ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၁၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားသူကြီး မာတိကာ

      • ဖိလိတိလူတွေကို ရှံဆုန် လက်စားချေ (၁-၂၀)

တရားသူကြီး ၁၅:၂

ကျမ်းညွှန်းများ

  • +သူ ၁၄:၁၇
  • +သူ ၁၄:၁၁၊ ၂၀

တရားသူကြီး ၁၅:၆

ကျမ်းညွှန်းများ

  • +သူ ၁၄:၁၁၊ ၂၀
  • +သူ ၁၄:၁၅

တရားသူကြီး ၁၅:၇

ကျမ်းညွှန်းများ

  • +သူ ၁၄:၄

တရားသူကြီး ၁၅:၉

ကျမ်းညွှန်းများ

  • +၂ရှ ၂၃:၁၁၊ ၁၂

တရားသူကြီး ၁၅:၁၁

ကျမ်းညွှန်းများ

  • +သူ ၁၃:၁

တရားသူကြီး ၁၅:၁၄

ကျမ်းညွှန်းများ

  • +သူ ၁၃:၂၄၊ ၂၅; ၁၄:၅၊ ၆
  • +သူ ၁၆:၉၊ ၁၂

တရားသူကြီး ၁၅:၁၅

ကျမ်းညွှန်းများ

  • +သူ ၃:၃၁

တရားသူကြီး ၁၅:၁၆

ကျမ်းညွှန်းများ

  • +သူ ၁၆:၃၀

တရားသူကြီး ၁၅:၁၇

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “မြည်းမေးရိုးကုန်း။”

ကျမ်းညွှန်းများ

  • +သူ ၁၅:၉

တရားသူကြီး ၁၅:၁၉

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “ဆုတောင်းသူရဲ့ စမ်းရေတွင်း။”

ကျမ်းညွှန်းများ

  • +ထွ ၁၇:၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၉/၂၀၂၃၊ စာ. ၄

တရားသူကြီး ၁၅:၂၀

ကျမ်းညွှန်းများ

  • +က ၄၉:၁၆; သူ ၂:၁၆; ၁၃:၁၊ ၅; ၁၆:၃၁; ဟီ ၁၁:၃၂

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

သူကြီး. ၁၅:၂သူ ၁၄:၁၇
သူကြီး. ၁၅:၂သူ ၁၄:၁၁၊ ၂၀
သူကြီး. ၁၅:၆သူ ၁၄:၁၁၊ ၂၀
သူကြီး. ၁၅:၆သူ ၁၄:၁၅
သူကြီး. ၁၅:၇သူ ၁၄:၄
သူကြီး. ၁၅:၉၂ရှ ၂၃:၁၁၊ ၁၂
သူကြီး. ၁၅:၁၁သူ ၁၃:၁
သူကြီး. ၁၅:၁၄သူ ၁၃:၂၄၊ ၂၅; ၁၄:၅၊ ၆
သူကြီး. ၁၅:၁၄သူ ၁၆:၉၊ ၁၂
သူကြီး. ၁၅:၁၅သူ ၃:၃၁
သူကြီး. ၁၅:၁၆သူ ၁၆:၃၀
သူကြီး. ၁၅:၁၇သူ ၁၅:၉
သူကြီး. ၁၅:၁၉ထွ ၁၇:၆
သူကြီး. ၁၅:၂၀က ၄၉:၁၆; သူ ၂:၁၆; ၁၃:၁၊ ၅; ၁၆:၃၁; ဟီ ၁၁:၃၂
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားသူကြီး ၁၅:၁-၂၀

