ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တမန်တော် ၂၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တမန်တော် မာတိကာ

      • ပေါလုကို စွဲချက်တင်ကြ (၁-၉)

      • ဖေလဇ်မင်းရှေ့ ပေါလု ထုချေပြောဆို (၁၀-၂၁)

      • ပေါလုရဲ့အမှုကို နှစ်နှစ်ကြာ ဆိုင်းထား (၂၂-၂၇)

တမန်တော် ၂၄:၁

ကျမ်းညွှန်းများ

  • +တ ၂၃:၂
  • +တ ၂၃:၂၆

တမန်တော် ၂၄:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၉၂

တမန်တော် ၂၄:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၉၂

တမန်တော် ၂၄:၅

အောက်ခြေမှတ်ချက်များ

  • *

    ဒါမှမဟုတ်၊ “ဒုက္ခပေးတဲ့သူ။”

ကျမ်းညွှန်းများ

  • +လု ၂၃:၁၊ ၂
  • +မ ၅:၁၁; တ ၁၆:၂၀၊ ၂၁; ၁၇:၆၊ ၇
  • +မ ၂:၂၃; တ ၂၈:၂၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၉၂

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၀၁၊ စာ. ၂၂-၂၃

တမန်တော် ၂၄:၆

ကျမ်းညွှန်းများ

  • +တ ၂၁:၂၇၊ ၂၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၉၂

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၀၁၊ စာ. ၂၂-၂၃

တမန်တော် ၂၄:၇

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ က၃ ကိုကြည့်။

တမန်တော် ၂၄:၁၀

ကျမ်းညွှန်းများ

  • +ဖိ ၁:၇

တမန်တော် ၂၄:၁၁

ကျမ်းညွှန်းများ

  • +တ ၂၁:၁၇၊ ၂၆

တမန်တော် ၂၄:၁၄

ကျမ်းညွှန်းများ

  • +တ ၂၈:၂၃; ရ ၃:၂၁
  • +ထွ ၃:၁၅; တ ၃:၁၃; ၂တိ ၁:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၀၊ စာ. ၁၃-၁၄

တမန်တော် ၂၄:၁၅

ကျမ်းညွှန်းများ

  • +လု ၂၃:၄၃
  • +ရှာ ၂၆:၁၉; မ ၂၂:၃၁၊ ၃၂; လု ၁၄:၁၃၊ ၁၄; ယဟ ၅:၂၈၊ ၂၉; ၁၁:၂၅; ဟီ ၁၁:၃၅; ဗ ၂၀:၁၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကျမ်းစာမေးခွန်းများရဲ့ အဖြေ၊ ဆောင်းပါး ၇၇

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၉/၂၀၂၂၊ စာ. ၁၆-၁၇၊ ၂၀၊ ၂၂၊ ၂၆

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၃၀

    နိုးလော့!၊

    အမှတ် ၁ ၂၀၂၁ စာ. ၁၃

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁၂/၂၀၂၀၊ စာ. ၇

    ကင်းမျှော်စင်၊

    ၈/၁/၂၀၁၅၊ စာ. ၆

    ၆/၁/၂၀၁၄၊ စာ. ၁၀-၁၁

    ၃/၁၅/၂၀၁၂၊ စာ. ၁၁

    ၆/၁၅/၂၀၀၆၊ စာ. ၄

    ၇/၁၅/၂၀၀၁၊ စာ. ၆

    ၇/၁၅/၂၀၀၀၊ စာ. ၁၃-၁၄

    ၄/၁/၁၉၉၉၊ စာ. ၁၇-၁၈

    ၇/၁/၁၉၉၈၊ စာ. ၂၂

    ၂/၁၅/၁၉၉၅၊ စာ. ၈-၁၂

    ၈/၁/၁၉၉၁၊ စာ. ၆

    သွန်သင်ရာ၊ စာ. ၇၇-၇၉

    ကျမ်းစာသွန်သင်ရာ၊ စာ. ၇၂-၇၃

    ဗျာဒိတ်ကျမ်းအထွတ်အထိပ်၊ စာ. ၂၉၇-၂၉၈

    အသိပညာ၊ စာ. ၁၈၅-၁၈၇

    ထာဝစဉ်အသက်ရှင်၊ စာ. ၁၆၉-၁၇၂၊ ၁၇၉-၁၈၀

    ကျိုးကြောင်းဆင်ခြင်ခြင်း၊ စာ. ၂၇၇၊ ၄၀၉

တမန်တော် ၂၄:၁၆

ကျမ်းညွှန်းများ

  • +တ ၂၃:၁; ၁က ၄:၄; ဟီ ၁၃:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁/၂၀၀၅၊ စာ. ၁၆

