ဇေဖနိ
၁ အာမုန်ရဲ့သား+ ယုဒဘုရင် ယောရှိလက်ထက်မှာ+ ဇေဖနိ* ဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်။ ဇေဖနိရဲ့အဖေက ကုရှိ၊ ကုရှိရဲ့အဖေက ဂေဒလိ၊ ဂေဒလိရဲ့အဖေက အာမရိ၊ အာမရိရဲ့အဖေက ဟေဇကိဖြစ်တယ်။
၂ ယေဟောဝါက “မြေပြင်ပေါ် ရှိသမျှ ငါ အကုန်လှည်းထုတ်မယ်” လို့ပြောတယ်။+
တိုက်မိလဲစေတဲ့အရာတွေ၊*+ လူဆိုးတွေကို ငါ လှည်းထုတ်မယ်။
လူသားတွေကို မြေပြင်ပေါ်ကနေ ဖယ်ရှားမယ်။
၄ ငါ့လက်ကိုဆန့်ပြီး ယုဒပြည်နဲ့ ဂျေရုဆလင်မြို့သူမြို့သားတွေကို တိုက်မယ်။
ဗာလကို အစအနမကျန်အောင် ဒီနေရာကနေ ပယ်ရှင်းမယ်။+
အယူဖောက်ပြန်တဲ့ ပုရောဟိတ်တွေကိုရော တိုင်းတစ်ပါးဘုရားကို ကိုးကွယ်တဲ့ ပုရောဟိတ်တွေရဲ့ နာမည်ကိုပါ ငါပယ်ရှင်းမယ်။+
၅ ကောင်းကင်ကြယ်တွေကို အိမ်မိုးပေါ်မှာ ဦးချသူတွေ၊+
ယေဟောဝါကို ဦးချပြီး သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးထားလျက်နဲ့+ မာလကုံဘုရားကိုလည်း သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးသူတွေ၊+
၆ ယေဟောဝါနောက် မလိုက်တော့ဘဲ ပြန်လှည့်သွားသူတွေ၊+
ယေဟောဝါကို မရှာဖွေ၊ မမေးမြန်းသူတွေကို ငါပယ်ရှင်းမယ်။”+
၇ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရှေ့မှာ နှုတ်ဆိတ်နေကြပါ။ ယေဟောဝါရဲ့နေ့ နီးနေပြီ။+
ယေဟောဝါက ပူဇော်သက္ကာကို ကိုယ်တိုင် ပြင်ဆင်ထားတယ်။ ဖိတ်ခေါ်ထားသူတွေကိုလည်း အသင့်ပြင်ထားတယ်။
၈ “ပူဇော်တဲ့နေ့မှာ ငါယေဟောဝါက မှူးမတ်တွေ၊ သားတော်တွေ၊+
လူမျိုးခြားဝတ်စုံ ဝတ်ဆင်ထားသူတွေကို ဒဏ်ပေးမယ်။
၉ အဲဒီနေ့မှာ စင်ပေါ်* တက်သူတွေ၊
ကိုယ့်သခင်ရဲ့အိမ်ကို အကြမ်းဖက်မှုတွေ၊ လှည့်စားမှုတွေနဲ့ ပြည့်စေသူတွေကိုလည်း ဒဏ်ပေးမယ်။”
၁၀ ယေဟောဝါ ပြောတာက–
“အဲဒီနေ့ရောက်ရင် ငါးတံခါးမှာ+ အော်ဟစ်သံ၊
မြို့ရဲ့ကွက်သစ်မှာ+ ငိုကြွေးမြည်တမ်းသံ၊
တောင်ကုန်းတွေပေါ်မှာ ပြိုလဲသံကြီး ထွက်ပေါ်လာမယ်။
၁၁ မက်တေရှမှာ* နေထိုင်သူတို့၊ ငိုကြွေးမြည်တမ်းပါ။
ကုန်သည်အားလုံး ပယ်ရှင်းခံရပြီ။
ငွေချိန်တွယ်သူတွေလည်း ဖျက်ဆီးခံရပြီ။
၁၂ အဲဒီအချိန်ရောက်ရင် ငါက မီးခွက်ထွန်းပြီး ဂျေရုဆလင်မှာ စေ့စေ့စပ်စပ် ရှာဖွေမယ်။
‘ယေဟောဝါဘုရားက ကောင်းကျိုး မပြုပါဘူး။ ဆိုးကျိုးလည်း မပြုပါဘူး’+ လို့တွေးပြီး ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်နေသူတွေကို* ဒဏ်ပေးမယ်။
၁၃ သူတို့ရဲ့စည်းစိမ်ဥစ္စာတွေ လုယက်ခံရမယ်။ အိမ်တွေလည်း ဖျက်ဆီးခံရမယ်။+
အိမ်တွေဆောက်ပေမဲ့ သူတို့ နေထိုင်ရမှာ မဟုတ်ဘူး။
စပျစ်ခြံတွေ စိုက်ပေမဲ့ စပျစ်ဝိုင်သောက်ရမှာ မဟုတ်ဘူး။+
၁၄ ယေဟောဝါရဲ့နေ့ကြီး နီးနေပြီ။+
နီးနေပြီ။ အလျင်အမြန် လာနေပြီ။+
ယေဟောဝါရဲ့နေ့ လာနေတယ်။ အဲဒီနေ့ရဲ့အသံဟာ နားခါးစရာပဲ။+
အဲဒီနေ့မှာ စစ်သူရဲက အော်ဟစ်လိမ့်မယ်။+
မုန်တိုင်းထန်ပြီး ဖျက်ဆီးတဲ့နေ့၊
မှောင်မိုက်ပြီး အုံ့ဆိုင်းတဲ့နေ့၊+
မိုးတိမ်ထူပြီး မည်းမှောင်တဲ့နေ့၊+
၁၆ ခံတပ်မြို့တွေ၊ မြို့ရိုးထောင့်မျှော်စင်တွေကို တိုက်ဖို့+ တံပိုးမှုတ်ပြီး စစ်ငြာသံပေးတဲ့နေ့ပဲ။+
၁၇ ယေဟောဝါကို ပြစ်မှားကြတဲ့အတွက်+ လူတွေကို ဒုက္ခရောက်စေမယ်။
မျက်ကန်းတွေလို သူတို့လျှောက်ရလိမ့်မယ်။+
သူတို့ရဲ့သွေးဟာ မြေမှုန့်လို၊
အသားဟာ နောက်ချေးလို သွန်ချခံရလိမ့်မယ်။+
၁၈ ယေဟောဝါ အမျက်ထွက်တဲ့နေ့မှာ ရွှေငွေတွေက သူတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။+
မီးလိုတောက်လောင်တဲ့ ငါ့ရဲ့ထက်သန်တဲ့စိတ်ကြောင့် မြေတစ်ပြင်လုံး လောင်ကျွမ်းသွားမယ်။+
ကမ္ဘာပေါ်နေထိုင်သူအားလုံးကို ကြောက်စရာကောင်းတဲ့ ဖျက်ဆီးခြင်းဘေးနဲ့ အစတုံးဖျက်ဆီးမယ်။”+