ဧဇရ
၂ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ ဖမ်းခေါ်သွားတဲ့အတွက်+ ဗာဗုလုန်ရဲ့ ခရိုင်မြို့တွေမှာ သုံ့ပန်းဘဝရောက်ပြီး နောက်ပိုင်းမှာ ဂျေရုဆလင်မြို့နဲ့ ယုဒပြည်မှာရှိတဲ့ ကိုယ့်မြို့ကိုယ့်ရွာဆီ ပြန်လာတဲ့သူတွေ ရှိတယ်။+ ၂ ဇေရုဗဗေလ၊+ ယေရွှာ၊+ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နဲ့အတူ သူတို့ပြန်လာကြတယ်။
အဲဒီအစ္စရေးအမျိုးသားတွေရဲ့အရေအတွက်ကတော့–+ ၃ ပါရုတ်ရဲ့ သားမြေး ၂,၁၇၂ ယောက်၊ ၄ ရှေဖတိရဲ့ သားမြေး ၃၇၂ ယောက်၊ ၅ အာရာရဲ့သားမြေး+ ၇၇၅ ယောက်၊ ၆ ပါဟတ်မောဘရဲ့ သားမြေး၊+ ယေရွှာရဲ့ သားမြေးနဲ့ ယွာဘရဲ့ သားမြေး စုစုပေါင်း ၂,၈၁၂ ယောက်၊ ၇ ဧလံရဲ့ သားမြေး+ ၁,၂၅၄ ယောက်၊ ၈ ဇတ်တုရဲ့ သားမြေး+ ၉၄၅ ယောက်၊ ၉ ဇက်ကဲရဲ့ သားမြေးပေါင်း ၇၆၀၊ ၁၀ ဗာနိရဲ့သားမြေး ၆၄၂ ယောက်၊ ၁၁ ဗေဗဲရဲ့ သားမြေး ၆၂၃ ယောက်၊ ၁၂ အာဇဂဒ်ရဲ့ သားမြေး ၁,၂၂၂ ယောက်၊ ၁၃ အဒေါနိကံရဲ့ သားမြေး ၆၆၆ ယောက်၊ ၁၄ ဗိဂဝဲရဲ့ သားမြေး ၂,၀၅၆ ယောက်၊ ၁၅ အာဒိန်ရဲ့ သားမြေး ၄၅၄ ယောက်၊ ၁၆ ဟေဇကိအမျိုး အာတာရဲ့ သားမြေး ၉၈ ယောက်၊ ၁၇ ဗေဇဲရဲ့ သားမြေး ၃၂၃ ယောက်၊ ၁၈ ယောရရဲ့ သားမြေး ၁၁၂ ယောက်၊ ၁၉ ဟာရှုံရဲ့သားမြေး+ ၂၂၃ ယောက်၊ ၂၀ ဂိတ်ဗာရဲ့ သားမြေး ၉၅ ယောက်၊ ၂၁ ဘက်သလီဟင်မြို့သား ၁၂၃ ယောက်၊ ၂၂ နေတောဖရွာသား ၅၆ ယောက်၊ ၂၃ အာနသုတ်မြို့သား+ ၁၂၈ ယောက်၊ ၂၄ အာဇမာဝက်ရဲ့ သားမြေး ၄၂ ယောက်၊ ၂၅ ကိရယတ်ယာရိမ်မြို့သား၊ ခေဖိရာမြို့သား၊ ဗေရုတ်မြို့သား စုစုပေါင်း ၇၄၃ ယောက်၊ ၂၆ ရာမမြို့နဲ့+ ဂေဘမြို့သား+ ၆၂၁ ယောက်၊ ၂၇ မိတ်မတ်မြို့သား ၁၂၂ ယောက်၊ ၂၈ ဗေသလမြို့နဲ့ အာအိမြို့သား+ ၂၂၃ ယောက်၊ ၂၉ နေဗောမြို့သား+ ၅၂ ယောက်၊ ၃၀ မာဂဗိတ်အရပ်သား ၁၅၆ ယောက်၊ ၃၁ ဧလံ နောက်တစ်ယောက်ရဲ့ သားမြေး ၁,၂၅၄ ယောက်၊ ၃၂ ဟာရိမ်ရဲ့သားမြေး ၃၂၀၊ ၃၃ လောဒမြို့၊ ဟာဒိမြို့နဲ့ သြနောမြို့သား စုစုပေါင်း ၇၂၅ ယောက်၊ ၃၄ ယေရိခေါမြို့သား ၃၄၅ ယောက်၊ ၃၅ ရှေနာအရပ်သား ၃,၆၃၀ ဖြစ်တယ်။
