ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၁၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • ရုပ်တုကိုးကွယ်သူတွေကို ပြစ်တင်ရှုတ်ချ (၁-၁၁)

      • ဂျေရုဆလင် ပြစ်ဒဏ်ကနေ မလွတ်နိုင် (၁၂-၂၃)

        • ဖြောင့်မတ်တဲ့ နောဧ၊ ဒံယေလ၊ ယောဘ (၁၄၊ ၂၀)

ယေဇကျေလ ၁၄:၁

ကျမ်းညွှန်းများ

  • +ယဇ ၃၃:၃၀၊ ၃၁

ယေဇကျေလ ၁၄:၃

အောက်ခြေမှတ်ချက်များ

  • *

    မူရင်းဟီဘရူးမှာ “နောက်ချေး” ဆိုတဲ့ စကားလုံးနဲ့ ဆက်စပ်။

ကျမ်းညွှန်းများ

  • +၂ဘု ၃:၁၃; ရှာ ၁:၁၅; ယေ ၁၁:၁၁

ယေဇကျေလ ၁၄:၅

ကျမ်းညွှန်းများ

  • +ယေ ၂:၅

ယေဇကျေလ ၁၄:၆

ကျမ်းညွှန်းများ

  • +ရှာ ၅၅:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု၊ စာ. ၁၀၅

ယေဇကျေလ ၁၄:၇

ကျမ်းညွှန်းများ

  • +ယေ ၂၁:၁၊ ၂; ယဇ ၃၃:၃၁

ယေဇကျေလ ၁၄:၈

ကျမ်းညွှန်းများ

  • +ဝ ၂၀:၂၊ ၃

ယေဇကျေလ ၁၄:၉

ကျမ်းညွှန်းများ

  • +၁ဘု ၂၂:၂၁၊ ၂၂; ယေ ၄:၁၀; ၂သ ၂:၁၀၊ ၁၁

ယေဇကျေလ ၁၄:၁၁

ကျမ်းညွှန်းများ

  • +ယေ ၂၄:၇; ယဇ ၁၁:၁၉၊ ၂၀

ယေဇကျေလ ၁၄:၁၃

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “မုန့်ချိတ်တံ။” မုန့်ကိုလျှိုပြီး သိမ်းဆည်းတဲ့ တုတ်တံ။

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၆
  • +ရှာ ၃:၁; ယေ ၁၅:၂
  • +ယေ ၇:၂၀

ယေဇကျေလ ၁၄:၁၄

ကျမ်းညွှန်းများ

  • +က ၆:၈၊ ၉; ဟီ ၁၁:၇
  • +ဒံ ၁၀:၁၁
  • +ယဘ ၁:၈; ၄၂:၈
  • +ပ ၁၁:၄; ယေ ၁၅:၁; ၂ပေ ၂:၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၈/၂၀၂၃၊ စာ. ၂

