ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၂၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ရှမွေလ မာတိကာ

      • ရှောလုကို ဒါဝိဒ်အသက်ချမ်းသာပေး (၁-၂၂)

        • ယေဟောဝါဘိသိက်ပေးထားသူကို ဒါဝိဒ်လေးစား (၆)

၁ ရှမွေလ ၂၄:၁

ကျမ်းညွှန်းများ

  • +၁ရှ ၂၃:၂၈၊ ၂၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁/၁၉၉၀၊ စာ. ၃၁-၃၂

၁ ရှမွေလ ၂၄:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ၊ ဆောင်းပါး ၃

၁ ရှမွေလ ၂၄:၃

ကျမ်းညွှန်းများ

  • +ဆ ၅၇:ထိပ်စီးစာသား; ၁၄၂:ထိပ်စီးစာသား

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁/၁၉၉၀၊ စာ. ၃၁

၁ ရှမွေလ ၂၄:၄

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၈၊ ၂၃

၁ ရှမွေလ ၂၄:၅

အောက်ခြေမှတ်ချက်များ

  • *

    ဒါမှမဟုတ်၊ “အမှားအမှန်သိစိတ်။”

ကျမ်းညွှန်းများ

  • +၂ရှ ၂၄:၁၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ၊ စာ. ၁၈

    ကင်းမျှော်စင်၊

    ၁၀/၁၅/၂၀၀၇၊ စာ. ၂၁-၂၂

၁ ရှမွေလ ၂၄:၆

ကျမ်းညွှန်းများ

  • +ထွ ၂၂:၂၈; ၁ရှ ၂၆:၁၁; ၂ရှ ၁:၁၄; ၁ရ ၁၆:၂၂

၁ ရှမွေလ ၂၄:၇

အောက်ခြေမှတ်ချက်များ

  • *

    “လူစုခွဲလိုက်တယ်” လည်းဖြစ်နိုင်။

၁ ရှမွေလ ၂၄:၈

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၁၇

၁ ရှမွေလ ၂၄:၉

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၁၉

၁ ရှမွေလ ၂၄:၁၀

ကျမ်းညွှန်းများ

  • +၁ရှ ၂၄:၄
  • +၁ရှ ၉:၁၆; ၁၀:၁; ၂၆:၉; ဆ ၁၀၅:၁၅

၁ ရှမွေလ ၂၄:၁၁

ကျမ်းညွှန်းများ

  • +၁ရှ ၂၃:၁၄
  • +၁ရှ ၂၆:၁၈; ဆ ၃၅:၇

၁ ရှမွေလ ၂၄:၁၂

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၂၃
  • +တရ ၃၂:၃၅
  • +၁ရှ ၂၆:၁၁

