ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၂၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားဟောရာ မာတိကာ

      • ထိမ်းမြားခြင်းနဲ့ ကွာရှင်းခြင်း (၁-၅)

      • အသက်ကို တန်ဖိုးထား (၆-၉)

      • ဆင်းရဲသူတွေကို စာနာမှုပြ (၁၀-၁၈)

      • ကောက်သင်းကောက်ခြင်း စည်းမျဉ်းများ (၁၉-၂၂)

တရားဟောရာ ၂၄:၁

ကျမ်းညွှန်းများ

  • +မ ၅:၃၁၊ ၃၂; မာ ၁၀:၄၊ ၁၁
  • +မလ ၂:၁၆; မ ၁:၁၉; ၁၉:၃-၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    “ကျွန်တော့်နောက်လိုက် လုပ်ပါ”၊ စာ. ၁၀၄-၁၀၅

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁၂/၂၀၁၈၊ စာ. ၁၁

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၈/၂၀၁၆၊ စာ. ၁၀-၁၁

    ယေရှု—လမ်းခရီး၊ စာ. ၂၂၂

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၈၊ စာ. ၂၅

    ၈/၁၅/၁၉၉၃၊ စာ. ၄-၅

    အကြီးမြတ်ဆုံးလူသား၊ အခန်း ၉၅

တရားဟောရာ ၂၄:၂

ကျမ်းညွှန်းများ

  • +ဝ ၂၁:၇

တရားဟောရာ ၂၄:၅

ကျမ်းညွှန်းများ

  • +တရ ၂၀:၇; ပ ၅:၁၈; ဒေ ၉:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၇/၂၀၂၁၊ စာ. ၁၀

တရားဟောရာ ၂၄:၆

ကျမ်းညွှန်းများ

  • +ထွ ၂၂:၂၆၊ ၂၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁/၂၀၁၄၊ စာ. ၇

    ၉/၁၅/၂၀၀၄၊ စာ. ၂၆

တရားဟောရာ ၂၄:၇

ကျမ်းညွှန်းများ

  • +က ၃၇:၂၈; ၄၀:၁၅
  • +ထွ ၂၁:၁၆
  • +တရ ၁၉:၁၈၊ ၁၉; ၂၁:၂၀၊ ၂၁

တရားဟောရာ ၂၄:၈

အောက်ခြေမှတ်ချက်များ

  • *

    ‘အနာကြီးရောဂါ’ လို့ပြန်ဆိုတဲ့ ဟီဘရူးစကားလုံးက အဓိပ္ပာယ်ကျယ်ပြန့်။ ကူးစက်တတ်တဲ့ အရေပြားရောဂါအမျိုးမျိုး၊ အဝတ်အစားနဲ့ အိမ်တွေမှာ စွဲတတ်တဲ့ မှိုရောဂါ အမျိုးမျိုး ပါဝင်နိုင်။

ကျမ်းညွှန်းများ

  • +ဝ ၁၃:၂၊ ၁၅; မာ ၁:၄၄; လု ၁၇:၁၄

တရားဟောရာ ၂၄:၉

ကျမ်းညွှန်းများ

  • +တလ ၁၂:၁၀၊ ၁၅

တရားဟောရာ ၂၄:၁၀

ကျမ်းညွှန်းများ

  • +တရ ၁၅:၇၊ ၈; ပ ၃:၂၇

တရားဟောရာ ၂၄:၁၂

ကျမ်းညွှန်းများ

  • +ယဘ ၂၄:၉၊ ၁၀

တရားဟောရာ ၂၄:၁၃

ကျမ်းညွှန်းများ

  • +ထွ ၂၂:၂၆၊ ၂၇

တရားဟောရာ ၂၄:၁၄

ကျမ်းညွှန်းများ

  • +ဝ ၂၅:၃၉၊ ၄၃; ပ ၁၄:၃၁

တရားဟောရာ ၂၄:၁၅

ကျမ်းညွှန်းများ

  • +ဝ ၁၉:၁၃; ယေ ၂၂:၁၃; မ ၂၀:၈
  • +ပ ၂၂:၂၂၊ ၂၃; ယာ ၅:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၁/၂၀၁၈၊ စာ. ၃၂

