ထွက်မြောက်ရာ
၁၃ ယေဟောဝါက မောရှေကို၊ ၂ “အစ္စရေးသားဦးမှန်သမျှ ငါ့အတွက် သီးသန့်ဖယ်ထားပါ။ လူနဲ့တိရစ္ဆာန် သားဦးမှန်သမျှကို ငါပိုင်တယ်”+ လို့ပြောတယ်။
၃ မောရှေလည်း လူတွေကို ပြောတယ်– “ကျွန်ခံခဲ့တဲ့ အီဂျစ်ပြည်ကနေ ထွက်လာတဲ့ ဒီနေ့ကို သတိရကြပါ။+ ယေဟောဝါဘုရားက ခင်ဗျားတို့ကို အားကြီးတဲ့လက်နဲ့ ခေါ်ထုတ်ခဲ့တယ်။+ တဆေးပါတဲ့မုန့်ကို မစားရဘူး။ ၄ အဗိဗလ၊*+ ဒီနေ့မှာ ခင်ဗျားတို့ ထွက်လာကြတယ်။ ၅ ခင်ဗျားတို့ကိုပေးမယ်လို့ ဘိုးဘေးတွေကို ကတိပေးခဲ့တဲ့ပြည်၊+ ခါနန်၊ ဟိတ္တိ၊ အာမောရိ၊ ဟိဝိ၊ ယေဗုသိလူမျိုးတို့+ နေထိုင်တဲ့ နို့နဲ့ပျားရည်စီးတဲ့ပြည်ထဲ+ ယေဟောဝါ ခေါ်သွားတဲ့အခါ ဒီလရောက်တိုင်း ပသခါပွဲ ကျင်းပရမယ်။ ၆ ခုနစ်ရက်လုံး တဆေးမဲ့မုန့်ကို စားရမယ်။+ ခုနစ်ရက်မြောက်နေ့ဟာ ယေဟောဝါအတွက် ပွဲတော်နေ့ပဲ။ ၇ ခုနစ်ရက်လုံး တဆေးမဲ့မုန့်ကို စားရမယ်။+ တဆေးပါတဲ့မုန့် လုံးဝ မထားရဘူး။+ ခင်ဗျားတို့နယ်မြေတစ်ခုလုံးမှာ တဆေးလုံးဝမရှိရဘူး။ ၈ ကိုယ့်သားကိုလည်း ‘အီဂျစ်ပြည်ကနေ ထွက်လာတုန်းက အဖေတို့အတွက် ယေဟောဝါဘုရား လုပ်ပေးခဲ့တာတွေကြောင့် ဒီပွဲကိုလုပ်တာ’ ဆိုပြီး အဲဒီနေ့မှာပြောပြရမယ်။+ ၉ ယေဟောဝါက ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ အားကြီးတဲ့လက်နဲ့ ခေါ်ထုတ်ခဲ့တဲ့အတွက် ယေဟောဝါရဲ့ ပညတ်အကြောင်း ခင်ဗျားတို့ အမြဲပြောဆိုနိုင်ဖို့ ဒီပွဲတော်ဟာ လက်ပေါ်က အမှတ်အသား၊ နဖူးပေါ်က နဖူးစည်းလို အမှတ်ရစေမယ်။+ ၁၀ နှစ်တိုင်း သတ်မှတ်ထားချိန်ရောက်ရင် ဒီဥပဒေကို လိုက်နာရမယ်။+
၁၁ “ယေဟောဝါဘုရားက ခင်ဗျားတို့ကိုပေးဖို့ ခင်ဗျားတို့နဲ့ ဘိုးဘေးတွေကို ကတိပေးထားတဲ့ ခါနန်ပြည်ထဲ ခေါ်ဆောင်သွားတဲ့အခါ၊+ ၁၂ လူနဲ့တိရစ္ဆာန် သားဦးမှန်သမျှကို ယေဟောဝါအတွက် ပေးလှူရမယ်။ သူတို့ကို ယေဟောဝါပိုင်တယ်။+ ၁၃ ဦးဆုံးမွေးတဲ့ မြည်းမှန်သမျှကို သိုးနဲ့ ရွေးယူရမယ်။ မရွေးရင် မြည်းရဲ့လည်ပင်းကို ချိုးပစ်ရမယ်။ ခင်ဗျားတို့ရဲ့ သားဦးမှန်သမျှကိုလည်း ပြန်ရွေးယူရမယ်။+