တမန်တော် ၂၄:၁၇

ကျမ်းညွှန်းများ

  • +၂က ၈:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၆၉

တမန်တော် ၂၄:၁၈

ကျမ်းညွှန်းများ

  • +တ ၂၁:၂၄၊ ၂၆

တမန်တော် ၂၄:၁၉

ကျမ်းညွှန်းများ

  • +တ ၂၅:၁၆

တမန်တော် ၂၄:၂၁

ကျမ်းညွှန်းများ

  • +တ ၂၃:၆

တမန်တော် ၂၄:၂၂

ကျမ်းညွှန်းများ

  • +တ ၉:၁၊ ၂; ၁၉:၉

တမန်တော် ၂၄:၂၄

ကျမ်းညွှန်းများ

  • +မ ၁၀:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၉၄-၁၉၅

တမန်တော် ၂၄:၂၅

ကျမ်းညွှန်းများ

  • +တ ၁၇:၃၀၊ ၃၁; ၂က ၅:၁၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၉၄-၁၉၅

    ကင်းမျှော်စင်၊

    ၈/၁၅/၁၉၉၃၊ စာ. ၁၇-၁၉

တမန်တော် ၂၄:၂၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၀၁၊ စာ. ၂၃

တမန်တော် ၂၄:၂၇

ကျမ်းညွှန်းများ

  • +တ ၂၅:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၁၉၅

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

တ. ၂၄:၁တ ၂၃:၂
တ. ၂၄:၁တ ၂၃:၂၆
တ. ၂၄:၅လု ၂၃:၁၊ ၂
တ. ၂၄:၅မ ၅:၁၁; တ ၁၆:၂၀၊ ၂၁; ၁၇:၆၊ ၇
တ. ၂၄:၅မ ၂:၂၃; တ ၂၈:၂၂
တ. ၂၄:၆တ ၂၁:၂၇၊ ၂၈
တ. ၂၄:၁၀ဖိ ၁:၇
တ. ၂၄:၁၁တ ၂၁:၁၇၊ ၂၆
တ. ၂၄:၁၄တ ၂၈:၂၃; ရ ၃:၂၁
တ. ၂၄:၁၄ထွ ၃:၁၅; တ ၃:၁၃; ၂တိ ၁:၃
တ. ၂၄:၁၅လု ၂၃:၄၃
တ. ၂၄:၁၅ရှာ ၂၆:၁၉; မ ၂၂:၃၁၊ ၃၂; လု ၁၄:၁၃၊ ၁၄; ယဟ ၅:၂၈၊ ၂၉; ၁၁:၂၅; ဟီ ၁၁:၃၅; ဗ ၂၀:၁၂
တ. ၂၄:၁၆တ ၂၃:၁; ၁က ၄:၄; ဟီ ၁၃:၁၈
တ. ၂၄:၁၇၂က ၈:၄
တ. ၂၄:၁၈တ ၂၁:၂၄၊ ၂၆
တ. ၂၄:၁၉တ ၂၅:၁၆
တ. ၂၄:၂၁တ ၂၃:၆
တ. ၂၄:၂၂တ ၉:၁၊ ၂; ၁၉:၉
တ. ၂၄:၂၄မ ၁၀:၁၈
တ. ၂၄:၂၅တ ၁၇:၃၀၊ ၃၁; ၂က ၅:၁၀
တ. ၂၄:၂၇တ ၂၅:၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ (bi7) ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တမန်တော် ၂၄:၁-၂၇

တမန်တော်

၂၄ ငါးရက်အကြာမှာ ပုရောဟိတ်မင်း အာနနိက+ ကဲသရိမြို့ကို ရောက်လာတယ်။ ပေါလုရဲ့အမှုကို ဘုရင်ခံဆီ+ စွဲချက်တင်ဖို့ ရှေ့နေ တေရတုလုနဲ့ အကြီးအကဲတချို့ကိုပါ ခေါ်လာတယ်။ ၂ တေရတုလုကို ပြောဆိုခွင့်ပေးလိုက်တဲ့အခါ သူ စပြီး စွဲချက်တင်တော့တယ်–