တရားဟောရာ ၂၄:၁၆

ကျမ်းညွှန်းများ

  • +၂ရ ၂၅:၃၊ ၄
  • +ယဇ ၁၈:၂၀

တရားဟောရာ ၂၄:၁၇

ကျမ်းညွှန်းများ

  • +ထွ ၂၂:၂၁၊ ၂၂
  • +ထွ ၂၂:၂၆၊ ၂၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၂/၂၀၁၉၊ စာ. ၂၄-၂၅

တရားဟောရာ ၂၄:၁၈

ကျမ်းညွှန်းများ

  • +တရ ၅:၁၅

တရားဟောရာ ၂၄:၁၉

ကျမ်းညွှန်းများ

  • +ဝ ၁၉:၉; ၂၃:၂၂; ရု ၂:၁၆; ဆ ၄၁:၁
  • +တရ ၁၅:၇၊ ၁၀; ပ ၁၁:၂၄; ၁၉:၁၇; လု ၆:၃၈; ၂က ၉:၆; ၁ယ ၃:၁၇

တရားဟောရာ ၂၄:၂၀

ကျမ်းညွှန်းများ

  • +ဝ ၁၉:၁၀; တရ ၂၆:၁၃

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

တရား. ၂၄:၁မ ၅:၃၁၊ ၃၂; မာ ၁၀:၄၊ ၁၁
တရား. ၂၄:၁မလ ၂:၁၆; မ ၁:၁၉; ၁၉:၃-၈
တရား. ၂၄:၂ဝ ၂၁:၇
တရား. ၂၄:၅တရ ၂၀:၇; ပ ၅:၁၈; ဒေ ၉:၉
တရား. ၂၄:၆ထွ ၂၂:၂၆၊ ၂၇
တရား. ၂၄:၇က ၃၇:၂၈; ၄၀:၁၅
တရား. ၂၄:၇ထွ ၂၁:၁၆
တရား. ၂၄:၇တရ ၁၉:၁၈၊ ၁၉; ၂၁:၂၀၊ ၂၁
တရား. ၂၄:၈ဝ ၁၃:၂၊ ၁၅; မာ ၁:၄၄; လု ၁၇:၁၄
တရား. ၂၄:၉တလ ၁၂:၁၀၊ ၁၅
တရား. ၂၄:၁၀တရ ၁၅:၇၊ ၈; ပ ၃:၂၇
တရား. ၂၄:၁၂ယဘ ၂၄:၉၊ ၁၀
တရား. ၂၄:၁၃ထွ ၂၂:၂၆၊ ၂၇
တရား. ၂၄:၁၄ဝ ၂၅:၃၉၊ ၄၃; ပ ၁၄:၃၁
တရား. ၂၄:၁၅ဝ ၁၉:၁၃; ယေ ၂၂:၁၃; မ ၂၀:၈
တရား. ၂၄:၁၅ပ ၂၂:၂၂၊ ၂၃; ယာ ၅:၄
တရား. ၂၄:၁၆၂ရ ၂၅:၃၊ ၄
တရား. ၂၄:၁၆ယဇ ၁၈:၂၀
တရား. ၂၄:၁၇ထွ ၂၂:၂၁၊ ၂၂
တရား. ၂၄:၁၇ထွ ၂၂:၂၆၊ ၂၇
တရား. ၂၄:၁၈တရ ၅:၁၅
တရား. ၂၄:၁၉ဝ ၁၉:၉; ၂၃:၂၂; ရု ၂:၁၆; ဆ ၄၁:၁
တရား. ၂၄:၁၉တရ ၁၅:၇၊ ၁၀; ပ ၁၁:၂၄; ၁၉:၁၇; လု ၆:၃၈; ၂က ၉:၆; ၁ယ ၃:၁၇
တရား. ၂၄:၂၀ဝ ၁၉:၁၀; တရ ၂၆:၁၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားဟောရာ ၂၄:၁-၂၂

