ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၃၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ထွက်မြောက်ရာ မာတိကာ

      • ရွှေနွားငယ်ရုပ်ကို ကိုးကွယ်ကြ (၁-၃၅)

        • ထူးဆန်းတဲ့သီချင်းသံကို မောရှေကြား (၁၇၊ ၁၈)

        • ပညတ်တော်ကျောက်ပြားတွေကို မောရှေ ပစ်ခွဲ (၁၉)

        • လေဝိသားတွေ ယေဟောဝါအပေါ် သစ္စာစောင့် (၂၆-၂၉)

ထွက်မြောက်ရာ ၃၂:၁

ကျမ်းညွှန်းများ

  • +ထွ ၂၄:၁၈; တရ ၉:၉
  • +တ ၇:၄၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁၅/၂၀၀၉၊ စာ. ၁၁

ထွက်မြောက်ရာ ၃၂:၂

ကျမ်းညွှန်းများ

  • +ထွ ၁၂:၃၅၊ ၃၆

ထွက်မြောက်ရာ ၃၂:၄

ကျမ်းညွှန်းများ

  • +တရ ၉:၁၆; ရှာ ၄၆:၆; တ ၇:၄၁
  • +ထွ ၂၀:၄; နေ ၉:၁၈; ဆ ၁၀၆:၁၉၊ ၂၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၄၄

ထွက်မြောက်ရာ ၃၂:၆

ကျမ်းညွှန်းများ

  • +၁က ၁၀:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁/၁၉၉၅၊ စာ. ၁၆

ထွက်မြောက်ရာ ၃၂:၇

ကျမ်းညွှန်းများ

  • +တရ ၄:၁၅-၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၄၄

ထွက်မြောက်ရာ ၃၂:၈

ကျမ်းညွှန်းများ

  • +ထွ ၁၈:၂၀; ၂၀:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၄၄

ထွက်မြောက်ရာ ၃၂:၉

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “လည်ပင်းခိုင်မာမှန်း။”

ကျမ်းညွှန်းများ

  • +ထွ ၃၄:၉; တရ ၉:၆; တ ၇:၅၁

ထွက်မြောက်ရာ ၃၂:၁၀

ကျမ်းညွှန်းများ

  • +တလ ၁၄:၁၂; တရ ၉:၁၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁၅/၂၀၁၀၊ စာ. ၅-၆

