တရားသူကြီး
၂ အဲဒီနောက် ယေဟောဝါရဲ့ ကောင်းကင်တမန်က+ ဂိလဂါလအရပ်ကနေ+ ဗောခိမ်အရပ်ကို တက်သွားပြီး “မင်းတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ပြီး ဘိုးဘေးတွေကို ကတိပေးခဲ့တဲ့ပြည်ထဲ ငါပို့ဆောင်ခဲ့ပြီ။+ ‘မင်းတို့နဲ့ဖွဲ့တဲ့ ပဋိညာဉ်ကို ငါဘယ်တော့မှ မချိုးဖောက်ဘူး။+ ၂ မင်းတို့လည်း ဒီပြည်သားတွေနဲ့ မိတ်မဖွဲ့ရဘူး။+ သူတို့ရဲ့ယဇ်ပလ္လင်တွေကို ဖြိုဖျက်ရမယ်’+ လို့ ငါမိန့်မှာခဲ့တယ်။ ဒါပေမဲ့ မင်းတို့ မနာခံကြဘူး။+ ဘာလို့ မနာခံကြတာလဲ။ ၃ ဒါကြောင့် ငါပြောမယ်– ‘သူတို့ကို မင်းတို့ရှေ့ကနေ ငါ မမောင်းထုတ်တော့ဘူး။+ သူတို့ဟာ မင်းတို့အတွက် ထောင်ချောက်ဖြစ်လိမ့်မယ်။+ သူတို့ရဲ့ဘုရားတွေကလည်း မင်းတို့ကို သွေးဆောင်လိမ့်မယ်’”+ ဆိုပြီးပြောတယ်။
၄ ယေဟောဝါရဲ့ ကောင်းကင်တမန်က အဲဒီလိုပြောတဲ့အခါ အစ္စရေးတစ်မျိုးလုံး အော်ငိုကြတယ်။ ၅ ဒါကြောင့် အဲဒီနေရာကို ဗောခိမ်* လို့နာမည်ပေးလိုက်တယ်။ ပြီးတော့ အဲဒီနေရာမှာ ယေဟောဝါဆီ ပူဇော်သက္ကာတွေ ဆက်သကြတယ်။
၆ ယောရှုက အစ္စရေးအနွယ်အားလုံးကို ကိုယ်စီပိုင်ဆိုင်တဲ့ အမွေမြေကို သိမ်းပိုက်ဖို့ လွှတ်လိုက်တယ်။+ ၇ အစ္စရေးတွေဟာ ယောရှုလက်ထက်မှာရော ယောရှုထက် အသက်ပိုရှည်ပြီး အစ္စရေးတွေအကျိုးအတွက် ယေဟောဝါရဲ့ ကြီးမြတ်တဲ့လုပ်ရပ် အားလုံးကို မြင်ခဲ့တဲ့ အကြီးအကဲတွေ လက်ထက်မှာပါ ယေဟောဝါကို ဆက်ဝတ်ပြုကြတယ်။+ ၈ ယေဟောဝါရဲ့ကျွန်၊ နုန်ရဲ့သားယောရှုဟာ အသက် ၁၁၀ မှာ သေဆုံးသွားတယ်။+ ၉ ယောရှုကို ဂါရှတောင်ရဲ့မြောက်ဘက်၊ ဧဖရိမ်တောင်တန်းဒေသ၊ တိမနဟိရမြို့*+ မှာရှိတဲ့ သူ့ရဲ့အမွေမြေမှာ သင်္ဂြိုဟ်လိုက်တယ်။+ ၁၀ အဲဒီလူမျိုးဆက်လည်း ဘိုးဘေးတွေစုဝေးရာကို ရောက်သွားတယ်။* အဲဒီနောက် ယေဟောဝါကိုရော အစ္စရေးတွေအတွက် ဘုရား လုပ်ဆောင်ပေးခဲ့တာတွေကိုပါ မသိတဲ့လူမျိုးဆက် ပေါ်လာတယ်။
၁၁ အစ္စရေးတွေဟာ ယေဟောဝါရှေ့မှာ မကောင်းတာတွေလုပ်ပြီး ဗာလဘုရားတွေကို ဝတ်ပြုလာကြတယ်။+ ၁၂ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင် ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါကို စွန့်ခွာပြီး+ ပတ်ဝန်းကျင်မှာရှိတဲ့ လူမျိုးတွေရဲ့ ဘုရားတွေကို ဦးချဝတ်ပြုကြတယ်။+ ဒီနည်းနဲ့ ယေဟောဝါကို အမျက်ထွက်အောင် လုပ်ကြတယ်။+ ၁၃ ယေဟောဝါကို စွန့်ခွာပြီး ဗာလဘုရားနဲ့ အာရှတရက်ရုပ်တုတွေကို ဝတ်ပြုတယ်။+ ၁၄ အဲဒီအခါ ယေဟောဝါက အစ္စရေးတွေကို အမျက်ထွက်ပြီး တိုက်ခိုက်လုယက်သူတွေလက်ထဲ အပ်လိုက်တယ်။+ ပတ်ဝန်းကျင် ရန်သူတွေလက်ထဲ ရောင်းလိုက်တဲ့အတွက်+ ရန်သူတွေကို သူတို့မခုခံနိုင်တော့ဘူး။+ ၁၅ သူတို့ တိုက်ပွဲဝင်တဲ့အခါတိုင်း ယေဟောဝါက အရေးနိမ့်စေပြီး ဘေးဒုက္ခတွေ ကျရောက်စေတယ်။+ ယေဟောဝါ ပြောခဲ့တဲ့အတိုင်း၊ ယေဟောဝါ ကျိန်ဆိုခဲ့တဲ့အတိုင်း + သူတို့ အကြီးအကျယ် ဒုက္ခရောက်ကုန်တယ်။+ ၁၆ ဒါကြောင့် ယေဟောဝါက တိုက်ခိုက်လုယက်သူတွေရဲ့ လက်ကနေ သူတို့ကိုကယ်တင်မယ့် တရားသူကြီးတွေကို ပေါ်ထွန်းစေတယ်။+
၁၇ ဒါပေမဲ့ တရားသူကြီးတွေရဲ့ စကားကိုလည်း သူတို့နားမထောင်ကြဘူး။ တခြားဘုရားတွေကို ဝတ်ပြုတယ်၊* ဦးချတယ်။ ဘိုးဘေးတွေ လိုက်လျှောက်ခဲ့တဲ့ လမ်းစဉ်ကနေ မြန်မြန်ဆန်ဆန်ပဲ လွဲသွားတယ်။ ဘိုးဘေးတွေက ယေဟောဝါရဲ့ ပညတ်ချက်တွေကို နာခံခဲ့ပေမဲ့+ သူတို့ကတော့ မနာခံကြဘူး။ ၁၈ တရားသူကြီးတွေကို ယေဟောဝါ ပေါ်ထွန်းစေတဲ့အခါတိုင်း+ အဲဒီတရားသူကြီးနဲ့အတူ ယေဟောဝါရှိတယ်။ အဲဒီတရားသူကြီး လက်ထက်မှာ အစ္စရေးတွေကို ရန်သူတွေလက်ကနေ ကယ်တင်တယ်။ ဖိနှိပ်သူတွေ၊ မတရား ဆက်ဆံသူတွေကြောင့် သူတို့ညည်းတွားတော့+ ယေဟောဝါ သနားသွားတယ်။+
၁၉ ဒါပေမဲ့ တရားသူကြီး သေဆုံးသွားတဲ့အခါ အစ္စရေးတွေက တခြားဘုရားတွေကို ဦးချဝတ်ပြုကြတယ်။+ ဘိုးဘေးတွေထက် ပိုပြီး အကျင့်ပျက်လာကြပြန်တယ်။ အကျင့်ဆိုးတွေ ကျင့်နေဆဲ၊ ခေါင်းမာနေဆဲပဲ။ ၂၀ နောက်ဆုံး၊ အစ္စရေးတွေကို ယေဟောဝါ အမျက်ထွက်ပြီး+ “ဒီလူမျိုးက ဘိုးဘေးတွေကို ငါမိန့်မှာခဲ့တဲ့ ပဋိညာဉ်ကိုချိုးဖောက်ပြီး+ ငါ့စကားကို မနာခံတဲ့အတွက်၊+ ၂၁ ငါကလည်း ယောရှုသေဆုံးပြီးနောက် ကျန်နေသေးတဲ့ လူမျိုးတွေထဲက တစ်မျိုးကိုမှ မမောင်းထုတ်ပေးတော့ဘူး။+ ၂၂ ဘိုးဘေးတွေလိုပဲ ငါယေဟောဝါရဲ့ လမ်းစဉ်အတိုင်း အစ္စရေးတွေ လိုက်လျှောက်မယ်၊ မလိုက်လျှောက်ဘူးဆိုတာ သိနိုင်ဖို့ ငါစမ်းသပ်ကြည့်မယ်”+ လို့ပြောတယ်။ ၂၃ ယေဟောဝါက ကျန်နေသေးတဲ့ လူမျိုးတွေကို ချက်ချင်း မမောင်းထုတ်ဘဲ ဆက်နေထိုင်ခွင့်ပြုတယ်။ သူတို့ကို ယောရှုလက်ထဲ မအပ်ဘူး။