“ကြီးမြတ်တဲ့  ဖေလဇ်မင်း၊  မင်းကြီးရဲ့ကျေးဇူးကြောင့်  ကျွန်တော်တို့ အေးချမ်းသာယာစွာ  နေထိုင်နေရပါတယ်။ မင်းကြီးရဲ့ အမြော်အမြင် ကြီးမားမှုကြောင့် တိုးတက်ပြောင်းလဲမှုတွေကိုလည်း ဒီလူမျိုးတွေ ခံစားနေရပါတယ်။ ၃ အဲဒီကျေးဇူးတွေကို အချိန်တိုင်း၊ နေရာတိုင်းမှာ ခံစားနေရလို့ အထူးကျေးဇူးတင်ကြောင်း  ပြောကြားလိုပါတယ်။ ၄ ဒါပေမဲ့ မင်းကြီးရဲ့ အချိန်တွေကို အလဟဿ မဖြစ်စေချင်လို့ အကျဉ်းချုံးပြီး လျှောက်လဲပါ့မယ်။ ကရုဏာရှေ့ထားပြီး ကြားနာပေးဖို့ ပန်ကြားအပ်ပါတယ်။ ၅ ဒီလူဟာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဂျူးတွေ ပုန်ကန်ထကြွအောင် သွေးထိုးလှုံ့ဆော်ပေးတဲ့+ အဖျက်သမား*+ ဖြစ်နေမှန်း၊ နာဇရက်မြို့သားတွေရဲ့+ ဂိုဏ်းချုပ် ဖြစ်နေမှန်း ကျွန်တော်တို့ စစ်ဆေးတွေ့ရှိရပါတယ်။ ၆ ဗိမာန်တော်ကိုလည်း ညစ်ညူးအောင်လုပ်ဖို့ ကြိုးစားတဲ့အတွက် သူ့ကို ဖမ်းဆီးလိုက်ပါတယ်။+ ၇ *— ၈ သူ့ကို မင်းကြီးကိုယ်တိုင် စစ်ဆေးကြည့်ရင် ကျွန်တော်တို့ စွဲချက်တွေ မှန်မမှန် သိရပါလိမ့်မယ်။”

၉ ဂျူးတွေကလည်း အဲဒီစွဲချက်တွေ မှန်ပါတယ်ဆိုပြီး ထောက်ခံပြောဆိုကြတယ်။ ၁၀ ဘုရင်ခံက ခေါင်းညိတ်ပြပြီး  လျှောက်လဲခွင့်ပေးလိုက်တဲ့အခါ ပေါလုက–