တရားသူကြီး

၁၅ ဂျုံစပါး ရိတ်သိမ်းချိန် ရောက်တဲ့အခါ ရှံဆုန်က ဆိတ်ကလေး တစ်ကောင်ယူပြီး သူ့ဇနီးကို သွားတွေ့တယ်။ “ကျွန်တော့်ဇနီးရဲ့ အခန်းထဲ ဝင်ချင်တယ်” လို့ခွင့်တောင်းတော့ မိန်းကလေးရဲ့ဖခင်က ပေးမဝင်ဘူး။ ၂ “ငါ့သမီးကို မင်းမုန်းသွားပြီထင်လို့+ သတို့သားအရံတစ်ယောက်နဲ့ ပေးစားလိုက်ပြီ။+ သမီးငယ်က ပိုတောင်လှသေးတယ်။ သူ့ကိုပဲ ယူလိုက်ပါလား” လို့ပြောတယ်။ ၃ ရှံဆုန်က “ဒီတစ်ခါ ဖိလိတိလူတွေကို ထိခိုက်အောင်လုပ်မိရင်တော့ ကျွန်တော့်ကို  အဆိုးမဆိုကြနဲ့”  လို့ပြောတယ်။

၄ ရှံဆုန်က မြေခွေး ၃၀၀ ကိုဖမ်းလာပြီး နှစ်ကောင်စီ အမြီးချင်း ပူးချည်လိုက်တယ်။ ပြီးတော့ အမြီးနှစ်ခုကြားမှာ မီးတုတ်တစ်ခုစီ ထည့်ထားလိုက်တယ်။ ၅ အဲဒီနောက် မီးတုတ်တွေကို မီးညှိပြီး မြေခွေးတွေကို ဖိလိတိတွေရဲ့ ဂျုံစပါးခင်းထဲ လွှတ်လိုက်လို့ ကောက်လှိုင်းစည်းတွေ၊ ကောက်ပင်တွေကအစ စပျစ်ခြံတွေ၊ သံလွင်ခြံတွေပါ အကုန်မီးလောင်သွားတယ်။

၆ ဖိလိတိလူတွေက “ဒါဘယ်သူ့လက်ချက်လဲ” လို့မေးတဲ့အခါ “ရှံဆုန်ရဲ့ လက်ချက်ပဲ။ ဒီလူက တိမနမြို့သားရဲ့သမက်လေ။ ယောက္ခမက သူ့မိန်းမကို သတို့သားအရံနဲ့ ပေးစားလိုက်လို့+ သူအခုလိုလုပ်ပစ်တာ” လို့ပြောကြတယ်။ ဒါနဲ့ ဖိလိတိလူတွေ တက်လာပြီး အဲဒီမိန်းကလေးနဲ့ သူ့ဖခင်ကို မီးရှို့ပစ်လိုက်တယ်။+ ၇ ရှံဆုန်က “မင်းတို့ ဒီလိုလုပ်မှတော့ ငါလည်း လက်စားချေရမှ ကျေနပ်မယ်”+ ဆိုပြီး၊ ၈ ဖိလိတိလူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်တယ်။ အဲဒီနောက် ဆင်းသွားပြီး ဧတံကျောက်ဂူမှာ နေထိုင်တယ်။

၉ နောက်ပိုင်းမှာ  ဖိလိတိတွေချီတက်လာတယ်။ ယုဒနယ်မြေ၊ လေဟိအရပ်မှာ+ တပ်ချပြီး လုယက်တိုက်ခိုက်ဖို့  လှည့်ပတ်သွားလာနေတယ်။ ၁၀ ယုဒအမျိုးသားတွေက “ကျွန်တော်တို့ကို ဘာလို့လာတိုက်တာလဲ” လို့မေးတော့ သူတို့က “ရှံဆုန်ကို လာဖမ်းတာ။ ငါတို့ကို သူလုပ်ခဲ့တဲ့အတိုင်း ပြန်လုပ်မလို့” ဆိုပြီး ဖြေကြတယ်။ ၁၁ ဒါကြောင့်  ယုဒအမျိုးသား ၃,၀၀၀ က ရှံဆုန်ရှိနေတဲ့ ဧတံကျောက်ဂူဆီ ဆင်းသွားပြီး “ငါတို့ကို ဖိလိတိလူတွေအုပ်ချုပ်နေတာ မင်းမသိဘူးလား။+ ငါတို့ဒုက္ခရောက်အောင် ဘာလို့လုပ်ရတာလဲ” ဆိုပြီးမေးတော့ ရှံဆုန်က “ငါ့ကို သူတို့လုပ်ခဲ့တဲ့အတိုင်း ငါပြန်လုပ်တာပဲ” လို့ဖြေတယ်။ ၁၂ သူတို့က “အခု မင်းကိုဖမ်းပြီး ဖိလိတိလူတွေလက်ထဲအပ်ဖို့ ငါတို့လာတာ” ဆိုတော့ ရှံဆုန်က “မင်းတို့ကိုယ်တိုင် ငါ့ကိုမသတ်ဘူးလို့ ကျိန်ဆိုပါ” ဆိုပြီးပြောတယ်။ ၁၃ သူတို့ကလည်း “အေးပါကွာ၊ မင်းကို ငါတို့မသတ်ပါဘူး။ ဖမ်းရုံပဲဖမ်းပြီး ဖိလိတိတွေလက်ထဲ အပ်မလို့ပါ” ဆိုပြီးပြောကြတယ်။

