ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၂၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • တိုင်ရာဘုရင်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၁-၁၀)

        • ‘ငါဟာ ဘုရားပဲ’ (၂၊ ၉)

      • တိုင်ရာဘုရင်အတွက် ငိုချင်း (၁၁-၁၉)

        • ‘မင်းဟာ ဧဒင်ဥယျာဉ်မှာ နေထိုင်ခဲ့တယ်’ (၁၃)

        • ‘ခေရုဗိမ်အဖြစ် ဘိသိက်ပေး’ (၁၄)

        • ‘မင်းဆီမှာ မဖြောင့်မတ်မှု တွေ့ရ’ (၁၅)

      • ဆိုင်ဒုန်နဲ့ပတ်သက်တဲ့ ပရောဖက်ချက် (၂၀-၂၄)

      • အစ္စရေးကို ပြန်စုသိမ်း (၂၅၊ ၂၆)

ယေဇကျေလ ၂၈:၂

ကျမ်းညွှန်းများ

  • +ယဇ ၂၈:၅
  • +ယဇ ၂၇:၄

ယေဇကျေလ ၂၈:၃

ကျမ်းညွှန်းများ

  • +ဒံ ၂:၄၈

ယေဇကျေလ ၂၈:၄

ကျမ်းညွှန်းများ

  • +ဇာ ၉:၃

ယေဇကျေလ ၂၈:၅

ကျမ်းညွှန်းများ

  • +ရှာ ၂၃:၁၊ ၃; ယဇ ၂၇:၁၂

ယေဇကျေလ ၂၈:၇

ကျမ်းညွှန်းများ

  • +ယဇ ၃၀:၁၀၊ ၁၁
  • +ရှာ ၂၃:၉

ယေဇကျေလ ၂၈:၈

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၂၆

ယေဇကျေလ ၂၈:၁၂

ကျမ်းညွှန်းများ

  • +ယဇ ၂၈:၃
  • +ယဇ ၂၇:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁၅/၂၀၀၅၊ စာ. ၂၃-၂၄

ယေဇကျေလ ၂၈:၁၃

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၁၆

ယေဇကျေလ ၂၈:၁၄

ကျမ်းညွှန်းများ

  • +ရှာ ၁၄:၁၃

ယေဇကျေလ ၂၈:၁၅

ကျမ်းညွှန်းများ

  • +ယလ ၃:၄; အ ၁:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၈/၂၀၁၇၊ စာ. ၁-၂

ယေဇကျေလ ၂၈:၁၆

ကျမ်းညွှန်းများ

  • +၁ဘု ၁၀:၁၁; ၂ရ ၉:၂၁; ယဇ ၂၇:၁၂
  • +ယလ ၃:၆
  • +ရှာ ၂၃:၉; ယေ ၂၅:၁၇၊ ၂၂; ၄၇:၄; ယလ ၃:၈

ယေဇကျေလ ၂၈:၁၇

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၃
  • +ရှာ ၁၄:၁၄
  • +ရှာ ၁၄:၁၅

ယေဇကျေလ ၂၈:၁၈

ကျမ်းညွှန်းများ

  • +အ ၁:၉၊ ၁၀

ယေဇကျေလ ၂၈:၁၉

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၃၅
  • +ယဇ ၂၇:၃၆

ယေဇကျေလ ၂၈:၂၁

ကျမ်းညွှန်းများ

  • +ရှာ ၂၃:၄; ယေ ၂၅:၁၇၊ ၂၂; ယဇ ၃၂:၃၀

ယေဇကျေလ ၂၈:၂၃

ကျမ်းညွှန်းများ

  • +ယဇ ၂၆:၆

ယေဇကျေလ ၂၈:၂၄

ကျမ်းညွှန်းများ

  • +တလ ၃၃:၅၅; ယရ ၂၃:၁၂၊ ၁၃

ယေဇကျေလ ၂၈:၂၅

ကျမ်းညွှန်းများ

  • +တရ ၃၀:၃; ရှာ ၁၁:၁၂; ယေ ၃၀:၁၈; ဟော ၁:၁၁
  • +ရှာ ၅:၁၆
  • +က ၂၈:၁၃
  • +ယေ ၂၃:၈

ယေဇကျေလ ၂၈:၂၆

ကျမ်းညွှန်းများ

  • +ရှာ ၃၂:၁၈; ယေ ၂၃:၆; ဟော ၂:၁၈
  • +ရှာ ၆၅:၂၁၊ ၂၂; ယေ ၃၁:၅; အ ၉:၁၄
  • +ယေ ၃၀:၁၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု၊ စာ. ၁၁၀