၁ ရှမွေလ ၂၄:၁၄

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၂၀

၁ ရှမွေလ ၂၄:၁၅

ကျမ်းညွှန်းများ

  • +၁ရှ ၂၅:၃၉; ဆ ၃၅:၁

၁ ရှမွေလ ၂၄:၁၆

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၁၇

၁ ရှမွေလ ၂၄:၁၇

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၂၁

၁ ရှမွေလ ၂၄:၁၈

ကျမ်းညွှန်းများ

  • +၁ရှ ၂၄:၄၊ ၁၀

၁ ရှမွေလ ၂၄:၁၉

ကျမ်းညွှန်းများ

  • +၁ရှ ၂၆:၂၅; ဆ ၁၈:၂၀

၁ ရှမွေလ ၂၄:၂၀

ကျမ်းညွှန်းများ

  • +၁ရှ ၁၃:၁၄; ၁၅:၂၈; ၁၈:၈; ၂၀:၃၁; ၂၃:၁၇

၁ ရှမွေလ ၂၄:၂၁

ကျမ်းညွှန်းများ

  • +၂ရှ ၉:၁; ၂၁:၇
  • +ဝ ၁၉:၁၂; တရ ၆:၁၃

၁ ရှမွေလ ၂၄:၂၂

ကျမ်းညွှန်းများ

  • +၁ရှ ၁၅:၃၄
  • +၁ရှ ၂၃:၂၉

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ရှ. ၂၄:၁၁ရှ ၂၃:၂၈၊ ၂၉
၁ ရှ. ၂၄:၃ဆ ၅၇:ထိပ်စီးစာသား; ၁၄၂:ထိပ်စီးစာသား
၁ ရှ. ၂၄:၄၁ရှ ၂၆:၈၊ ၂၃
၁ ရှ. ၂၄:၅၂ရှ ၂၄:၁၀
၁ ရှ. ၂၄:၆ထွ ၂၂:၂၈; ၁ရှ ၂၆:၁၁; ၂ရှ ၁:၁၄; ၁ရ ၁၆:၂၂
၁ ရှ. ၂၄:၈၁ရှ ၂၆:၁၇
၁ ရှ. ၂၄:၉၁ရှ ၂၆:၁၉
၁ ရှ. ၂၄:၁၀၁ရှ ၂၄:၄
၁ ရှ. ၂၄:၁၀၁ရှ ၉:၁၆; ၁၀:၁; ၂၆:၉; ဆ ၁၀၅:၁၅
၁ ရှ. ၂၄:၁၁၁ရှ ၂၃:၁၄
၁ ရှ. ၂၄:၁၁၁ရှ ၂၆:၁၈; ဆ ၃၅:၇
၁ ရှ. ၂၄:၁၂၁ရှ ၂၆:၂၃
၁ ရှ. ၂၄:၁၂တရ ၃၂:၃၅
၁ ရှ. ၂၄:၁၂၁ရှ ၂၆:၁၁
၁ ရှ. ၂၄:၁၄၁ရှ ၂၆:၂၀
၁ ရှ. ၂၄:၁၅၁ရှ ၂၅:၃၉; ဆ ၃၅:၁
၁ ရှ. ၂၄:၁၆၁ရှ ၂၆:၁၇
၁ ရှ. ၂၄:၁၇၁ရှ ၂၆:၂၁
၁ ရှ. ၂၄:၁၈၁ရှ ၂၄:၄၊ ၁၀
၁ ရှ. ၂၄:၁၉၁ရှ ၂၆:၂၅; ဆ ၁၈:၂၀
၁ ရှ. ၂၄:၂၀၁ရှ ၁၃:၁၄; ၁၅:၂၈; ၁၈:၈; ၂၀:၃၁; ၂၃:၁၇
၁ ရှ. ၂၄:၂၁၂ရှ ၉:၁; ၂၁:၇
၁ ရှ. ၂၄:၂၁ဝ ၁၉:၁၂; တရ ၆:၁၃
၁ ရှ. ၂၄:၂၂၁ရှ ၁၅:၃၄
၁ ရှ. ၂၄:၂၂၁ရှ ၂၃:၂၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရှမွေလ ၂၄:၁-၂၂

၁ ရှမွေလ

၂၄ ရှောလုက ဖိလိတိလူတွေကို လိုက်တိုက်ပြီး ပြန်ရောက်လာတဲ့အခါ “အင်ဂေဒိတောမှာ ဒါဝိဒ်ရောက်နေတယ်”+ ဆိုတဲ့သတင်းကို ရတယ်။

