ဟီဘရူး
၃ ကောင်းကင်အသက်တာအတွက် ခေါ်တော်မူခြင်းခံရတဲ့+ သန့်ရှင်းတဲ့ ညီအစ်ကိုတို့၊ တမန်တော်နဲ့ ပုရောဟိတ်မင်းအဖြစ် ကျွန်တော်တို့ အသိအမှတ်ပြုတဲ့ ယေရှုအကြောင်း+ စဉ်းစားကြည့်ပါ။ ၂ မောရှေက ဘုရားသခင်ရဲ့ အိမ်တော်မှာ သစ္စာရှိရှိ အမှုဆောင်ခဲ့သလို+ ယေရှုကလည်း မိမိကိုခန့်အပ်တဲ့ ဘုရားသခင်အပေါ် သစ္စာရှိတယ်။+ ၃ ယေရှုက မောရှေထက် ကြီးမြတ်တဲ့ ဘုန်းအသရေကို ရထိုက်တယ်။+ အိမ်ကို ဆောက်တဲ့သူဟာ အိမ်ထက် ပိုပြီးဂုဏ်ပြုခံထိုက်သလိုပေါ့။ ၄ အိမ်ဆိုတာ တည်ဆောက်တဲ့သူရှိလို့ ဖြစ်လာတာ။ အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ။ ၅ မောရှေဟာ ဘုရားသခင်ရဲ့ အိမ်တော်မှာ သစ္စာရှိတဲ့ ကျွန်တစ်ယောက်ဖြစ်တယ်။ သူလုပ်ဆောင်ခဲ့တာတွေက နောင်တစ်ချိန်မှာ ဘုရားသခင် အသိပေးမယ့်အရာတွေရဲ့ သက်သေအထောက်အထားပဲ။ ၆ ခရစ်တော်ကတော့ ဘုရားသခင်ရဲ့ အိမ်တော်ကို အုပ်ချုပ်တဲ့ သစ္စာရှိတဲ့သား ဖြစ်တယ်။+ ကျွန်တော်တို့ကျတော့ ဘုရားသခင်ရဲ့ အိမ်တော် ဖြစ်တယ်။+ ရဲရဲဝံ့ဝံ့ပြောဆိုခွင့်ကို* သုံးပြီး ဆက်ဟောနေမယ်၊ ကျွန်တော်တို့ ဂုဏ်ယူစွာပြောနေတဲ့ မျှော်လင့်ချက်ကို အဆုံးထိ ဆုပ်ကိုင်ထားမယ်ဆိုရင်ပေါ့။
၇ ဒါကြောင့် သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ပြောတာက+ “ဒီနေ့ ငါပြောတာကို နားထောင်ကြ။ ၈ တောကန္တာရမှာ အမျက်တော်ကိုဆွပြီး အကဲစမ်းခဲ့ချိန်တုန်းကလို ခေါင်းမမာကြနဲ့။+ ၉ အဲဒီတုန်းက မင်းတို့ရဲ့ ဘိုးဘေးတွေဟာ နှစ်ပေါင်း ၄၀ လုံးလုံး ငါ့ရဲ့လုပ်ဆောင်မှုတွေကို မြင်ခဲ့ရတာတောင် ငါ့ကို အကဲစမ်းခဲ့ကြတယ်။+ ၁၀ အဲဒီလူမျိုးဆက်ကို ငါရွံရှာတဲ့အတွက် ‘သူတို့ရဲ့စိတ်ဟာ အမြဲပဲ လမ်းလွဲနေတယ်။ ငါ့လမ်းစဉ်တွေကို မသိကြဘူး’ လို့ပြောခဲ့တယ်။ ၁၁ ဒါကြောင့် ‘သူတို့ကို ငါနဲ့အတူ အနားယူခွင့် မပေးဘူး’ ဆိုပြီး ဒေါသနဲ့ ငါကျိန်ဆိုခဲ့တယ်။”+
၁၂ ညီအစ်ကိုတို့၊ အသက်ရှင်တဲ့ ဘုရားသခင်ကို ကျောခိုင်းမယ်ဆိုရင် ယုံကြည်ခြင်းကင်းမဲ့ပြီး ဆိုးညစ်တဲ့စိတ် ဖြစ်ပေါ်လာနိုင်လို့ သတိထားကြပါ။+ ၁၃ “ဒီနေ့”+ ဆိုတဲ့အချိန် မကုန်ဆုံးသေးသရွေ့ နေ့တိုင်း အချင်းချင်း အားပေးတိုက်တွန်းကြပါ။ အဲဒီလိုမလုပ်ရင် အပြစ်ရဲ့ လှည့်စားနိုင်စွမ်းကြောင့် ခေါင်းမာလာမှာ စိုးရတယ်။ ၁၄ အစကတည်းကရှိခဲ့တဲ့ ယုံကြည်စိတ်ချမှုကို အဆုံးအထိ ဆုပ်ကိုင်ထားနိုင်မှသာ ခရစ်တော်ရရှိတဲ့အရာကို ကျွန်တော်တို့လည်း ရရှိနိုင်မယ်။+ ၁၅ “ဒီနေ့ ငါပြောတာကို နားထောင်ကြ။ အမျက်တော်ကို နှိုးဆွခဲ့ချိန်တုန်းကလို ခေါင်းမမာကြနဲ့”+ လို့ ကျမ်းစာမှာ ပြောထားတယ်။
၁၆ ဘုရားရဲ့အသံကို ကြားလျက်နဲ့ အမျက်တော်ကို ဆွခဲ့ကြတာ ဘယ်သူတွေလဲ။ အီဂျစ်ပြည်ကနေ မောရှေ ခေါ်ထုတ်သွားသူတွေပဲ မဟုတ်လား။+ ၁၇ ဒါ့အပြင် နှစ်ပေါင်း ၄၀ လုံးလုံး ဘုရားသခင် ရွံရှာခဲ့သူတွေဟာ ဘယ်သူတွေလဲ။+ အပြစ်လုပ်ပြီး တောကန္တာရမှာ သေဆုံးခဲ့သူတွေပဲ မဟုတ်လား။+ ၁၈ ဘုရားသခင်က ငါနဲ့အတူ အနားယူခွင့်မရှိဘူးလို့ ဘယ်သူတွေကို ကျိန်ဆိုခဲ့တာလဲ။ နာခံမှုမရှိသူတွေကို မဟုတ်လား။ ၁၉ သူတို့ ယုံကြည်ခြင်းမရှိလို့ ဘုရားသခင်နဲ့အတူ အနားယူခွင့်မရခဲ့မှန်း ကျွန်တော်တို့ သိရတယ်။+