ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၂၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ဝတ်ပြုရာ မာတိကာ

      • ဆက်ကပ်ထားရာများကို ပြန်ရွေးယူခြင်း (၁-၂၇)

        • လူ (၁-၈)

        • တိရစ္ဆာန် (၉-၁၃)

        • အိမ် (၁၄၊ ၁၅)

        • လယ်မြေ (၁၆-၂၅)

        • သားဦး (၂၆၊ ၂၇)

      • ယေဟောဝါဆီ အပြီးအပိုင် ဆက်ကပ်ရာများ (၂၈၊ ၂၉)

      • ဆယ်ဖို့တစ်ဖို့ကို ပြန်ဝယ်ယူခြင်း (၃၀-၃၄)

ဝတ်ပြုရာ ၂၇:၂

ကျမ်းညွှန်းများ

  • +တရ ၂၃:၂၁; သူ ၁၁:၃၀၊ ၃၁; ၁ရှ ၁:၁၁

ဝတ်ပြုရာ ၂၇:၃

အောက်ခြေမှတ်ချက်များ

  • *

    တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ဝတ်ပြုရာ ၂၇:၈

ကျမ်းညွှန်းများ

  • +ဝ ၅:၇၊ ၁၁; ၁၂:၈; ၁၄:၂၁
  • +လု ၂၁:၂-၄; ၂က ၈:၁၂

ဝတ်ပြုရာ ၂၇:၁၁

ကျမ်းညွှန်းများ

  • +ဝ ၂၀:၂၅; တရ ၁၄:၇၊ ၈

ဝတ်ပြုရာ ၂၇:၁၃

ကျမ်းညွှန်းများ

  • +ဝ ၂၇:၁၉

ဝတ်ပြုရာ ၂၇:၁၄

ကျမ်းညွှန်းများ

  • +ဝ ၂၇:၁၁၊ ၁၂

ဝတ်ပြုရာ ၂၇:၁၆

အောက်ခြေမှတ်ချက်များ

  • *

    တစ်ဟောမဲက ၂၂၀ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ဝတ်ပြုရာ ၂၇:၁၇

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ် “ယုဘိလ” ကိုကြည့်။

ကျမ်းညွှန်းများ

  • +ဝ ၂၅:၁၀

ဝတ်ပြုရာ ၂၇:၁၈

ကျမ်းညွှန်းများ

  • +ဝ ၂၅:၁၅၊ ၁၆

ဝတ်ပြုရာ ၂၇:၂၁

ကျမ်းညွှန်းများ

  • +တလ ၁၈:၈၊ ၁၄

ဝတ်ပြုရာ ၂၇:၂၂

ကျမ်းညွှန်းများ

  • +ဝ ၂၅:၂၅

ဝတ်ပြုရာ ၂၇:၂၃

ကျမ်းညွှန်းများ

  • +ဝ ၂၇:၁၁၊ ၁၂၊ ၁၈

ဝတ်ပြုရာ ၂၇:၂၄

ကျမ်းညွှန်းများ

  • +ဝ ၂၅:၁၀၊ ၂၈

ဝတ်ပြုရာ ၂၇:၂၅

အောက်ခြေမှတ်ချက်များ

  • *

    တစ်ဂေရက ဝ.၅၇ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ဝတ်ပြုရာ ၂၇:၂၆

ကျမ်းညွှန်းများ

  • +ထွ ၁၃:၂; တလ ၁၈:၁၇
  • +ထွ ၂၂:၃၀; တရ ၁၅:၁၉

ဝတ်ပြုရာ ၂၇:၂၇

ကျမ်းညွှန်းများ

  • +ဝ ၂၇:၁၁-၁၃

ဝတ်ပြုရာ ၂၇:၂၈

ကျမ်းညွှန်းများ

  • +တလ ၁၈:၈၊ ၁၄

ဝတ်ပြုရာ ၂၇:၂၉

ကျမ်းညွှန်းများ

  • +တလ ၂၁:၂
  • +ယရ ၆:၁၇; ၁ရှ ၁၅:၃၊ ၁၈

ဝတ်ပြုရာ ၂၇:၃၀

ကျမ်းညွှန်းများ

  • +က ၁၄:၂၀; ၂၈:၂၂; တလ ၁၈:၂၁၊ ၂၆; တရ ၁၄:၂၂; ၂ရ ၃၁:၅; နေ ၁၃:၁၂; မလ ၃:၁၀; လု ၁၁:၄၂; ဟီ ၇:၅