၂ ဒါကြောင့် အစ္စရေးတွေထဲက လက်ရွေးစင်စစ်သည် ၃,၀၀၀ ကိုခေါ်ပြီး တောင်ဆိတ်တွေကျက်စားတဲ့ ကျောက်တောင်တွေမှာ ဒါဝိဒ်နဲ့ သူ့လူတွေကို လိုက်ရှာတယ်။ ၃ သွားရင်းနဲ့ လမ်းဘေးနားက ကျောက်နံရံကာ သိုးခြံတွေဆီ ရှောလု ရောက်လာတယ်။ အဲဒီနားမှာ လိုဏ်ဂူတစ်ခု တွေ့တော့ ဝင်ပြီး အပေါ့အပါးသွားတယ်။ ဒါဝိဒ်နဲ့ သူ့လူတွေက လိုဏ်ဂူအတွင်းပိုင်း ချောင်ထဲမှာ ထိုင်နေကြတယ်။+ ၄ ဒါဝိဒ်ရဲ့လူတွေက“ရန်သူကို ခင်ဗျားလက်ထဲ ယေဟောဝါဘုရား အပ်လိုက်တာပဲ။+ သူ့ကို စိတ်ကြိုက်လုပ်ဖို့ ဘုရားသခင် ခွင့်ပြုလိုက်ပြီ” လို့ပြောတော့ ဒါဝိဒ်လည်း ထသွားပြီး ရှောလုရဲ့ လက်ပြတ်ဝတ်ရုံ အနားစွန်းကို အသာလေး ဖြတ်ယူလိုက်တယ်။ ၅ ဒါပေမဲ့ ရှောလုရဲ့ လက်ပြတ်ဝတ်ရုံ အနားစွန်းကို ဖြတ်ယူမိတဲ့အတွက် နောက်ပိုင်းမှာ ဒါဝိဒ်ရဲ့စိတ်က* ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတော့တယ်။+ ၆ ဒါကြောင့် သူ့လူတွေကို “ယေဟောဝါဘုရားရဲ့ ရှုထောင့်ကကြည့်ရင် ယေဟောဝါ ဘိသိက်ပေးထားတဲ့ မင်းကြီးကို ဒီလိုလုပ်ဖို့ ကျွန်တော် စဉ်းတောင် မစဉ်းစားသင့်ဘူး။ မင်းကြီးဟာ ယေဟောဝါ ဘိသိက်ပေးထားသူပဲ။ သူ့ကို ထိခိုက်အောင် မလုပ်သင့်ဘူး”+ လို့ပြောပြီး၊ ၇ သူ့လူတွေကို တားလိုက်တယ်။* ရှောလုကို တိုက်ခိုက်ဖို့ ခွင့်မပြုဘူး။ ရှောလုကတော့ လိုဏ်ဂူထဲကထွက်ပြီး ခရီးဆက်တယ်။

၈ ဒါဝိဒ်လည်း လိုဏ်ဂူထဲက ထွက်လာပြီး “အရှင်မင်းကြီး”+ လို့အော်ခေါ်တယ်။ ရှောလု လှည့်ကြည့်တဲ့အခါ ဒါဝိဒ် ဦးညွှတ်ပျပ်ဝပ်လိုက်တယ်။ ၉ ပြီးတော့ “‘မင်းကြီးကို အန္တရာယ်ပြုဖို့ ဒါဝိဒ်ကြံစည်နေတယ်’ ဆိုပြီး လူတွေပြောတာကို ဘာလို့နားယောင်ရတာလဲ။+ ၁၀ ဒီနေ့ ယေဟောဝါဘုရားက လိုဏ်ဂူထဲမှာ မင်းကြီးကို ကျွန်တော့်လက်ထဲအပ်ခဲ့တာ မင်းကြီးသိရဲ့လား။ မင်းကြီးကိုသတ်ဖို့ တစ်ယောက်က တိုက်တွန်းသေးတယ်။+ ဒါပေမဲ့ ကျွန်တော်က မင်းကြီးကို သနားတဲ့အတွက် ‘မင်းကြီးဟာ ယေဟောဝါဘုရား ဘိသိက်ပေးထားသူပဲ။ သူ့ကို ထိခိုက်အောင် မလုပ်သင့်ဘူး’+ ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ၁၁ ခမည်းတော် အရှင်မင်းကြီး၊ ကျွန်တော့်လက်ထဲက လက်ပြတ်ဝတ်ရုံ အနားစွန်းကို ကြည့်ပါဦး။ ဒါကိုဖြတ်ယူတုန်းက မင်းကြီးကို သတ်နိုင်ပေမဲ့ မသတ်ခဲ့ပါဘူး။ မင်းကြီးက ကျွန်တော့်အသက်ကိုသတ်ဖို့ လိုက်နေပေမဲ့+ ကျွန်တော်ကတော့ မင်းကြီးကို အန္တရာယ်ပြုဖို့၊ ပုန်ကန်ဖို့ မကြံစည်ဘူး၊ မင်းကြီးကို မပြစ်မှားဘူးဆိုတာ+ အခု သဘောပေါက်သင့်ပါပြီ။ ၁၂ မင်းကြီးနဲ့ ကျွန်တော့်ကို ယေဟောဝါဘုရားပဲ တရားစီရင်ပေးပါစေ။+ ကျွန်တော့်အတွက် မင်းကြီးကို ယေဟောဝါဘုရား လက်စားချေပေးပါစေ။+ ကျွန်တော်ကတော့ မင်းကြီးထိခိုက်အောင် မလုပ်ပါဘူး။+ ၁၃ ‘ဆိုးညစ်မှုကို ဆိုးညစ်သူတွေပဲ လုပ်တတ်ကြတယ်’ ဆိုတဲ့ ရှေးစကားပုံရှိတယ်။ ဒါကြောင့် မင်းကြီးထိခိုက်အောင် ကျွန်တော်မလုပ်ဘူး။ ၁၄ အစ္စရေးဘုရင်က ဘယ်သူ့ကို လိုက်ဖမ်းနေတာလဲ။ ခွေးသေကောင်ကိုလား။ ဘာမဟုတ်တဲ့ ခွေးသန်းတစ်ကောင်ကိုလား။+ ၁၅ တရားသူကြီးဖြစ်တဲ့ ယေဟောဝါဘုရားပဲ မင်းကြီးနဲ့ကျွန်တော့်ကို တရားစီရင်ပေးပါစေ။ ဘုရားသခင်က ဒီကိစ္စကို စစ်ဆေးလိမ့်မယ်။ ကျွန်တော့်ဘက်ကနေ ခုခံကာကွယ်ပြီး+ စီရင်ပေးပါလိမ့်မယ်။ မင်းကြီးလက်ကနေလည်း ကယ်တင်ပေးပါလိမ့်မယ်” လို့ပြောလိုက်တယ်။

