ט
၅ ရက်ရက်ရောရော ချေးငှားပေးတဲ့သူဟာ ကောင်းစားတတ်တယ်။+
י
ကိစ္စဝိစ္စတွေကို တရားသဖြင့် သူ လုပ်ဆောင်တတ်တယ်။
כ
၆ သူ ဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။+
ל
ဖြောင့်မတ်သူကို ထာဝစဉ် သတိရနေကြလိမ့်မယ်။+
מ
၇ သတင်းဆိုးတွေကို သူမကြောက်ဘူး။+
נ
သူ့စိတ်ဟာ မယိမ်းယိုင်ဘဲ ယေဟောဝါကို ယုံကြည်ကိုးစားတယ်။+
ס
၈ သူဟာ စိတ်ဓာတ်ကြံ့ခိုင်တယ်။ မကြောက်တတ်ဘူး။+
ע
နောက်ဆုံးမှာ ရန်သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ကြည့်ရလိမ့်မယ်။+
פ
၉ သူဟာ ရက်ရက်ရောရော ဝေမျှတယ်။ နွမ်းပါးသူတွေကို ပေးကမ်းစွန့်ကြဲတယ်။+
צ
သူ့ရဲ့ဖြောင့်မတ်မှုဟာ ထာဝစဉ် တည်မြဲတယ်။+
ק
သူ့ရဲ့အစွမ်းခွန်အားဟာ* ဂုဏ်ကျက်သရေ အပြည့်နဲ့ တိုးပွားလိမ့်မယ်။
ר
၁၀ အဲဒါကိုမြင်ပြီး လူဆိုးက စိတ်ပျက်လိမ့်မယ်။
ש
အံကြိတ်ခံပြင်းရင်း နောက်ဆုံးမှာ ပျောက်ကွယ်သွားရလိမ့်မယ်။
ת
သူ့ရဲ့အလိုဆန္ဒလည်း ပျက်စီးသွားလိမ့်မယ်။+