ထွက်မြောက်ရာ ၃၂:၁၁

ကျမ်းညွှန်းများ

  • +ဆ ၁၀၆:၂၃
  • +တရ ၉:၁၈၊ ၁၉

ထွက်မြောက်ရာ ၃၂:၁၂

ကျမ်းညွှန်းများ

  • +တရ ၉:၂၈

ထွက်မြောက်ရာ ၃၂:၁၃

ကျမ်းညွှန်းများ

  • +က ၂၂:၁၅-၁၇; ၃၅:၁၀၊ ၁၁; ဟီ ၆:၁၃၊ ၁၄
  • +က ၁၃:၁၄၊ ၁၅; ၂၆:၃၊ ၄

ထွက်မြောက်ရာ ၃၂:၁၄

ကျမ်းညွှန်းများ

  • +ဆ ၁၀၆:၄၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၉/၂၀၁၈၊ စာ. ၆

    ကင်းမျှော်စင်၊

    ၁၀/၁၅/၂၀၁၀၊ စာ. ၅-၆

ထွက်မြောက်ရာ ၃၂:၁၅

ကျမ်းညွှန်းများ

  • +ထွ ၄၀:၂၀; တရ ၅:၂၂
  • +တရ ၉:၁၅

ထွက်မြောက်ရာ ၃၂:၁၆

ကျမ်းညွှန်းများ

  • +ထွ ၃၁:၁၈; တရ ၉:၁၀

ထွက်မြောက်ရာ ၃၂:၁၉

ကျမ်းညွှန်းများ

  • +နေ ၉:၁၈; ဆ ၁၀၆:၁၉၊ ၂၀; တ ၇:၄၁
  • +တရ ၉:၁၆၊ ၁၇

ထွက်မြောက်ရာ ၃၂:၂၀

ကျမ်းညွှန်းများ

  • +တရ ၇:၂၅
  • +တရ ၉:၂၁

ထွက်မြောက်ရာ ၃၂:၂၂

ကျမ်းညွှန်းများ

  • +ထွ ၁၅:၂၄; ၁၆:၂; ၁၇:၂; တရ ၉:၇; ၃၁:၂၇

ထွက်မြောက်ရာ ၃၂:၂၃

ကျမ်းညွှန်းများ

  • +ထွ ၃၂:၁; တ ၇:၄၀

ထွက်မြောက်ရာ ၃၂:၂၆

ကျမ်းညွှန်းများ

  • +ယရ ၂၄:၁၅; ၂ဘု ၁၀:၁၅

ထွက်မြောက်ရာ ၃၂:၂၇

ကျမ်းညွှန်းများ

  • +တလ ၂၅:၅

ထွက်မြောက်ရာ ၃၂:၂၉

ကျမ်းညွှန်းများ

  • +တလ ၂၅:၁၁; တရ ၁၃:၆-၉
  • +တရ ၃၃:၈၊ ၉

ထွက်မြောက်ရာ ၃၂:၃၀

ကျမ်းညွှန်းများ

  • +တလ ၁၆:၄၇; ၂၁:၇; တရ ၉:၁၈

ထွက်မြောက်ရာ ၃၂:၃၁

ကျမ်းညွှန်းများ

  • +ထွ ၂၀:၂၃

ထွက်မြောက်ရာ ၃၂:၃၂

ကျမ်းညွှန်းများ

  • +တလ ၁၄:၁၉
  • +ဖိ ၄:၃; ဗ ၃:၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁/၂၀၁၂၊ စာ. ၁၅

    ၁၀/၂၀၂၀၊ စာ. ၂

ထွက်မြောက်ရာ ၃၂:၃၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊

    ၁၀/၂၀၂၀၊ စာ. ၂

ထွက်မြောက်ရာ ၃၂:၃၄

ကျမ်းညွှန်းများ

  • +ထွ ၂၃:၂၀; ၃၃:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ဒံယေလပရောဖက်ပြုချက်၊ စာ. ၂၀၄-၂၀၅

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ထွ. ၃၂:၁ထွ ၂၄:၁၈; တရ ၉:၉
ထွ. ၃၂:၁တ ၇:၄၀
ထွ. ၃၂:၂ထွ ၁၂:၃၅၊ ၃၆
ထွ. ၃၂:၄တရ ၉:၁၆; ရှာ ၄၆:၆; တ ၇:၄၁
ထွ. ၃၂:၄ထွ ၂၀:၄; နေ ၉:၁၈; ဆ ၁၀၆:၁၉၊ ၂၀
ထွ. ၃၂:၆၁က ၁၀:၇
ထွ. ၃၂:၇တရ ၄:၁၅-၁၈
ထွ. ၃၂:၈ထွ ၁၈:၂၀; ၂၀:၃
ထွ. ၃၂:၉ထွ ၃၄:၉; တရ ၉:၆; တ ၇:၅၁
ထွ. ၃၂:၁၀တလ ၁၄:၁၂; တရ ၉:၁၄
ထွ. ၃၂:၁၁ဆ ၁၀၆:၂၃
ထွ. ၃၂:၁၁တရ ၉:၁၈၊ ၁၉
ထွ. ၃၂:၁၂တရ ၉:၂၈
ထွ. ၃၂:၁၃က ၂၂:၁၅-၁၇; ၃၅:၁၀၊ ၁၁; ဟီ ၆:၁၃၊ ၁၄
ထွ. ၃၂:၁၃က ၁၃:၁၄၊ ၁၅; ၂၆:၃၊ ၄
ထွ. ၃၂:၁၄ဆ ၁၀၆:၄၅
ထွ. ၃၂:၁၅ထွ ၄၀:၂၀; တရ ၅:၂၂
ထွ. ၃၂:၁၅တရ ၉:၁၅
ထွ. ၃၂:၁၆ထွ ၃၁:၁၈; တရ ၉:၁၀
ထွ. ၃၂:၁၉နေ ၉:၁၈; ဆ ၁၀၆:၁၉၊ ၂၀; တ ၇:၄၁
ထွ. ၃၂:၁၉တရ ၉:၁၆၊ ၁၇
ထွ. ၃၂:၂၀တရ ၇:၂၅
ထွ. ၃၂:၂၀တရ ၉:၂၁
ထွ. ၃၂:၂၂ထွ ၁၅:၂၄; ၁၆:၂; ၁၇:၂; တရ ၉:၇; ၃၁:၂၇
ထွ. ၃၂:၂၃ထွ ၃၂:၁; တ ၇:၄၀
ထွ. ၃၂:၂၆ယရ ၂၄:၁၅; ၂ဘု ၁၀:၁၅
ထွ. ၃၂:၂၇တလ ၂၅:၅
ထွ. ၃၂:၂၉တလ ၂၅:၁၁; တရ ၁၃:၆-၉
ထွ. ၃၂:၂၉တရ ၃၃:၈၊ ၉
ထွ. ၃၂:၃၀တလ ၁၆:၄၇; ၂၁:၇; တရ ၉:၁၈
ထွ. ၃၂:၃၁ထွ ၂၀:၂၃
ထွ. ၃၂:၃၂တလ ၁၄:၁၉
ထွ. ၃၂:၃၂ဖိ ၄:၃; ဗ ၃:၅
ထွ. ၃၂:၃၄ထွ ၂၃:၂၀; ၃၃:၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ထွက်မြောက်ရာ ၃၂:၁-၃၅