တရားဟောရာ

၂၄ “လူတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ပြီးနောက်မှ အပြစ်တင်စရာတစ်ခုခု တွေ့လို့ မနှစ်သက်တော့ဘူးဆိုရင် ကွာရှင်းစာချုပ် ရေးပေးပြီး+ အိမ်ကနေ ထွက်သွားခိုင်းရမယ်။+ ၂ မိန်းမက အိမ်ကနေ ထွက်သွားပြီးနောက် တခြားယောက်ျားနဲ့ အိမ်ထောင်ပြုနိုင်တယ်။+ ၃ ဒုတိယယောက်ျားကလည်း သူ့ကို မချစ်တော့လို့ ကွာရှင်းစာချုပ် ရေးပေးပြီး အိမ်ကနေ ထွက်သွားခိုင်းတယ် ဒါမှမဟုတ် ဒုတိယယောက်ျား သေဆုံးသွားတယ်ဆိုရင်၊ ၄ ပထမယောက်ျားက ညစ်ညူးသွားပြီဖြစ်တဲ့ အဲဒီမိန်းမကို ပြန်ယူခွင့်မရှိဘူး။ ဒါဟာ ယေဟောဝါအတွက် ရွံမုန်းစရာပဲ။ ယေဟောဝါဘုရား အမွေပေးတဲ့ပြည်ကို အပြစ်မသင့်စေနဲ့။

၅ “အိမ်ထောင်ကျခါစ လူတစ်ယောက်က စစ်မှုမထမ်းရဘူး။ တခြားတာဝန်တွေကိုလည်း မထမ်းဆောင်ရဘူး။ တာဝန်ကင်းလွတ်ခွင့်နဲ့ တစ်နှစ်လုံး အိမ်မှာနေပြီး ဇနီးကို ပျော်အောင်ထားရမယ်။+

၆ “ကြိတ်ဆုံကိုဖြစ်စေ၊ ကြိတ်ဆုံအပေါ်ကျောက်ပြားကိုဖြစ်စေ အပေါင်ပစ္စည်းအဖြစ် မယူရဘူး။+ ယူရင် လူတစ်ယောက်ရဲ့ အသက်ကို အပေါင်ပစ္စည်းအဖြစ် ယူတာနဲ့ အတူတူပဲ။

၇ “လူတစ်ယောက်က ညီအစ်ကိုချင်းဖြစ်တဲ့ အစ္စရေးတစ်ယောက်ကို အတင်းအဓမ္မ ဖမ်းဆီး၊ ညှဉ်းဆဲပြီး ရောင်းစားတယ်၊+ အဲဒါကို မိသွားတယ်ဆိုရင် သူ အသတ်ခံရမယ်။+ ခင်ဗျားတို့ဆီကနေ မကောင်းမှုကို ဖယ်ရှားရမယ်။+

၈ “အနာကြီးရောဂါ* ဖြစ်ပွားတဲ့အခါ လေဝိအနွယ် ပုရောဟိတ်တွေ ညွှန်ကြားသမျှအတိုင်း သေသေချာချာ လုပ်ဆောင်ပါ။+ သူတို့ကို ကျွန်တော် မှာကြားထားတဲ့အတိုင်း တိတိကျကျ လုပ်ပါ။ ၉ အီဂျစ်ပြည်ကနေ ထွက်လာတုန်းက လမ်းမှာ မိရိအံကို ယေဟောဝါဘုရား ဘယ်လို ဒဏ်ခတ်ခဲ့တယ်ဆိုတာ သတိရပါ။+

၁၀ “ကိုယ့်အမျိုးသားချင်းကို တစ်ခုခု ချေးငှားပေးတဲ့အခါ+ သူအပေါင်ထားတဲ့ ပစ္စည်းကို ယူဖို့ သူ့အိမ်ထဲ မဝင်ပါနဲ့။ ၁၁ အိမ်ပြင်မှာပဲ ရပ်နေပါ။ ချေးငှားယူတဲ့သူက အိမ်ပြင်မှာရပ်နေတဲ့ ကိုယ့်ဆီ အပေါင်ပစ္စည်းကို ယူလာပေးရမယ်။ ၁၂ သူက ဆင်းရဲတယ်ဆိုရင် သူပေးတဲ့ အပေါင်ပစ္စည်းကို အိပ်ရာဝင်ချိန်အထိ မယူထားရဘူး။+ ၁၃ နေဝင်တာနဲ့ အပေါင်ပစ္စည်းကို ဆက်ဆက် ပြန်ပေးရမယ်။ သူက အဝတ်ကိုခြုံပြီး အိပ်ရတဲ့အတွက်+ ဆုမွန်ကောင်း တောင်းပေးလိမ့်မယ်။ ကိုယ်တိုင်လည်း ယေဟောဝါဘုရားရှေ့မှာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရလိမ့်မယ်။