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၂/၂၀၁၈၊ စာ. ၃-၇

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၅/၂၀၁၆၊ စာ. ၃၀

    နိုးလော့!၊

    ၄/၂၀၀၉၊ စာ. ၂၂

ယေဇကျေလ ၁၄:၁၅

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၂; ယေ ၁၅:၃

ယေဇကျေလ ၁၄:၁၇

ကျမ်းညွှန်းများ

  • +ဝ ၂၆:၂၅; ယေ ၂၅:၉; ယဇ ၂၁:၃
  • +ဇေ ၁:၃

ယေဇကျေလ ၁၄:၁၉

ကျမ်းညွှန်းများ

  • +တရ ၂၈:၂၁၊ ၂၂

ယေဇကျေလ ၁၄:၂၀

ကျမ်းညွှန်းများ

  • +က ၇:၁
  • +ဒံ ၁၀:၁၁
  • +ယဘ ၁:၈; ၄၂:၈
  • +ယဇ ၁၈:၂၀; ဇေ ၂:၃

ယေဇကျေလ ၁၄:၂၁

ကျမ်းညွှန်းများ

  • +ယေ ၃၂:၄၃
  • +ယဇ ၅:၁၇; ၃၃:၂၇
  • +ယေ ၁၅:၂

ယေဇကျေလ ၁၄:၂၂

ကျမ်းညွှန်းများ

  • +တရ ၄:၃၁; ၂ရ ၃၆:၂၀; ယဇ ၆:၈; မိ ၅:၇

ယေဇကျေလ ၁၄:၂၃

ကျမ်းညွှန်းများ

  • +နေ ၉:၃၃; ယေ ၂၂:၈၊ ၉; ယဇ ၉:၉; ဒံ ၉:၇

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၁၄:၁ယဇ ၃၃:၃၀၊ ၃၁
ယေဇ. ၁၄:၃၂ဘု ၃:၁၃; ရှာ ၁:၁၅; ယေ ၁၁:၁၁
ယေဇ. ၁၄:၅ယေ ၂:၅
ယေဇ. ၁၄:၆ရှာ ၅၅:၇
ယေဇ. ၁၄:၇ယေ ၂၁:၁၊ ၂; ယဇ ၃၃:၃၁
ယေဇ. ၁၄:၈ဝ ၂၀:၂၊ ၃
ယေဇ. ၁၄:၉၁ဘု ၂၂:၂၁၊ ၂၂; ယေ ၄:၁၀; ၂သ ၂:၁၀၊ ၁၁
ယေဇ. ၁၄:၁၁ယေ ၂၄:၇; ယဇ ၁၁:၁၉၊ ၂၀
ယေဇ. ၁၄:၁၃ဝ ၂၆:၂၆
ယေဇ. ၁၄:၁၃ရှာ ၃:၁; ယေ ၁၅:၂
ယေဇ. ၁၄:၁၃ယေ ၇:၂၀
ယေဇ. ၁၄:၁၄က ၆:၈၊ ၉; ဟီ ၁၁:၇
ယေဇ. ၁၄:၁၄ဒံ ၁၀:၁၁
ယေဇ. ၁၄:၁၄ယဘ ၁:၈; ၄၂:၈
ယေဇ. ၁၄:၁၄ပ ၁၁:၄; ယေ ၁၅:၁; ၂ပေ ၂:၉
ယေဇ. ၁၄:၁၅ဝ ၂၆:၂၂; ယေ ၁၅:၃
ယေဇ. ၁၄:၁၇ဝ ၂၆:၂၅; ယေ ၂၅:၉; ယဇ ၂၁:၃
ယေဇ. ၁၄:၁၇ဇေ ၁:၃
ယေဇ. ၁၄:၁၉တရ ၂၈:၂၁၊ ၂၂
ယေဇ. ၁၄:၂၀က ၇:၁
ယေဇ. ၁၄:၂၀ဒံ ၁၀:၁၁
ယေဇ. ၁၄:၂၀ယဘ ၁:၈; ၄၂:၈
ယေဇ. ၁၄:၂၀ယဇ ၁၈:၂၀; ဇေ ၂:၃
ယေဇ. ၁၄:၂၁ယေ ၃၂:၄၃
ယေဇ. ၁၄:၂၁ယဇ ၅:၁၇; ၃၃:၂၇
ယေဇ. ၁၄:၂၁ယေ ၁၅:၂
ယေဇ. ၁၄:၂၂တရ ၄:၃၁; ၂ရ ၃၆:၂၀; ယဇ ၆:၈; မိ ၅:၇
ယေဇ. ၁၄:၂၃နေ ၉:၃၃; ယေ ၂၂:၈၊ ၉; ယဇ ၉:၉; ဒံ ၉:၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၁၄:၁-၂၃