ထွက်မြောက်ရာ

၃၂ မောရှေက တောင်ပေါ်တက်သွားတာ ကြာလှပြီ။+ မဆင်းလာသေးတော့ လူတွေဟာ အာရုန်ဆီ လာပြီး “ကျုပ်တို့ကို ဦးဆောင်ခေါ်သွားမယ့် ဘုရားတစ်ဆူ လုပ်ပေးစမ်းပါ။+ အီဂျစ်ပြည်ကနေ ကျုပ်တို့ကို ခေါ်ထုတ်လာတဲ့ မောရှေတစ်ယောက် ဟိုမှာ ဘာဖြစ်နေမှန်း မသိဘူး” လို့ ဝိုင်းပြောကြတယ်။ ၂ အာရုန်လည်း “ကဲ၊ ခင်ဗျားတို့ရဲ့ သားမယားတွေ ဝတ်ထားတဲ့ ရွှေနားဆွဲတွေ ယူလာခဲ့”+ လို့ပြောတယ်။ ၃ လူတွေက ဝတ်ထားတဲ့ ရွှေနားဆွဲတွေကို ချွတ်ပြီး အာရုန်ဆီ ယူလာကြတယ်။ ၄ အာရုန်လည်း ရွှေတွေကို ယူပြီး နွားရုပ်တစ်ခု လုပ်ပေးလိုက်တယ်။+ လူတွေက “အစ္စရေးတို့၊ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာ ဒီဘုရားသခင်ပဲ”+ ဆိုပြီးပြောကြတယ်။

၅ ဒါကို အာရုန်မြင်တော့ နွားရုပ်ရှေ့မှာ ယဇ်ပလ္လင်တည်ပြီး “မနက်ဖြန်ကျရင် ယေဟောဝါဘုရားအတွက် ပွဲတော်ရှိတယ်” လို့ကြေညာလိုက်တယ်။ ၆ နောက်နေ့မနက်စောစောမှာ လူတွေက မီးရှို့ရာအလှူတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သကြတယ်။ အဲဒီနောက် စားသောက်ပြီး မြူးထူးပျော်ပါးကြတယ်။+

၇ ယေဟောဝါက မောရှေကို “အခုချက်ချင်း တောင်အောက်ကို ဆင်းပါ။ အီဂျစ်ပြည်ကနေ မင်းခေါ်ထုတ်လာတဲ့လူတွေ ဖောက်ပြန်ကုန်ပြီ။+ ၈ ငါမိန့်မှာထားတဲ့လမ်းစဉ်ကနေ လွဲသွားတာ မြန်လိုက်ကြတာ။+ နွားရုပ်လုပ်ပြီး ဦးချနေကြပြီ။ နွားရုပ်ရှေ့မှာ ပူဇော်ပြီး ‘အစ္စရေးတို့၊ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတာ ဒီဘုရားသခင်ပဲ’ လို့ပြောနေကြပြီ” ဆိုပြီးပြောတယ်။ ၉ ယေဟောဝါက “ဒီလူတွေ တော်တော်ခေါင်းမာမှန်း* ငါသိတယ်။+ ၁၀ ငါအမျက်ထွက်လွန်းလို့ သူတို့ကို ဖျက်ဆီးမယ်။ ငါ့ကိုမတားနဲ့။ မင်းကိုတော့ လူမျိုးကြီး ဖြစ်စေမယ်” လို့ပြောတယ်။+