၃၆ ပုရောဟိတ်တွေကတော့+ ယေရွှာအမျိုး+ ယေဒါယရဲ့သားမြေး+ ၉၇၃ ယောက်၊ ၃၇ အိမေရရဲ့သားမြေး+ ၁,၀၅၂ ယောက်၊ ၃၈ ပါရှုရရဲ့ သားမြေး+ ၁,၂၄၇ ယောက်၊ ၃၉ ဟာရိမ်ရဲ့ သားမြေး+ ၁,၀၁၇ ယောက်ဖြစ်တယ်။
၄၀ လေဝိအမျိုးသားတွေကတော့+ ဟောဒဝိကနေ ဆင်းသက်လာတဲ့ ယေရွှာနဲ့ ကာဒမေလရဲ့သားမြေး+ ၇၄ ယောက်၊ ၄၁ အာသပ်ရဲ့သားမြေး+ သီချင်းသည်+ ၁၂၈ ယောက်၊ ၄၂ တံခါးစောင့်တွေဖြစ်တဲ့+ ရှလုံရဲ့သားမြေး၊ အာတာရဲ့သားမြေး၊ တာလမုန်ရဲ့သားမြေး၊+ အက္ကုပ်ရဲ့သားမြေး၊+ ဟတိတရဲ့သားမြေး၊ ရှောဗဲရဲ့သားမြေး စုစုပေါင်း ၁၃၉ ယောက်ဖြစ်တယ်။
၄၃ ဗိမာန်တော်ကျွန်တွေ*+ ကတော့– ဇိဟရဲ့သားမြေး၊ ဟသုဖရဲ့သားမြေး၊ တဗောက်ရဲ့သားမြေး၊ ၄၄ ကေရုတ်ရဲ့သားမြေး၊ သယာဟရဲ့သားမြေး၊ ပါဒုန်ရဲ့သားမြေး၊ ၄၅ လေဗနရဲ့သားမြေး၊ ဟာဂဘရဲ့သားမြေး၊ အက္ကုပ်ရဲ့သားမြေး၊ ၄၆ ဟာဂပ်ရဲ့သားမြေး၊ ရှာလမဲရဲ့သားမြေး၊ ဟာနန်ရဲ့သားမြေး၊ ၄၇ ဂိဒေလရဲ့သားမြေး၊ ဂါဟာရဲ့သားမြေး၊ ရာယရဲ့သားမြေး၊ ၄၈ ရေဇိန်ရဲ့သားမြေး၊ နေကောဒရဲ့သားမြေး၊ ဂဇမ်ရဲ့သားမြေး၊ ၄၉ သြဇရဲ့သားမြေး၊ ပါသာရဲ့သားမြေး၊ ဗေသဲရဲ့သားမြေး၊ ၅၀ အာသနာရဲ့သားမြေး၊ မဟုနိမ်ရဲ့သားမြေး၊ နဖုသိမ်ရဲ့သားမြေး၊ ၅၁ ဗာကဗုတ်ရဲ့သားမြေး၊ ဟကုဖရဲ့သားမြေး၊ ဟာရဟုရရဲ့သားမြေး၊ ၅၂ ဗာဇလုတ်ရဲ့သားမြေး၊ မဟိဒရဲ့သားမြေး၊ ဟာရရှရဲ့သားမြေး၊ ၅၃ ဗာကုတ်ရဲ့သားမြေး၊ သိသရရဲ့သားမြေး၊ တာမရဲ့သားမြေး၊ ၅၄ နေဇိရဲ့သားမြေး၊ ဟတိဖရဲ့သားမြေးတို့ ဖြစ်တယ်။
၅၅ ရှောလမုန်ကျွန်တွေရဲ့ သားမြေးတွေကတော့ သောတဲရဲ့သားမြေး၊ သောဖရက်ရဲ့သားမြေး၊ ပေရုဒရဲ့သားမြေး၊+ ၅၆ ယာလရဲ့သားမြေး၊ ဒါကုန်ရဲ့သားမြေး၊ ဂိဒေလရဲ့သားမြေး၊ ၅၇ ရှေဖတိရဲ့သားမြေး၊ ဟတိလရဲ့သားမြေး၊ ပေါခရက်ဟေဇဗိမ်ရဲ့ သားမြေး၊ အာမိရဲ့သားမြေးတို့ ဖြစ်တယ်။
၅၈ ဗိမာန်တော် ကျွန်တွေနဲ့ * ရှောလမုန်ကျွန်တွေရဲ့ သားမြေး စုစုပေါင်း ၃၉၂ ယောက်ရှိတယ်။