၁၄ “နောက်ပိုင်းမှာ သားဖြစ်သူက ‘ဘာလို့ ဒီလိုလုပ်တာလဲ’ လို့မေးလာရင် ‘ယေဟောဝါဘုရားက အဖေတို့ကို ကျွန်ခံခဲ့တဲ့ အီဂျစ်ပြည်ကနေ အားကြီးတဲ့လက်နဲ့ ခေါ်ထုတ်ခဲ့တယ်။+ ၁၅ ဖာရောမင်းက ခေါင်းမာမာနဲ့ မလွှတ်ပေးဘဲနေတဲ့အခါ+ အီဂျစ်ပြည်မှာရှိတဲ့ လူနဲ့တိရစ္ဆာန် သားဦးမှန်သမျှကို ယေဟောဝါ သေဒဏ်စီရင်ခဲ့တယ်။+ ဒါကြောင့် အဖေတို့က တိရစ္ဆာန်သားဦးမှန်သမျှကို ယေဟောဝါဆီ ပူဇော်တယ်။ ကိုယ့်သားဦးကို ပြန်ရွေးယူတယ်’ လို့ဖြေရမယ်။ ၁၆ ယေဟောဝါက ကျွန်တော်တို့ကို အီဂျစ်ပြည်ကနေ အားကြီးတဲ့လက်နဲ့ ခေါ်ထုတ်ခဲ့တဲ့အတွက် ဒီပွဲတော်ဟာ လက်ပေါ်က အမှတ်အသား၊ နဖူးပေါ်က နဖူးစည်းလို အမှတ်ရစေမယ်။”+
၁၇ လူတွေကို ဖာရောမင်း လွှတ်ပေးလိုက်တဲ့အခါ ဖိလိတိပြည်ကို ဖြတ်သွားတဲ့လမ်းဟာ ပိုနီးပေမဲ့ ဘုရားသခင်က “စစ်ပွဲနဲ့ကြုံခဲ့ရင် ဒီလူတွေ စိတ်ပြောင်းပြီး အီဂျစ်ပြည်ကို ပြန်သွားကြမှာပဲ” ဆိုပြီး အဲဒီလမ်းကနေ မခေါ်သွားဘူး။ ၁၈ ဘုရားသခင်က ပင်လယ်နီအနား တောလမ်းအတိုင်းပတ်ပြီး ခေါ်သွားတယ်။+ အစ္စရေးတွေလည်း အီဂျစ်ပြည်ကနေ တပ်ဖွဲ့ပုံစံနဲ့ စနစ်တကျ ထွက်လာကြတယ်။ ၁၉ ယောသပ်က “မင်းတို့ကို ဘုရားသခင် တကယ်သတိရလိမ့်မယ်။ အဲဒီအခါကျရင် ငါ့အရိုးတွေကို ဒီနေရာကနေ သယ်သွားပါ” ဆိုပြီး အစ္စရေးလူတွေကို သစ္စာဆိုခိုင်းထားတဲ့အတွက် မောရှေက ယောသပ်ရဲ့အရိုးတွေကိုပါ သယ်သွားတယ်။+ ၂၀ အဲဒီနောက် သုကုတ်အရပ်ကနေ သူတို့ထွက်ခွာပြီး တောစပ်နားက ဧသံအရပ်မှာ စခန်းချကြတယ်။
၂၁ ယေဟောဝါက သူတို့ကို ဦးဆောင်သွားတယ်။ နေ့အချိန်မှာ မိုးတိမ်တိုင်နဲ့ လမ်းပြပြီး+ ညအချိန်မှာ မီးတိုင်နဲ့ အလင်းပေးတဲ့အတွက် နေ့ရောညပါ ခရီးဆက်နိုင်ကြတယ်။+ ၂၂ နေ့အချိန်မှာ မိုးတိမ်တိုင်၊ ညအချိန်မှာ မီးတိုင်က သူတို့ရှေ့မှာ အမြဲရှိနေတယ်။+