ယေဇကျေလ

၁၄ အစ္စရေးအကြီးအကဲတချို့ ကျွန်တော့်ရှေ့မှာ လာထိုင်တယ်။+ ၂ အဲဒီအခါ ယေဟောဝါက ကျွန်တော့်ကိုပြောတယ်– ၃ “လူသား၊ ဒီလူတွေဟာ ရွံမုန်းဖွယ်ရုပ်တုတွေနောက်* လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားတယ်။ ဒါကြောင့် သူတို့ လာမေးတိုင်း ငါဖြေရမှာလား။+ ၄ သူတို့ကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အစ္စရေးတစ်ယောက်က ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီး လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားလျက်နဲ့ ပရောဖက်ဆီ လာမေးမြန်းတယ်ဆိုရင် ငါယေဟောဝါက သူ့ရဲ့ ရွံမုန်းဖွယ်ရုပ်တုတွေ များရင်များသလောက် ခံထိုက်တဲ့ပြစ်ဒဏ်ပေးမယ်။ ၅ ငါ့ကိုစွန့်ခွာပြီး ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်တဲ့အတွက် အစ္စရေးအမျိုးကို ကြောက်စိတ်ဝင်စေမယ်။”’+

၆ “အစ္စရေးအမျိုးကို ပြောလိုက်ပါ။ ‘အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “ရွံမုန်းဖွယ်ရုပ်တုတွေကို စွန့်ပြီး ပြန်လာကြပါ။ ရွံစရာအကျင့်တွေကို ကျောခိုင်းကြ။+ ၇ အစ္စရေးဖြစ်စေ၊ အစ္စရေးပြည်မှာနေထိုင်တဲ့ တိုင်းတစ်ပါးသားဖြစ်စေ ငါ့ကိုစွန့်ခွာပြီး ရွံမုန်းဖွယ်ရုပ်တုတွေနောက် လိုက်ဖို့ စိတ်ပိုင်းဖြတ်ထားလျက်နဲ့၊ လူတွေ အပြစ်ကျူးလွန်အောင် ဆူးငြောင့်ခလုတ် ချထားလျက်နဲ့ ငါ့ပရောဖက်ဆီ လာမေးမြန်းတယ်ဆိုရင်+ ငါယေဟောဝါကိုယ်တိုင် သူ့ကိုပြန်ဖြေမယ်။ ၈ သူ့ကို ငါငြင်းပယ်မယ်။ သတိပေးပုံနမူနာနဲ့ ဆိုရိုးစကားဖွဲ့စရာ ဖြစ်စေမယ်။ ငါ့လူတွေထဲကနေ သူ့ကို ပယ်ရှင်းမယ်။+ ငါဟာ ယေဟောဝါပဲဆိုတာ မင်းတို့ သိရကြလိမ့်မယ်။”’

၉ “‘ဒါပေမဲ့ ပရောဖက်ဟာ လှည့်စားခံရပြီး ဟောတယ်ဆိုရင် အဲဒီပရောဖက်ကို လှည့်စားသူဟာ ငါယေဟောဝါပဲ။+ လက်ကိုဆန့်ပြီး ငါ့လူမျိုး အစ္စရေးတွေထဲကနေ သူ့ကို ပယ်ရှင်းမယ်။ ၁၀ မေးမြန်းသူရဲ့အပြစ်ဟာ ပရောဖက်ရဲ့အပြစ်နဲ့ အတူတူပဲ။ အပြစ်ရဲ့ အကျိုးဆက်ကို သူတို့ခံရမယ်။ ၁၁ ဒါမှ အစ္စရေးအမျိုးက ငါ့ဆီကနေ လမ်းလွဲတော့မှာ မဟုတ်ဘူး။ အပြစ်ကျူးလွန်ပြီး ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေတော့မှာ မဟုတ်ဘူး။ သူတို့ဟာ ငါ့လူတွေဖြစ်မယ်။ ငါကလည်း သူတို့ရဲ့ ဘုရားသခင်ဖြစ်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