ဝတ်ပြုရာ ၂၇:၃၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁၅/၂၀၀၈၊ စာ. ၉

ဝတ်ပြုရာ ၂၇:၃၃

ကျမ်းညွှန်းများ

  • +ဝ ၂၇:၉၊ ၁၀

ဝတ်ပြုရာ ၂၇:၃၄

ကျမ်းညွှန်းများ

  • +ထွ ၃:၁; တလ ၁:၁

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ဝတ်. ၂၇:၂တရ ၂၃:၂၁; သူ ၁၁:၃၀၊ ၃၁; ၁ရှ ၁:၁၁
ဝတ်. ၂၇:၈ဝ ၅:၇၊ ၁၁; ၁၂:၈; ၁၄:၂၁
ဝတ်. ၂၇:၈လု ၂၁:၂-၄; ၂က ၈:၁၂
ဝတ်. ၂၇:၁၁ဝ ၂၀:၂၅; တရ ၁၄:၇၊ ၈
ဝတ်. ၂၇:၁၃ဝ ၂၇:၁၉
ဝတ်. ၂၇:၁၄ဝ ၂၇:၁၁၊ ၁၂
ဝတ်. ၂၇:၁၇ဝ ၂၅:၁၀
ဝတ်. ၂၇:၁၈ဝ ၂၅:၁၅၊ ၁၆
ဝတ်. ၂၇:၂၁တလ ၁၈:၈၊ ၁၄
ဝတ်. ၂၇:၂၂ဝ ၂၅:၂၅
ဝတ်. ၂၇:၂၃ဝ ၂၇:၁၁၊ ၁၂၊ ၁၈
ဝတ်. ၂၇:၂၄ဝ ၂၅:၁၀၊ ၂၈
ဝတ်. ၂၇:၂၆ထွ ၁၃:၂; တလ ၁၈:၁၇
ဝတ်. ၂၇:၂၆ထွ ၂၂:၃၀; တရ ၁၅:၁၉
ဝတ်. ၂၇:၂၇ဝ ၂၇:၁၁-၁၃
ဝတ်. ၂၇:၂၈တလ ၁၈:၈၊ ၁၄
ဝတ်. ၂၇:၂၉တလ ၂၁:၂
ဝတ်. ၂၇:၂၉ယရ ၆:၁၇; ၁ရှ ၁၅:၃၊ ၁၈
ဝတ်. ၂၇:၃၀က ၁၄:၂၀; ၂၈:၂၂; တလ ၁၈:၂၁၊ ၂၆; တရ ၁၄:၂၂; ၂ရ ၃၁:၅; နေ ၁၃:၁၂; မလ ၃:၁၀; လု ၁၁:၄၂; ဟီ ၇:၅
ဝတ်. ၂၇:၃၃ဝ ၂၇:၉၊ ၁၀
ဝတ်. ၂၇:၃၄ထွ ၃:၁; တလ ၁:၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဝတ်ပြုရာ ၂၇:၁-၃၄