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၂၈:၂ယဇ ၂၈:၅
ယေဇ. ၂၈:၂ယဇ ၂၇:၄
ယေဇ. ၂၈:၃ဒံ ၂:၄၈
ယေဇ. ၂၈:၄ဇာ ၉:၃
ယေဇ. ၂၈:၅ရှာ ၂၃:၁၊ ၃; ယဇ ၂၇:၁၂
ယေဇ. ၂၈:၇ယဇ ၃၀:၁၀၊ ၁၁
ယေဇ. ၂၈:၇ရှာ ၂၃:၉
ယေဇ. ၂၈:၈ယဇ ၂၇:၂၆
ယေဇ. ၂၈:၁၂ယဇ ၂၈:၃
ယေဇ. ၂၈:၁၂ယဇ ၂၇:၃
ယေဇ. ၂၈:၁၃ယဇ ၂၇:၁၆
ယေဇ. ၂၈:၁၄ရှာ ၁၄:၁၃
ယေဇ. ၂၈:၁၅ယလ ၃:၄; အ ၁:၉
ယေဇ. ၂၈:၁၆၁ဘု ၁၀:၁၁; ၂ရ ၉:၂၁; ယဇ ၂၇:၁၂
ယေဇ. ၂၈:၁၆ယလ ၃:၆
ယေဇ. ၂၈:၁၆ရှာ ၂၃:၉; ယေ ၂၅:၁၇၊ ၂၂; ၄၇:၄; ယလ ၃:၈
ယေဇ. ၂၈:၁၇ယဇ ၂၇:၃
ယေဇ. ၂၈:၁၇ရှာ ၁၄:၁၄
ယေဇ. ၂၈:၁၇ရှာ ၁၄:၁၅
ယေဇ. ၂၈:၁၈အ ၁:၉၊ ၁၀
ယေဇ. ၂၈:၁၉ယဇ ၂၇:၃၅
ယေဇ. ၂၈:၁၉ယဇ ၂၇:၃၆
ယေဇ. ၂၈:၂၁ရှာ ၂၃:၄; ယေ ၂၅:၁၇၊ ၂၂; ယဇ ၃၂:၃၀
ယေဇ. ၂၈:၂၃ယဇ ၂၆:၆
ယေဇ. ၂၈:၂၄တလ ၃၃:၅၅; ယရ ၂၃:၁၂၊ ၁၃
ယေဇ. ၂၈:၂၅တရ ၃၀:၃; ရှာ ၁၁:၁၂; ယေ ၃၀:၁၈; ဟော ၁:၁၁
ယေဇ. ၂၈:၂၅ရှာ ၅:၁၆
ယေဇ. ၂၈:၂၅က ၂၈:၁၃
ယေဇ. ၂၈:၂၅ယေ ၂၃:၈
ယေဇ. ၂၈:၂၆ရှာ ၃၂:၁၈; ယေ ၂၃:၆; ဟော ၂:၁၈
ယေဇ. ၂၈:၂၆ရှာ ၆၅:၂၁၊ ၂၂; ယေ ၃၁:၅; အ ၉:၁၄
ယေဇ. ၂၈:၂၆ယေ ၃၀:၁၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၂၈:၁-၂၆

ယေဇကျေလ

၂၈ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ တိုင်ရာခေါင်းဆောင်ကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်–

“မင်း စိတ်နေမြင့်ပြီး+ ‘ငါဟာ ဘုရားပဲ။

ပင်လယ်အလယ်က ဘုရားရဲ့ ပလ္လင်ပေါ် ငါထိုင်နေတာ’+ လို့ပြောတယ်။

မင်းကိုယ်မင်း ဘုရားတစ်ပါးလို့ ထင်နေပေမဲ့ တကယ်တော့ မင်းဟာ ဘုရားမှ မဟုတ်တာ၊ လူပဲ။

 ၃ မင်းဟာ ဒံယေလထက် ပိုပညာရှိပြီး+

မင်းမသိတဲ့ လျှို့ဝှက်ချက် မရှိဘူးလို့ ထင်နေတယ်။

 ၄ မင်းရဲ့ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်နိုင်စွမ်းကြောင့် ချမ်းသာကြွယ်ဝလာတယ်။

ရွှေငွေတွေကို ဘဏ္ဍာတိုက်ထဲ စုဆောင်းတယ်။+

 ၅ ကုန်သွယ်ကျွမ်းကျင်တဲ့အတွက် ကျိကျိတက် ချမ်းသာလာတယ်။+

အဲဒီလိုချမ်းသာလာလို့ စိတ်နေမြင့်လာတယ်။”’

