ဆာလံ
ကောရရဲ့သားမြေးတွေ စပ်ဆိုတဲ့ သီချင်း။+
၄၈ ယေဟောဝါဟာ ကြီးမြတ်တဲ့အရှင်ပဲ။
ဘုရားသခင်ရဲ့ မြို့တော်မှာ၊ သန့်ရှင်းတဲ့တောင်ပေါ်မှာ ချီးမွမ်းခံထိုက်ဆုံး အရှင်ပဲ။
မြောက်ဘက်စွန်းက ဇိအုန်တောင်ဟာ မြင့်မားပြီး လှပ တင့်တယ်တယ်။
မြေတစ်ပြင်လုံးရဲ့ အားရရွှင်လန်းစရာပဲ။+
၄ ကြည့်လိုက်ပါ။ ဘုရင်တွေ စုရုံးပြီး
အတူချီတက်လာနေပြီ။
၅ မြို့တော်ကို မြင်တော့ သူတို့ တအံ့တသြဖြစ်ပြီး
ကြောက်အားလန့်အား ထွက်ပြေးသွားပြီ။
၆ ထိတ်လန့်တုန်လှုပ်ပြီး
သားဖွားနေတဲ့မိန်းမ ဝေဒနာခံစားရသလို ဖြစ်ကုန်ပြီ။
၇ ဘုရားသခင်က တာရှိသင်္ဘောတွေကို အရှေ့လေနဲ့ ဖျက်ဆီးလိုက်တယ်။
၈ ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း ငါတို့ကြားခဲ့ဖူးတယ်။
အခုတော့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့မြို့တော်၊
ဘုရားသခင်ရဲ့ မြို့တော်မှာ ကိုယ်တိုင်မြင်ရပြီ။
ဘုရားသခင်က အဲဒီမြို့ကို ထာဝစဉ် ခိုင်ခံ့မြဲမြံစေလိမ့်မယ်။+ (စဲလာ)
၉ အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း ဗိမာန်တော်ထဲမှာ တစိမ့်စိမ့် တွေးနေပါတယ်။+
၁၀ အို ဘုရားသခင်၊ ကိုယ်တော့်ကို
ချီးမွမ်းတဲ့စကားတွေဟာ နာမတော်လိုပဲ
မြေကြီးစွန်းတိုင်အောင် ရောက်ရှိနေတယ်။+
ညာလက်တော်ဟာ ဖြောင့်မတ်ခြင်းတရားနဲ့ ပြည့်နေတယ်။+
ယုဒမြို့တွေ ရွှင်လန်းပါစေ။
၁၂ ဇိအုန်တောင်ကို လှည့်ပတ်ပြီး ချီတက်ကြ။
မျှော်စင်တွေကို ရေတွက်ကြ။+
၁၃ ခံစစ်ကုန်းရိုးတွေအကြောင်း နှလုံးထဲမှာ မှတ်ကျုံးထားကြပါ။+
ခံတပ်မျှော်စင်တွေကို အသေအချာ ကြည့်ရှုကြပါ။
ဒါမှ နောင်လာနောက်သားတွေကို ပြောပြနိုင်မယ်။