၁၁ အဲဒီအခါ မောရှေက ယေဟောဝါဘုရားကို အသနားခံတယ်–+ “ယေဟောဝါဘုရား၊ လူမျိုးတော်ကို ကြီးမားတဲ့တန်ခိုး၊ အားကြီးတဲ့ လက်နဲ့ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီးခါမှ ဘာလို့ အမျက်ထွက်  နေရတာပါလဲ။+ ၁၂ ‘အဲဒီဘုရားက ဒီလူတွေကို မကောင်းတဲ့အကြံနဲ့ ခေါ်ထုတ်သွားတာပဲ။ သူတို့ကို တောတောင်ထဲမှာ ကွပ်မျက်လိုက်ပြီ။ မြေပြင်ပေါ်ကနေ အပြတ်ရှင်းလိုက်ပြီ’ ဆိုပြီး အီဂျစ်တွေ ပြောစရာဖြစ်နေပါဦးမယ်။+ အမျက်တော် လျှော့လိုက်ပါဦး။ သူတို့အပေါ် ဘေးဆိုးကျရောက်စေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးပါ။ ၁၃ ကိုယ်တော့်ကျွန် အာဗြဟံ၊ အိဇက်၊ အစ္စရေးကို သတိရလှည့်ပါ။ ‘မင်းရဲ့မျိုးနွယ်ကို ကောင်းကင်ကြယ်တွေလို တိုးပွားများပြားစေမယ်။+ ငါရွေးချယ်ထားတဲ့ ဒီပြည်တစ်ခုလုံးကို မင်းရဲ့မျိုးနွယ်ကို ငါပေးမယ်။ ဒီပြည်ကို သူတို့ ထာဝစဉ် ပိုင်ဆိုင်လိမ့်မယ်’+ လို့ ကိုယ့်ကိုယ်ကိုယ် တိုင်တည်ပြီး ကျိန်ဆိုခဲ့တာကို သတိရလှည့်ပါ။”

၁၄ ယေဟောဝါလည်း သူတို့အပေါ် ဘေးဆိုးကျရောက်စေမယ်လို့ ပြောခဲ့တာကို ပြန်စဉ်းစားသုံးသပ်တယ်။+

၁၅ အဲဒီနောက် မောရှေက မျက်နှာပြင်နှစ်ဖက်စလုံး ရေးထွင်းထားတဲ့ သက်သေခံချက် ကျောက်ပြားနှစ်ချပ်ကို+ ယူပြီး တောင်ပေါ်ကနေ ဆင်းသွားတယ်။+ ၁၆ ကျောက်ပြားတွေဟာ ဘုရားသခင့်လက်ရာ၊ ရေးထွင်းထားတဲ့စာကလည်း ဘုရားသခင်ရေးတဲ့စာ ဖြစ်တယ်။+ ၁၇ ယောရှုက လူတွေရဲ့ အော်ဟစ်ဆူညံသံကို ကြားတော့ “စခန်းမှာ စစ်တိုက်သံတွေ ကြားနေရတယ်” လို့မောရှေကို ပြောတယ်။ ၁၈ ဒါပေမဲ့ မောရှေက

“ကျွန်တော်ကြားတဲ့အသံဟာ စစ်အောင်သံလည်း မဟုတ်၊

စစ်ရှုံးသံလည်း မဟုတ်၊

သီချင်းသံပဲ” လို့ပြောတယ်။

၁၉ မောရှေက စခန်းအနားကို ရောက်တဲ့အခါ နွားရုပ်ရှေ့မှာ+ လူတွေ ကခုန်နေတာကို မြင်တော့ ဒေါသပေါက်ကွဲသွားတယ်။ ဒါနဲ့ ယူလာတဲ့ကျောက်ပြားတွေကို တောင်ခြေရင်းမှာ ပစ်ချလိုက်တာ ကွဲကြေကုန်တယ်။+ ၂၀ သူတို့လုပ်တဲ့ နွားရုပ်ကိုယူ၊ မီးရှို့ပြီး အမှုန့်ကြိတ်လိုက်တယ်။+ အမှုန့်တွေကို ရေပေါ်ဖြူးချပြီး အစ္စရေးတွေကို သောက်ခိုင်းတယ်။+ ၂၁ ပြီးတော့ အာရုန်ကို “ဒီလူတွေ ဒီလောက်ကြီးလေးတဲ့အပြစ် ကျူးလွန်အောင် ခင်ဗျားကို ဘယ်လို သွေးဆောင်လိုက်တာလဲ” ဆိုပြီးမေးတယ်။ ၂၂ အာရုန်ကလည်း “ကျွန်တော့်ကို စိတ်မဆိုးပါနဲ့။ ဒီလူတွေ မကောင်းတာလုပ်ချင်မှန်း သခင်သိပါတယ်။+ ၂၃ သူတို့က ‘ကျုပ်တို့ကို ဦးဆောင်ခေါ်သွားမယ့် ဘုရားတစ်ဆူ လုပ်ပေးစမ်းပါ။ အီဂျစ်ပြည်ကနေ ကျုပ်တို့ကို ခေါ်ထုတ်လာတဲ့ မောရှေတစ်ယောက် ဟိုမှာ ဘာဖြစ်နေမှန်း မသိဘူး’ ဆိုပြီး ဝိုင်းပြောကြလို့ပါ။+ ၂၄ ကျွန်တော်လည်း ‘ခင်ဗျားတို့ရဲ့ရွှေတွေကို ချွတ်ပေးကြ’ လို့ပြောပြီး အဲဒီရွှေတွေကို မီးထဲပစ်ထည့်လိုက်တော့ ဒီနွားရုပ် ထွက်လာပါတယ်” လို့ပြန်ဖြေတယ်။