၁၄ “ကိုယ့်မြို့မှာ နေထိုင်တဲ့ အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ ဆင်းရဲပြီး ဒုက္ခရောက်နေတဲ့ စာရင်းငှားတစ်ယောက်ကို လုပ်အားခပေးတဲ့အခါ ကလိမ်ကကျစ် မလုပ်ရဘူး။+ ၁၅ သူက ဆင်းရဲပြီး အဲဒီလုပ်အားခနဲ့ အသက်ဆက်နေရလို့ လုပ်အားခကို နေမဝင်ခင် နေ့ချင်းပေးရမယ်။+ မပေးရင် ယေဟောဝါဆီမှာ သူအော်ဟစ်တိုင်ကြားလိမ့်မယ်။ အဲဒီအခါ ကိုယ့်အပြစ် ဖြစ်သွားလိမ့်မယ်။+

၁၆ “သားသမီးရဲ့ အပြစ်ကြောင့် ဖခင်ကို သေဒဏ်မပေးရဘူး။ ဖခင်ရဲ့အပြစ်ကြောင့် သားသမီးကို သေဒဏ်မပေးရဘူး။+ လူတိုင်း ကိုယ့်အပြစ်ကြောင့်ပဲ သေဒဏ်ခံရမယ်။+

၁၇ “တိုင်းတစ်ပါးသားကိုဖြစ်စေ၊ မိဘမဲ့ကလေးကိုဖြစ်စေ တရားစီရင်တဲ့အခါ အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင် မလုပ်ရဘူး။+ မုဆိုးမရဲ့ အဝတ်ကို အပေါင်ပစ္စည်းအဖြစ် မယူရဘူး။+ ၁၈ အီဂျစ်ပြည်မှာ ကျွန်ခံခဲ့ဖူးတာ၊ ယေဟောဝါဘုရား ရွေးယူခဲ့ရတာကို ပြန်သတိရပါ။+ ဒါကြောင့်လည်း ဒီပညတ်ကို လိုက်နာဖို့ ကျွန်တော် မှာကြားနေတာပေါ့။

၁၉ “လယ်ရိတ်တဲ့အခါ မေ့ကျန်ခဲ့တဲ့ ကောက်လှိုင်းစည်းကို သိမ်းဖို့ ပြန်မသွားရဘူး။ တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေအတွက် ချန်ထားခဲ့ရမယ်။+ ဒါမှ ခင်ဗျားတို့ လုပ်ဆောင်သမျှကို ယေဟောဝါဘုရား ကောင်းချီးပေးလိမ့်မယ်။+

၂၀ “သံလွင်သီးကို ရိုက်ခြွေတဲ့အခါ သံလွင်ကိုင်းတွေကို အကြိမ်ကြိမ် မရိုက်ရဘူး။ တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေအတွက် ချန်ထားခဲ့ရမယ်။+

၂၁ “စပျစ်ခြံမှာ စပျစ်သီးခူးတဲ့အခါ အကြွင်းအကျန်တွေကို သိမ်းဖို့ ပြန်မသွားရဘူး။ တိုင်းတစ်ပါးသားတွေ၊ မိဘမဲ့ကလေးတွေ၊ မုဆိုးမတွေအတွက် ချန်ထားခဲ့ရမယ်။ ၂၂ အီဂျစ်ပြည်မှာ ခင်ဗျားတို့ ကျွန်ခံခဲ့ဖူးတာကို ပြန်သတိရပါ။ ဒါကြောင့်လည်း ဒီပညတ်ကို လိုက်နာဖို့ ကျွန်တော် မှာကြားနေတာပေါ့။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