ချီတက်သီချင်း။
၁၂၅ ယေဟောဝါကို ယုံကြည်ကိုးစားသူတွေဟာ+
မယိမ်းယိုင်တဲ့၊ ထာဝစဉ်တည်မြဲတဲ့
ဇိအုန်တောင်နဲ့ တူတယ်။+
၂ ဂျေရုဆလင်ကို ကာရံထားတဲ့ တောင်တန်းတွေလို+
ယေဟောဝါဟာ လူမျိုးတော်ကို
အခုကစပြီး ထာဝစဉ် ကာရံထားပါတယ်။+
၃ ဒုစရိုက်ရာဇလှံတံဟာ ဖြောင့်မတ်သူတွေရတဲ့ မြေပေါ် အမြဲရှိနေမှာ မဟုတ်ဘူး။+
ဒါမှ ဖြောင့်မတ်သူတွေ အမှားမလုပ်မိမှာ။+
၄ အို ယေဟောဝါ၊ သူတော်ကောင်းတွေ၊+
စိတ်ရိုးဖြောင့်သူတွေကို ကျေးဇူးပြုလှည့်ပါ။+
၅ ယေဟောဝါက ကောက်ကျစ်တဲ့ လမ်းစဉ်ဘက် လွဲသွားသူတွေကို
အမှားလုပ်သူတွေနဲ့အတူ ဖယ်ရှားလိမ့်မယ်။+
အစ္စရေးအပေါ် ငြိမ်သက်ခြင်း သက်ရောက်ပါစေ။