၅၉ တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အာဒန်မြို့၊ အိမေရမြို့ကနေ ထွက်လာခဲ့ပေမဲ့ ဘယ်ဆွေမျိုးစု၊ ဘယ်မျိုးရိုးဖြစ်မှန်း သက်သေမပြနိုင်တဲ့အတွက် အစ္စရေးဟုတ်မဟုတ် မသေချာသူတွေလည်း ရှိတယ်။+ ၆၀ အဲဒီလူတွေကတော့ ဒေလာယရဲ့သားမြေး၊ တောဘိရဲ့သားမြေး၊ နေကောဒရဲ့သားမြေး စုစုပေါင်း ၆၅၂ ယောက်ရှိတယ်။ ၆၁ ပုရောဟိတ်အမျိုးထဲမှာ ဟဗာယရဲ့သားမြေး၊ ဟက္ကုတ်ရဲ့သားမြေး၊+ ဂိလဒ်ပြည်သား ဗာဇိလဲရဲ့ သမီးတစ်ယောက်နဲ့ လက်ထပ်ပြီး အဲဒီမိသားစုနာမည်ကို ခံယူလိုက်တဲ့ ဗာဇိလဲရဲ့+ သားမြေးတို့ ဖြစ်တယ်။ ၆၂ ဆွေစဉ်မျိုးဆက်စာရင်းထဲမှာ သူတို့ပါမပါ ရှာပေမဲ့လည်း မတွေ့တဲ့အတွက် အတည်ပြုလို့မရဘူး။ ဒါကြောင့် သူတို့ဟာ ပုရောဟိတ်အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်း မပြည့်မီကြဘူး။+ ၆၃ ဒါနဲ့ ဘုရင်ခံက* ဥရိမ်နဲ့သုမိမ်ကို သုံးပြီး မေးမြန်းနိုင်တဲ့ ပုရောဟိတ် မရှိမချင်း+ အသန့်ရှင်းဆုံးအရာတွေကို သူတို့မစားရဘူးလို့+ အမိန့်ချလိုက်တယ်။
၆၄ လူတစ်စုလုံးရဲ့ လူဦးရေက ၄၂,၃၆၀ ရှိတယ်။+ ၆၅ ဒါ့အပြင် ကျွန်ယောက်ျား ကျွန်မိန်းမ ၇,၃၃၇ ယောက်၊ သီချင်းသည် ယောက်ျားမိန်းမ ၂၀၀ ရှိတယ်။ ၆၆ မြင်း ၇၃၆ ကောင်၊ လား ၂၄၅ ကောင်၊ ၆၇ ကုလားအုတ် ၄၃၅ ကောင်၊ မြည်းအကောင် ၆,၇၂၀ ရှိတယ်။
၆၈ ဂျေရုဆလင်မြို့မှာရှိတဲ့ ယေဟောဝါရဲ့ အိမ်တော်ကို သူတို့ရောက်လာတဲ့အခါ ဆွေမျိုးစုခေါင်းဆောင်တချို့က စစ်မှန်တဲ့ဘုရားသခင်ရဲ့ အိမ်တော်ကို နဂိုနေရာမှာ ပြန်တည်ဆောက်နိုင်ဖို့+ စေတနာစိတ်နဲ့ အလှူတွေ ပေးလှူကြတယ်။+ ၆၉ သူတို့တတ်နိုင်တဲ့အတိုင်း ရွှေဒရက်မာ* ၆၁,၀၀၀၊ ငွေမိုင်နာ* ၅,၀၀၀၊+ ပုရောဟိတ်ဝတ်လုံ ၁၀၀ ကို စီမံကိန်းဘဏ္ဍာတိုက်မှာ ပေးလှူကြတယ်။ ၇၀ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ သီချင်းသည်တွေ၊ တံခါးစောင့်တွေ၊ ဗိမာန်တော်ကျွန်တွေနဲ့* ပြည်သူပြည်သားတချို့က ကိုယ့်မြို့ကိုယ့်ရွာမှာ ပြန်အခြေချကြတယ်။ ဒီလိုနဲ့ အစ္စရေးအားလုံး ကိုယ့်မြို့ကိုယ့်ရွာမှာ အခြေချကြတယ်။+