၆ “‘ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်–

“မင်းကိုယ်မင်း ဘုရားတစ်ပါးလို့ ထင်နေတဲ့အတွက်၊

 ၇ မင်းကို တိုက်ခိုက်ဖို့ တိုင်းတစ်ပါးသားတွေ၊ အရက်စက်ဆုံးလူတွေကို ငါခေါ်လာမယ်။+

မင်းရဲ့ပညာဂုဏ်ကို ဓားနဲ့ခုတ်ကြလိမ့်မယ်။

မင်းရဲ့ခမ်းနားတင့်တယ်မှုကို ညစ်ညူးစေမယ်။+

 ၈ မင်းကို သေတွင်းထဲ ပို့ကြမှာဖြစ်လို့

ပင်လယ်အလယ်မှာ အသေဆိုးနဲ့ သေရလိမ့်မယ်။+

 ၉ မင်းကိုသတ်တဲ့သူကို ‘ငါဟာ ဘုရားပဲ’ လို့ ပြောနိုင်ပါဦးမလား။

မင်းကို ညစ်ညူးစေသူတွေရဲ့လက်ထဲ ရောက်သွားတဲ့အခါ အပြောကြီးနိုင်ပါဦးမလား။ မင်းဟာ ဘုရားမှ မဟုတ်တာ၊ လူပဲလေ။”’

၁၀ “‘အရေဖျားမဖြတ်သူတွေ သေသလို တိုင်းတစ်ပါးသားတွေ လက်ချက်နဲ့ မင်း သေရလိမ့်မယ်။

ဒါဟာ ငါကိုယ်တိုင်ပြောတဲ့စကားပဲ’ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။”

၁၁ ယေဟောဝါက ကျွန်တော်ကို ပြောတယ်– ၁၂ “လူသား၊ တိုင်ရာဘုရင်နဲ့ပတ်သက်ပြီး ငိုချင်းတစ်ပုဒ်ဆိုပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–

“မင်းဟာ ပြီးပြည့်စုံမှုမှာ စံတင်ထိုက်သူပဲ။

ဉာဏ်ပညာပြည့်ဝသူ၊+ ပြစ်မျိုး မှဲ့မထင် လှပသူပဲ။+

၁၃ မင်းဟာ ဘုရားသခင်ရဲ့ ဧဒင်ဥယျာဉ်မှာ နေထိုင်ခဲ့တယ်။

ပတ္တမြား၊ ဥဿဖရား၊ နဂါးသွဲ့၊ ပြောင်ခေါင်းစိမ်း၊ မဟူရာကြောင်ဝင်၊ ကျောက်စိမ်း၊ နီလာ၊ စိမ်းပြာကျောက်၊+ မြစတဲ့ ကျောက်မျက်အမျိုးမျိုး ဆင်မြန်းထားတယ်။

ရွှေကွပ်ထားတဲ့ ကျောက်မျက်တွေပေါ့။

မင်းကို ဖန်ဆင်းတဲ့နေ့မှာ အဲဒါတွေကို ငါပြင်ဆင်ခဲ့တာ။

၁၄ အတောင်ဖြန့်မိုးတဲ့ ခေရုဗိမ်အဖြစ် မင်းကို ဘိသိက်ပေးပြီး ခန့်အပ်ခဲ့တယ်။

ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့တောင်ပေါ်မှာ နေပြီး+ မီးတောက်နေတဲ့ ကျောက်တွေအလယ်မှာ မင်း သွားလာခဲ့တယ်။

၁၅ မင်းကို ဖန်ဆင်းတဲ့နေ့ကစပြီး မင်းရဲ့လမ်းစဉ်တွေ အပြစ်ကင်းခဲ့တယ်။

နောက်ဆုံးတော့ မင်းဆီမှာ မဖြောင့်မတ်မှု တွေ့လိုက်ရတယ်။+

၁၆ မင်းက အကြီးအကျယ် ကုန်သွယ်တဲ့အတွက်+ အကြမ်းဖက်မှုတွေ၊ အပြစ်တွေ စပြီးကျူးလွန်လာတယ်။+

ဒါကြောင့် အတောင်ဖြန့်မိုးတဲ့ ခေရုဗိမ်၊ မင်းကို ညစ်ညူးတဲ့သူအဖြစ် ဘုရားသခင်ရဲ့တောင်ကနေ ငါနှင်ထုတ်မယ်။+