“မင်းကြီးဟာ ဒီလူမျိုးကို နှစ်ပေါင်းများစွာ တရားစီရင်ခဲ့မှန်း ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ဝမ်းမြောက်ဝမ်းသာ  ထုချေလျှောက်ထားပါမယ်။+ ၁၁ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ ဂျေရုဆလင်မြို့ကို ကျွန်တော်တက်လာခဲ့တာ ၁၂ ရက် မကျော်သေးပါဘူး။+ ဒီအချက် မှန်မမှန် မင်းကြီးကိုယ်တိုင် စစ်ဆေးကြည့်လို့ ရပါတယ်။ ၁၂ ဗိမာန်တော်မှာ တစ်ယောက်ယောက်နဲ့ ကျွန်တော် ငြင်းခုံနေတာ၊ တရားဇရပ်မှာဖြစ်စေ၊ မြို့ထဲမှာဖြစ်စေ  လူအုပ်ကို ဆူပူအုံကြွလာအောင် ကျွန်တော်လုပ်နေတာ သူတို့ တစ်ခါမှ မတွေ့ဖူးပါဘူး။ ၁၃ အခုစွဲချက်နဲ့ ပတ်သက်ပြီးတော့လည်း သက်သေအထောက်အထား မပြနိုင်ကြပါဘူး။ ၁၄ ဒါပေမဲ့ ကျွန်တော်က ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းတွေမှာ ရေးသားထားသမျှကို ယုံကြည်တဲ့အတွက်+ နာဇရက်မြို့သားတွေရဲ့ ဂိုဏ်းဆိုပြီး သူတို့ခေါ်တဲ့ လမ်းစဉ်အတိုင်း ဘိုးဘေးတို့ရဲ့ဘုရားသခင်ကို+ ဝတ်ပြုကြောင်း ဝန်ခံပါတယ်။ ၁၅ ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ+ ရှင်ပြန်ထမြောက်လာမယ့်အကြောင်း+ သူတို့မျှော်လင့်သလို ကျွန်တော်လည်း ဘုရားသခင်ကို အမှီပြုပြီး မျှော်လင့်ပါတယ်။ ၁၆ ဒါကြောင့် ကျွန်တော်က ဘုရားသခင်ရှေ့၊ လူရှေ့မှာ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိနိုင်ဖို့ အမြဲကြိုးစားပါတယ်။+ ၁၇ တကယ်တော့ လူမျိုးချင်းတွေကို ပေးကမ်းဖို့၊+ ဘုရားသခင်ဆီ အလှူတွေဆက်သဖို့ ဂျေရုဆလင်ကို နှစ်အတော်ကြာပြီးမှ ရောက်လာတာပါ။ ၁၈ အဲဒီကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း လူတွေအုပ်လိုက်နဲ့ လုပ်တာမျိုး၊ ရုန်းရင်းဆန်ခတ် ဖြစ်တာမျိုး မရှိခဲ့ပါဘူး။ မောရှေပညတ်မှာပါတဲ့အတိုင်း ဗိမာန်တော်မှာ ကျွန်တော် ကိုယ်ကိုသန့်စင်တာကိုပဲ သူတို့တွေ့ကြပါတယ်။+ ဒါပေမဲ့ အာရှနယ်ကလာတဲ့ ဂျူးတချို့တော့ ရှိပါတယ်။ ၁၉ စွပ်စွဲစရာရှိတယ်ဆိုရင် အဲဒီဂျူးတွေလည်း မင်းကြီးရှေ့ ရောက်လာပြီး ကျွန်တော့်ကို စွပ်စွဲသင့်ပါတယ်။+ ၂၀ ဒါမှမဟုတ် ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေရှေ့မှာ စစ်ဆေးတုန်းက ကျွန်တော့်မှာ ဘာအမှားတွေ့ခဲ့လဲဆိုတာ ဒီမှာရှိတဲ့လူတွေ ကိုယ်တိုင် လျှောက်လဲကြပါစေ။ ၂၁ အဲဒီတုန်းက ‘လူသေတွေ ရှင်ပြန်ထမြောက်လာမယ့်အကြောင်းကို ကျွန်တော်ယုံကြည်လို့ အခုလို စစ်ကြောစီရင်ခံနေရတာပါ’+ လို့ပဲ ပြောမိပါတယ်” ဆိုပြီး ပြောတယ်။

၂၂ ဖေလဇ်မင်းက သခင်ရဲ့လမ်းစဉ်အကြောင်း+  အတော်များများ သိထားပေမဲ့ “တပ်မှူးလုသိ ရောက်လာမှ ဒီအမှုကို ငါစီရင်ဆုံးဖြတ်မယ်”  လို့ပြောပြီး အမှုကို ဆိုင်းထားလိုက်တယ်။ ၂၃ ပေါလုကို အကျယ်ချုပ်ထားပြီး သူ့လူတွေ လာရောက်ပြုစုတာကို မတားမြစ်ဖို့ တပ်စုမှူးကို အမိန့်ပေးလိုက်တယ်။

၂၄ ရက်အတန်ကြာတော့ ဖေလဇ်မင်းက ဂျူးလူမျိုး ကြင်ရာတော် ဒရုသိလနဲ့အတူ ရောက်လာပြီး ပေါလုကို လူလွှတ်ခေါ်တယ်။ ခရစ်တော်ယေရှုနဲ့ဆိုင်တဲ့ ယုံကြည်ခြင်းအကြောင်း သူဟောတာကို နားထောင်တယ်။+ ၂၅ ဒါပေမဲ့ ဖြောင့်မတ်ခြင်း၊ ချုပ်တည်းခြင်း၊ ရောက်လာမယ့် တရားစီရင်ခြင်းအကြောင်းတွေကို+ ပေါလုဟောပြောတဲ့အခါ ဖေလဇ်မင်းက ကြောက်လန့်လာပြီး “အခုတော့ ပြန်လိုက်ဦး။ အခွင့်သာမှ ငါပြန်ခေါ်မယ်” လို့ပြောတယ်။ ၂၆ ပြီးတော့ ဖေလဇ်မင်းက ပေါလု ငွေပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့ကို မကြာမကြာခေါ်ပြီး စကားစမြည်ပြောတယ်။ ၂၇ နှစ်နှစ်ကြာတော့ ဖေလဇ်မင်းရဲ့ အရိုက်အရာကို ပေါကိဖေတ္တု ဆက်ခံတယ်။ ဖေလဇ်မင်းက ဂျူးတွေရှေ့မှာ မျက်နှာရချင်တော့+ ပေါလုကို ဆက်ပြီး အကျဉ်းချထားလိုက်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