အဲဒီနောက်  သူ့ကို  ကြိုးသစ်နှစ်ချောင်းနဲ့ချည်ပြီး ကျောက်ဂူထဲကနေ ခေါ်ထုတ်လာတယ်။ ၁၄ လေဟိအရပ်ကို ရောက်လာတဲ့အခါ ဖိလိတိတွေက ရှံဆုန်ကိုမြင်တာနဲ့ ကြွေးကြော်ကြတယ်။ အဲဒီအခါ ယေဟောဝါရဲ့ စွမ်းအားတော် ခွန်အားပေးတဲ့အတွက်+ သူ့လက်ကို ချည်ထားတဲ့ ကြိုးတွေဟာ မီးကျွမ်းတဲ့ ချည်မျှင်တွေလိုဖြစ်ပြီး ပြတ်ထွက်ကုန်တယ်။+ ၁၅ အဲဒီနောက် ရှံဆုန်က မခြောက်သေးတဲ့ မြည်းမေးရိုးတစ်ချောင်းကို တွေ့တော့ ကောက်ယူပြီး လူ ၁,၀၀၀ ကို ရိုက်သတ်ပစ်တယ်။+ ၁၆ ပြီးတော့

“လူ ၁,၀၀၀ ကို မြည်းမေးရိုးနဲ့ ငါရိုက်သတ်လိုက်ပြီ။

မြည်းမေးရိုးနဲ့ ရိုက်သတ်လိုက်တာ အလောင်းတွေ တောင်ပုံရာပုံဖြစ်နေပြီ”+ လို့ပြောတယ်။

၁၇ အဲဒီလိုပြောပြီးနောက်  မြည်းမေးရိုးကို  လွှင့်ပစ်ပြီး  အဲဒီအရပ်ကို ရာမတ်လေဟိ*+ လို့နာမည်ပေးလိုက်တယ်။ ၁၈ ရှံဆုန် ရေသိပ်ဆာလာတော့ ယေဟောဝါဆီ ဆုတောင်းပြီး “ဒီလိုကြီးကျယ်တဲ့ ကယ်တင်ခြင်းကို ကျွန်တော့်ဆီ  ပေးအပ်တဲ့  အရှင်ဟာ ကိုယ်တော်ပါပဲ။ အခုတော့ ကျွန်တော် ရေငတ်သေပြီး အရေဖျားမဖြတ်သူတွေလက်ထဲ ရောက်ရတော့မှာလား” လို့အသနားခံတယ်။ ၁၉ ဒါနဲ့  ဘုရားသခင်က လေဟိအရပ်မှာရှိတဲ့ မြေချိုင့်ခွက်ကို ဖောက်လိုက်လို့ ရေတွေ စီးထွက်လာတယ်။+ ရှံဆုန်လည်း ရေသောက်ပြီး အားပြည့်လန်းဆန်းလာတယ်။  ဒါကြောင့် အဲဒီနေရာကို အင်ဟတ်ကောရ* လို့နာမည်ပေးလိုက်တယ်။  လေဟိအရပ်မှာ အဲဒီနေရာ အခုထိ ရှိနေတယ်။

၂၀ ရှံဆုန်က  ဖိလိတိတွေလက်ထက်မှာ အစ္စရေးတွေကို အနှစ် ၂၀ စီရင်အုပ်ချုပ်တယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