၁၆ ဒါဝိဒ် အဲဒီလိုပြောပြီးတဲ့အခါ ရှောလုက “ငါ့သား ဒါဝိဒ်၊ ဒါ မင်းရဲ့အသံလား”+ ဆိုပြီး အော်ငိုတော့တယ်။ ၁၇ အဲဒီနောက် “မင်းဟာ ငါ့ထက် ပိုဖြောင့်မတ်ပါတယ်။ မင်းက ငါ့အပေါ်ကောင်းပေမဲ့ ငါကတော့ မင်းကို အကောင်းနဲ့မတုံ့ပြန်ဘူး။+ ၁၈ ဒီနေ့ ယေဟောဝါဘုရားက ငါ့ကို မင်းလက်ထဲအပ်တာတောင် မင်း မသတ်ဘူး။ ငါ့အပေါ် တကယ်ကောင်းခဲ့ပါတယ်။+ ၁၉ ရန်သူကိုတွေ့လျက်နဲ့ ဘာမှမလုပ်ဘဲ လွှတ်လိုက်တဲ့သူ ရှိပါ့မလား။ ဒီနေ့ မင်းလုပ်တဲ့ကောင်းမှုအတွက် ယေဟောဝါဘုရား ဆုချမှာပါ။+ ၂၀ မင်းဟာ ဘုရင်ဖြစ်လာမှာ သေချာတယ်။+ မင်းလက်ထဲမှာ အစ္စရေးနိုင်ငံ တည်မြဲမယ်ဆိုတာ ငါသိတယ်။ ၂၁ ဒီတော့ မင်းက ငါ့ရဲ့သားမြေးတွေကို မဖယ်ရှားဘူး၊ ငါ့နာမည်ကိုလည်း ငါ့အမျိုးထဲကနေ မပယ်ဖျက်ဘူးလို့+ ယေဟောဝါဘုရားကို တိုင်တည်ပြီး သစ္စာဆိုပါ”+ လို့ပြောတယ်။ ၂၂ ဒါဝိဒ်လည်း ရှောလုပြောတဲ့အတိုင်း သစ္စာဆိုတယ်။ အဲဒီနောက် ရှောလုက နန်းတော်ကို ပြန်သွားတယ်။+ ဒါဝိဒ်နဲ့သူ့လူတွေက ခံတပ်ရှိရာကို တက်သွားကြတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