ဝတ်ပြုရာ

၂၇ ယေဟောဝါက  မောရှေကို မိန့်မှာတယ်– ၂ “အစ္စရေးတွေကို ပြောပါ။ ‘လူတစ်ယောက်ကို ယေဟောဝါဆီ ပေးလှူဖို့၊ တစ်နည်းအားဖြင့် သူ့အတွက် သတ်မှတ်တန်ဖိုးကို ပေးလှူဖို့ အထူးသစ္စာကတိ ပြုထားတယ်ဆိုပါစို့။+ ၃ အသက်  ၂၀  နဲ့ ၆၀ ကြား ယောက်ျားဖြစ်ရင်  သတ်မှတ်တန်ဖိုးဟာ  သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အရ ငွေရှယ်ကယ်* ၅၀ ဖြစ်ရမယ်။ ၄ မိန်းမဖြစ်ရင်တော့ သတ်မှတ်တန်ဖိုးဟာ ရှယ်ကယ် ၃၀ ဖြစ်ရမယ်။ ၅ အသက် ၅ နှစ်နဲ့ ၂၀ ကြား ယောက်ျားဖြစ်ရင် သတ်မှတ်တန်ဖိုးဟာ ရှယ်ကယ် ၂၀၊ မိန်းမဖြစ်ရင် ရှယ်ကယ် ၁၀ ဖြစ်ရမယ်။ ၆ အသက်တစ်လသားနဲ့ ငါးနှစ်ကြား ယောက်ျားလေးဖြစ်ရင် သတ်မှတ်တန်ဖိုးဟာ ငွေငါးရှယ်ကယ်၊ မိန်းကလေးဖြစ်ရင် ငွေသုံးရှယ်ကယ် ဖြစ်ရမယ်။

၇ “‘အသက်  ၆၀  နဲ့  အထက် ယောက်ျားဖြစ်ရင် သတ်မှတ်တန်ဖိုးဟာ ၁၅ ရှယ်ကယ်၊ မိန်းမဖြစ်ရင် ရှယ်ကယ် ၁၀ ဖြစ်ရမယ်။ ၈ ဒါပေမဲ့ သစ္စာကတိပြုသူက ဆင်းရဲလွန်းလို့ သတ်မှတ်တန်ဖိုး မပေးနိုင်ရင်+ ပေးလှူခံရသူကို ပုရောဟိတ်ရှေ့ ခေါ်လာရမယ်။ ပုရောဟိတ်က တန်ဖိုးဖြတ်ပေးရမယ်။ သစ္စာကတိပြုသူ တတ်နိုင်တဲ့အပေါ်မူတည်ပြီး  တန်ဖိုးဖြတ်ပေးရမယ်။+

၉ “‘ယေဟောဝါဆီ သင့်လျော်တဲ့ တိရစ္ဆာန်တစ်ကောင် ပူဇော်ဖို့ သစ္စာကတိပြုတယ်ဆိုရင်  ယေဟောဝါကိုပေးမယ့် ဘယ်အကောင်မဆို သန့်ရှင်းမြင့်မြတ်တယ်။ ၁၀ အဲဒီတိရစ္ဆာန်ကို   နောက်တစ်ကောင်နဲ့   အစားထိုးလို့   မရသလို   အညံ့ကို   အကောင်းနဲ့၊ အကောင်းကို အညံ့နဲ့ လဲလှယ်လို့ မရဘူး။ တခြားတိရစ္ဆာန်နဲ့ လဲမယ်ဆိုရင် နဂိုအကောင်ရော၊ လဲလှယ်မယ့် အကောင်ရော သန့်ရှင်းမြင့်မြတ်ရာ  ဖြစ်သွားပြီ။ ၁၁ ယေဟောဝါအတွက် ပူဇော်ဆက်သလို့မရတဲ့ မသန့်ရှင်းတဲ့တိရစ္ဆာန်+ ဖြစ်နေမယ်ဆိုရင် အဲဒီ အကောင်ကို ပုရောဟိတ်ဆီ ယူလာရမယ်။ ၁၂ ပုရောဟိတ်က  အဲဒီတိရစ္ဆာန်  ကောင်းမကောင်းပေါ် မူတည်ပြီး တန်ဖိုးဖြတ်ပေးရမယ်။ တန်ဖိုးဖြတ်ပေးတဲ့အတိုင်း အတည်ဖြစ်ရမယ်။ ၁၃ အဲဒီတိရစ္ဆာန်ကို  ပြန်ဝယ်ချင်တယ်ဆိုရင် သတ်မှတ်တန်ဖိုးအပြင် တန်ဖိုးရဲ့ငါးပုံတစ်ပုံကို ထပ်ပေးရမယ်။+

