သား အဗရှလုံကြောင့် ထွက်ပြေးရချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+
၃ ယေဟောဝါဘုရား၊ ကျွန်တော့်ရန်သူတွေ ဘာလို့ ဒီလောက်များရတာလဲ။+
ပုန်ကန်ထကြွသူတွေ ဘာလို့ ဒီလောက်များရတာလဲ။+
၂ “သူ့ကို ဘုရားသခင်ကယ်မှာ မဟုတ်ဘူး”+ ဆိုပြီး
ကျွန်တော့်အကြောင်း ပြောနေကြတယ်။ (စဲလာ)
၃ ယေဟောဝါ၊ တကယ်တော့ ကိုယ်တော်ဟာ ကျွန်တော့် ဒိုင်းလွှား၊+
ကျွန်တော့် ဂုဏ်ကျက်သရေ၊+ ကျွန်တော့်ကို ခေါင်းမော့စေတဲ့ အရှင်ပါ။+
၄ ယေဟောဝါကို ငါအော်ခေါ်မယ်။
သန့်ရှင်းတဲ့တောင်ပေါ်ကနေ ဘုရားပြန်ထူးမှာပဲ။+ (စဲလာ)
၅ ငါလဲလျောင်းပြီး အိပ်စက်တော့မယ်။
ယေဟောဝါရဲ့ အကူအညီနဲ့
ဘေးမသီရန်မခ နိုးထလာလိမ့်မယ်။+
၆ ငါ့ကိုတိုက်ခိုက်ဖို့ လူထောင်သောင်းမက
ဝိုင်းရံနေပေမဲ့ ငါမကြောက်ဘူး။+
၇ ယေဟောဝါဘုရား၊ ထတော်မူပါ။ ကျွန်တော့်ဘုရားသခင်၊ ကယ်ပါဦး။+
ရန်သူတွေရဲ့ မေးရိုးကို ရိုက်ချိုးပေးပါ။
လူဆိုးတွေရဲ့ သွားကို ချိုးပေးပါ။+
၈ ယေဟောဝါဘုရား၊ ကိုယ်တော်သာ ကယ်တင်ရှင်ပါ။+
လူမျိုးတော်အပေါ် ကောင်းချီးသက်ရောက်ပါစေ။ (စဲလာ)