၁၂ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၁၃ “လူသား၊ တိုင်းပြည်တစ်ပြည်ဟာ ငါ့အပေါ် သစ္စာမဲ့ပြီး ပြစ်မှားတယ်ဆိုရင် ငါ့လက်ကိုဆန့်ပြီး တိုင်းပြည်ရဲ့ စားနပ်ရိက္ခာကို* ဖျက်ဆီးမယ်။+ အငတ်ဘေး ကျရောက်စေပြီး+ လူနဲ့တိရစ္ဆာန်တွေကို ပယ်ရှင်းမယ်။”+ ၁၄ “‘အဲဒီပြည်မှာ နောဧ၊+ ဒံယေလ၊+ ယောဘတို့+ ရှိနေရင်တောင် သူတို့ဟာ ကိုယ့်ဖြောင့်မတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတဲ့စကားပဲ။”

၁၅ “‘ငါက ကြမ်းကြုတ်တဲ့သားရဲတွေ လွှတ်ပြီး ကိုက်သတ်စေတဲ့အတွက် တိုင်းပြည်မှာ လူဦးရေ လျော့နည်းသွားမယ်၊ ဖြတ်သန်းသွားလာသူ မရှိတဲ့အထိ လွင်တီးခေါင် ဖြစ်သွားမယ် ဆိုပါစို့။+ ၁၆ အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ အဲဒီလူသုံးယောက် ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။ တိုင်းပြည်ဟာ လူသူကင်းမဲ့သွားလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

၁၇ “‘ငါက “တိုင်းပြည်မှာ ဓားဘေးသင့်စေ”+ လို့ပြောပြီး ဓားဘေးကျရောက်စေတဲ့အတွက် လူနဲ့တိရစ္ဆာန်တွေ သေဆုံးကုန်တယ် ဆိုပါစို့။+ ၁၈ အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ အဲဒီလူသုံးယောက် ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

၁၉ “‘ငါက တိုင်းပြည်မှာ ကပ်ရောဂါဘေး ကျရောက်စေမယ်၊+ လူနဲ့တိရစ္ဆာန်တွေ သေကျေပျက်စီးသွားအောင် ငါ့ဒေါသကို သွန်းလောင်းမယ် ဆိုပါစို့။ ၂၀ အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။ တိုင်းပြည်မှာ နောဧ၊+ ဒံယေလ၊+ ယောဘတို့+ ရှိနေရင်တောင် သူတို့ဟာ ကိုယ့်သားသမီးကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ကိုယ့်ဖြောင့်မတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ကယ်တင်နိုင်လိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

၂၁ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘ငါက ဂျေရုဆလင်မြို့ကနေ လူနဲ့တိရစ္ဆာန်တွေကို ပယ်ရှင်းဖို့+ ဓားဘေး၊ အငတ်ဘေး၊ ကြမ်းကြုတ်တဲ့ သားရဲဘေးနဲ့ ကပ်ရောဂါဘေးဆိုတဲ့+ ပြစ်ဒဏ်လေးမျိုးကို+ စေလွှတ်တဲ့အခါ အဲဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ်။ ၂၂ ဒါပေမဲ့ လူတချို့က သားသမီးတွေနဲ့အတူ လွတ်မြောက်ပြီး ခေါ်ထုတ်ခံရလိမ့်မယ်။+ မင်းတို့ဆီ ရောက်လာကြလိမ့်မယ်။ သူတို့ရဲ့လမ်းစဉ်တွေ၊ အကျင့်တွေကို မင်းတို့သိလာတဲ့အခါ ဂျေရုဆလင်မြို့အပေါ် ငါလုပ်ခဲ့တာ၊ ဘေးဆိုး ကျရောက်စေခဲ့တာနဲ့ပတ်သက်ပြီး မင်းတို့ ဖြေသာကြလိမ့်မယ်။’”

၂၃ “‘သူတို့ရဲ့ လမ်းစဉ်တွေ၊ အကျင့်တွေကို မင်းတို့သိလာတဲ့အခါ ဖြေသာကြလိမ့်မယ်။ ဂျေရုဆလင်မြို့ကို ငါဒဏ်ခတ်ခဲ့တာဟာ အကြောင်းမဲ့ မဟုတ်မှန်း မင်းတို့ သိရလိမ့်မယ်။’+ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