မီးတောက်နေတဲ့ ကျောက်တွေအလယ်ကနေ ဖယ်ရှားပစ်မယ်။

၁၇ မင်းရဲ့အလှကြောင့် စိတ်နေမြင့်လာတယ်။+

မင်းရဲ့ ခမ်းနားတင့်တယ်မှုကြောင့် ဉာဏ်ပညာ ပျက်စီးဆုံးရှုံးသွားတယ်။+

မင်းကို မြေပေါ် ငါပစ်ချမယ်။+

ဘုရင်တွေရှေ့ လက်ညှိုးထိုးစရာ ဖြစ်စေမယ်။

၁၈ မင်းရဲ့ ကြီးလေးတဲ့အပြစ်၊ မသမာနည်းနဲ့ ကုန်သွယ်မှုကြောင့် သန့်ရှင်းရာအရပ်တွေ ညစ်ညူးသွားတယ်။

မင်းရဲ့အလယ်မှာ မီးလောင်စေမှာဖြစ်လို့ မင်းကို မီးဝါးမျိုလိမ့်မယ်။+

ကြည့်နေသူတွေရှေ့မှာ မင်းကို ပြာမှုန့်ဖြစ်အောင် ငါလုပ်မယ်။

၁၉ အသိအကျွမ်းတွေက မင်းကို တအံ့တသြ ကြည့်ကြလိမ့်မယ်။+

မင်းရဲ့ဇာတ်သိမ်းဟာ မထင်မှတ်ဘဲ ဆိုးဆိုးရွားရွား ရောက်လာမယ်။

မင်း ထာဝရ ကွယ်ပျောက်သွားမယ်။”’”+

၂၀ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂၁ “လူသား၊ ဆိုင်ဒုန်မြို့ဘက်+ မျက်နှာမူပြီး သူပျက်စီးမယ့်အကြောင်း ပရောဖက်ပြုပါ။ ၂၂ မင်းပြောလိုက်ပါ– ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက–

“ဆိုင်ဒုန်မြို့၊ မင်းကို ငါတိုက်ခိုက်မယ်။ မင်းကြုံရမယ့်အဖြစ်ကြောင့် ငါ့ကို လူတွေ ဂုဏ်တင်ကြလိမ့်မယ်။

မင်းကို တရားစီရင်တဲ့အခါ၊ သန့်ရှင်းမြင့်မြတ်တဲ့ဘုရား ဖြစ်ကြောင်း ပြတဲ့အခါ ငါဟာ ယေဟောဝါပဲဆိုတာ လူတွေသိရကြလိမ့်မယ်။

၂၃ ကပ်ရောဂါဘေးကို မင်းဆီ ငါစေလွှတ်မယ်။ လမ်းတွေမှာ သွေးချောင်းစီးနေလိမ့်မယ်။

ဝိုင်းရံတိုက်ခိုက်တဲ့ ဓားဘေးကြောင့် မင်းရဲ့အလယ်မှာ လူတွေ လဲသေကြလိမ့်မယ်။

ငါဟာ ယေဟောဝါပဲဆိုတာ သူတို့သိရကြလိမ့်မယ်။+

၂၄ “‘“ဒဏ်ရာရစေတဲ့ဆူးပင်၊ နာကျင်စေတဲ့ ဆူးချုံနဲ့တူတဲ့ လှောင်ပြောင်သူတွေ ဝိုင်းရံတာကို အစ္စရေးအမျိုး ခံရတော့မှာ မဟုတ်ဘူး။+ ငါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပဲဆိုတာ လူတွေသိရလိမ့်မယ်။”’

၂၅ “‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “လူတွေအလယ်မှာ ကွဲလွင့်နေတဲ့ အစ္စရေးအမျိုးကို ငါပြန်စုသိမ်းတဲ့အခါ+ ငါဟာ သန့်ရှင်းမြင့်မြတ်တဲ့ဘုရား ဖြစ်မှန်း လူမျိုးခြားတွေ သိရလိမ့်မယ်။+ ငါ့ကျွန်ယာကုပ်ကို ငါပေးခဲ့တဲ့ပြည်မှာ+ သူတို့ နေထိုင်ရလိမ့်မယ်။+ ၂၆ အဲဒီမှာ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။+ အိမ်တွေဆောက်ပြီး စပျစ်ခြံတွေ စိုက်ပျိုးကြလိမ့်မယ်။+ ပတ်ဝန်းကျင်က လှောင်ပြောင်သူတွေကို ငါတရားစီရင်တဲ့အခါ သူတို့ ဘေးကင်းလုံခြုံစွာ နေထိုင်ရလိမ့်မယ်။+ ငါဟာ သူတို့ရဲ့ဘုရား ယေဟောဝါပဲဆိုတာ သိရကြလိမ့်မယ်။”’”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