၁၄ “‘လူတစ်ယောက်က ကိုယ့်အိမ်ကို ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်ရာအဖြစ်  ဆက်ကပ်မယ်ဆိုရင် ပုရောဟိတ်က   ကောင်းမကောင်းကို ကြည့်ပြီး တန်ဖိုးဖြတ်ရမယ်။ တန်ဖိုးဖြတ်တဲ့အတိုင်း  အတည်ဖြစ်ရမယ်။+ ၁၅ ကိုယ့်အိမ်ကို ဆက်ကပ်ပြီးမှ ပြန်ဝယ်ချင်တယ်ဆိုရင်တော့ သတ်မှတ်တန်ဖိုးအပြင် တန်ဖိုးရဲ့ ငါးပုံတစ်ပုံ ထပ်ပေးပြီး ပြန်ယူနိုင်တယ်။

၁၆ “‘လူတစ်ယောက်က  ကိုယ့်လယ်မြေတချို့ကို  ယေဟောဝါဆီ ဆက်ကပ်ချင်တယ်ဆိုရင်  မျိုးကြဲနိုင်တဲ့  အတိုင်းအတာပေါ်  မူတည်ပြီး တန်ဖိုးဖြတ်ရမယ်။ မုယောစပါးတစ်ဟောမဲ* ကြဲနိုင်တဲ့ လယ်မြေကို ငွေရှယ်ကယ်  ၅၀  လို့ တန်ဖိုးဖြတ်ရမယ်။ ၁၇ လယ်မြေကို  လွတ်လပ်ခွင့်ရတဲ့နှစ်* ကစပြီး+ ဆက်ကပ်မယ်ဆိုရင် သတ်မှတ်တန်ဖိုးအတိုင်း  အတည်ဖြစ်ရမယ်။ ၁၈ လွတ်လပ်ခွင့်ရတဲ့နှစ်ပြီးမှ ဆက်ကပ်မယ်ဆိုရင်တော့  ပုရောဟိတ်က လာမယ့်လွတ်လပ်ခွင့်ရတဲ့နှစ် ရောက်ဖို့ ဘယ်နှစ်နှစ်လိုသေးတယ်ဆိုတာကို တွက်ချက်ပြီး သတ်မှတ်တန်ဖိုးကို လျှော့ပေးရမယ်။+ ၁၉ ဆက်ကပ်တဲ့သူက လယ်မြေကို ပြန်ဝယ်မယ်ဆိုရင်တော့ သတ်မှတ်တန်ဖိုးအပြင် တန်ဖိုးရဲ့ ငါးပုံတစ်ပုံထပ်ပေးပြီး ပြန်ယူနိုင်တယ်။ ၂၀ ဒါပေမဲ့ လယ်မြေကို ပြန်မဝယ်ဘဲ တခြားလူကို ရောင်းလိုက်ရင် အဲဒီလယ်မြေကို ပြန်ဝယ်လို့ မရတော့ဘူး။ ၂၁ လွတ်လပ်ခွင့်ရတဲ့နှစ် ရောက်ရင် အဲဒီလယ်မြေဟာ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်ရာ၊ အပြီးအပိုင်  ဆက်ကပ်ထားတဲ့  လယ်မြေ ဖြစ်သွားပြီ။  ပုရောဟိတ်အပိုင်  ဖြစ်သွားပြီ။+

၂၂ “‘လူတစ်ယောက်က  အမွေရထားတဲ့ လယ်မြေမဟုတ်ဘဲ ဝယ်ထားတဲ့ လယ်မြေကို ယေဟောဝါဆီ ဆက်ကပ်မယ်ဆိုရင်၊+ ၂၃ ပုရောဟိတ်က လွတ်လပ်ခွင့်ရတဲ့နှစ် ရောက်ဖို့ ဘယ်နှစ်နှစ် လိုသေးတယ်ဆိုတာကို တွက်ချက်ပြီး တန်ဖိုးသတ်မှတ်ပေးရမယ်။ သတ်မှတ်တန်ဖိုးကို အဲဒီနေ့မှာပဲ သူပေးရမယ်။+ ဒါဟာ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်တယ်။ ၂၄ လွတ်လပ်ခွင့်ရတဲ့နှစ် ရောက်တဲ့အခါ အဲဒီလယ်မြေကို သူဝယ်ခဲ့တဲ့ မူလပိုင်ရှင်ဆီ ပြန်ပေးရမယ်။+

