၂ ရာဇဝင်ချုပ်
၂၇ ယောသံ+ နန်းတက်ချိန်မှာ အသက် ၂၅ နှစ်ရှိပြီ။ ဂျေရုဆလင်မြို့မှာ ၁၆ နှစ် စိုးစံတယ်။ မယ်တော်က ဇာဒုတ်ရဲ့သမီး ယေရုရှာလို့ခေါ်တယ်။+ ၂ ယောသံက ခမည်းတော်သြဇိလိုပဲ ယေဟောဝါရှေ့မှာ မှန်ရာကို ဆက်လုပ်တယ်။+ ဒါပေမဲ့ ခမည်းတော်လိုတော့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်ခွင့်မရှိတဲ့ နေရာတွေကို မဝင်ဘူး။+ ဒါပေမဲ့ လူတွေက ဖောက်ပြန်နေတုန်းပဲ။ ၃ ယောသံဟာ ယေဟောဝါရဲ့အိမ်တော် အထက်တံခါးကို တည်ဆောက်ပြီး+ သြဖေလမြို့ရိုးမှာလည်း အဆောက်အအုံ အတော်များများ ဆောက်လုပ်ခဲ့တယ်။+ ၄ ဒါ့အပြင် ယုဒတောင်တန်းဒေသမှာ+ မြို့တွေတည်ပြီး+ တောထူထပ်တဲ့ နေရာတွေမှာလည်း ခံတပ်တွေ၊+ မျှော်စင်တွေ+ တည်ဆောက်တယ်။ ၅ ယောသံက အမ္မုန်ဘုရင်ကို တိုက်ခိုက်ပြီး+ နောက်ဆုံးမှာ အနိုင်ရလိုက်တဲ့အတွက် အမ္မုန်လူတွေက အဲဒီနှစ်မှာ ငွေတဲလင့်* ၁၀၀၊ ဂျုံကောရ* ၁၀,၀၀၀၊ မုယောစပါး ကောရ ၁၀,၀၀၀ ဆက်ကြေးပေးရတယ်။ ဒုတိယနှစ်နဲ့ တတိယနှစ်မှာလည်း အဲဒီအတိုင်း ပေးရတယ်။+ ၆ ယောသံဟာ ယေဟောဝါဘုရားရဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းဖို့ သန္နိဋ္ဌာန်ချထားတဲ့အတွက် အင်အားကြီးမားသည်ထက် ကြီးမားလာတယ်။
၇ ယောသံရဲ့ ကျန်တဲ့သမိုင်းကြောင်းတွေ၊ စစ်ဆင်နွှဲပုံတွေ၊ သူ့ရဲ့လမ်းစဉ်တွေကို အစ္စရေးဘုရင်တွေနဲ့ ယုဒဘုရင်တွေရဲ့ ရာဇဝင်ကျမ်းမှာ ရေးထားတယ်။+ ၈ သူက အသက် ၂၅ နှစ်မှာ နန်းတက်ပြီး ဂျေရုဆလင်မြို့မှာ ၁၆ နှစ်စိုးစံခဲ့တယ်။+ ၉ နောက်ပိုင်းမှာ ယောသံ ကွယ်လွန်သွားတဲ့အတွက် သူ့ကို ဒါဝိဒ်မြို့မှာ သင်္ဂြိုဟ်ကြတယ်။+ သားတော်အာခတ် ထီးနန်းဆက်ခံတယ်။+