၂၅ အာရုန်ကြောင့် လူတွေ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ရန်သူတွေ ကဲ့ရဲ့စရာဖြစ်နေတာကို မြင်တဲ့အခါ၊ ၂၆ မောရှေက စခန်းဝင်ပေါက်မှာရပ်ပြီး “ယေဟောဝါဘုရားဘက် ရပ်တည်ချင်တဲ့သူတွေ ကျွန်တော့်ဆီ လာကြ”+ လို့ပြောတယ်။ လေဝိအမျိုးသားအားလုံး သူ့ဆီ လာကြတယ်။ ၂၇ မောရှေက “‘ဓားကိုယ်စီ ကိုင်ကြ။ စခန်းအဝင်ပေါက် တစ်ခုပြီးတစ်ခု သွားကြ။ ကိုယ့်ညီအစ်ကို၊ ကိုယ့်အမျိုးသားချင်း၊ ကိုယ့်မိတ်ဆွေရင်းတွေကို သတ်ကြ။’ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့အမိန့်ပဲ” လို့ပြောတယ်။+ ၂၈ လေဝိအမျိုးသားတွေလည်း မောရှေပြောတဲ့အတိုင်း လုပ်တဲ့အတွက် အဲဒီနေ့မှာ ယောက်ျား ၃,၀၀၀ လောက် သေသွားတယ်။ ၂၉ မောရှေက “ဒီနေ့၊ ယေဟောဝါဘုရားဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ကြပါ။ ခင်ဗျားတို့က ကိုယ့်သားအရင်း၊ ညီအစ်ကိုရင်းကိုတောင် တိုက်ခိုက်ခဲ့တယ်။+ ဘုရားသခင် ကောင်းချီးပေးလိမ့်မယ်”+ လို့ပြောတယ်။

၃၀ နောက်တစ်နေ့မှာ မောရှေက “ခင်ဗျားတို့ ကြီးလေးတဲ့အပြစ်ကို ကျူးလွန်ခဲ့ကြပြီ။ ဒါကြောင့် အခု ယေဟောဝါဘုရားဆီ တက်သွားပြီး အပြစ်ပြေရာပြေကြောင်း တောင်းပန်ကြည့်မယ်”+ လို့လူတွေကိုပြောတယ်။ ၃၁ မောရှေက ယေဟောဝါဆီသွားပြီး “ဒီလူတွေ ကြီးလေးတဲ့အပြစ် လုပ်လိုက်ပါပြီ။ ရွှေဘုရားလုပ်ပြီး ကိုးကွယ်ကြပါပြီ။+ ၃၂ ဒါပေမဲ့ အလိုတော်ရှိရင် သူတို့အပြစ်ကို ခွင့်လွှတ်ပေးပါ။+ ဒါမှမဟုတ် ကိုယ်တော့်စာစောင်ထဲကနေ ကျွန်တော့်နာမည်ကို ပယ်ဖျက်ပေးပါ”+ လို့တောင်းပန်တယ်။ ၃၃ ယေဟောဝါက မောရှေကို “ငါ့ကိုပြစ်မှားသူရဲ့နာမည်ကိုပဲ ငါ့စာစောင်ကနေ ပယ်ဖျက်မယ်။ ၃၄ ငါပြောတဲ့နေရာဆီ ဒီလူတွေကို ခေါ်သွားပါ။ ငါ့ရဲ့ကောင်းကင်တမန်က ရှေ့ကနေ သွားလိမ့်မယ်။+ ဒီလူတွေရဲ့အပြစ်အတွက် ငါဒဏ်ခတ်မယ့်အချိန် ရောက်လာမယ်” လို့ပြောပြီး၊ ၃၅ အာရုန်ကို နွားရုပ်လုပ်ခိုင်းတဲ့ လူတွေကို ယေဟောဝါဒဏ်ခတ်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