၂၅ “‘တန်ဖိုးဖြတ်တိုင်း သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း ဖြတ်ရမယ်။ တစ်ရှယ်ကယ်မှာ ဂေရ* ၂၀ ရှိတယ်။

၂၆ “‘တိရစ္ဆာန်ရဲ့   သားဦးတွေကိုတော့ မဆက်ကပ်ရဘူး။ သားဦးတွေကို ယေဟောဝါပိုင်တယ်။+ နွားဖြစ်စေ၊ သိုးဖြစ်စေ ယေဟောဝါပိုင်ဆိုင်ပြီးသားပဲ။+ ၂၇ မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေထဲက သားဦးကိုတော့ ပြန်ရွေးနိုင်တယ်။ ပြန်ရွေးမယ်ဆိုရင် သတ်မှတ်တန်ဖိုးအပြင် တန်ဖိုးရဲ့  ငါးပုံတစ်ပုံကို  ထပ်ပေးရမယ်။+  ပြန်မရွေးဘူးဆိုရင်  ပုရောဟိတ်က  သတ်မှတ်တန်ဖိုးအတိုင်း ရောင်းရမယ်။

၂၈ “‘လူတစ်ယောက်က  ကိုယ်ပိုင်ဆိုင်တဲ့ လူ၊ တိရစ္ဆာန် ဒါမှမဟုတ် လယ်မြေကို ယေဟောဝါဆီ အပြီးအပိုင်  ဆက်ကပ်မယ်ဆိုရင်တော့ ရောင်းလို့မရဘူး၊  ပြန်ဝယ်လို့လည်း မရဘူး။  အပြီးအပိုင် ဆက်ကပ်ထားတာမှန်သမျှဟာ ယေဟောဝါအတွက် အသန့်ရှင်းဆုံးအရာပဲ။+ ၂၉ ဖျက်ဆီးဖို့ သတ်မှတ်ခံရသူကိုလည်း ပြန်ရွေးလို့ မရဘူး။+ အဲဒီလူအတွက် သေဒဏ်ပဲရှိတယ်။+

၃၀ “‘ကောက်နှံဖြစ်စေ၊ အသီးဖြစ်စေ ဆယ်ဖို့တစ်ဖို့ကို+ ယေဟောဝါပိုင်တယ်။ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်ရာ  ဖြစ်တယ်။ ၃၁ လူတစ်ယောက်က ကိုယ့်ရဲ့ ဆယ်ဖို့တစ်ဖို့ကို ပြန်ဝယ်ချင်တယ်ဆိုရင် တန်ရာတန်ကြေးအပြင် တန်ဖိုးရဲ့ ငါးပုံတစ်ပုံကို ထပ်ပေးရမယ်။ ၃၂ သိုးထိန်းက တိရစ္ဆာန်အုပ်ထဲက သိုးတွေကို ရေတွက်တဲ့အခါ ဆယ်ကောင်မြောက် အကောင်ကို ဖယ်ထားရမယ်။ ဆယ်ကောင်မြောက် တိရစ္ဆာန်တိုင်းဟာ ယေဟောဝါအတွက် သန့်ရှင်းမြင့်မြတ်တယ်။ ၃၃ အဲဒီတိရစ္ဆာန်ကို ကောင်းမကောင်း မစစ်ဆေးရဘူး။ တခြားတိရစ္ဆာန်နဲ့ မလဲရဘူး။ လဲမယ်ဆိုရင် နဂိုအကောင်ရော၊ လဲလှယ်မယ့် အကောင်ရော သန့်ရှင်းမြင့်မြတ်တယ်။+ ပြန်ဝယ်လို့ မရဘူး။’”

၃၄ ဒါတွေဟာ ဆိုင်းနိုင်းတောင်မှာ မောရှေကတစ်ဆင့်  အစ္စရေးလူမျိုးအတွက် ယေဟောဝါပေးတဲ့ ပညတ်ချက်တွေပဲ။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