ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၁၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၁ ရှမွေလ မာတိကာ

      • ရှောလုကို ဘုရင်အဖြစ် ဘိသိက်ပေး (၁-၁၆)

      • ရှောလုကို လူတွေရှေ့ ထုတ် (၁၇-၂၇)

၁ ရှမွေလ ၁၀:၁

ကျမ်းညွှန်းများ

  • +၁ရှ ၁၆:၁၃; ၂ဘု ၉:၂၊ ၃
  • +ထွ ၁၉:၅; တရ ၃၂:၉
  • +၁ရှ ၉:၁၆; တ ၁၃:၂၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    တုပပါ၊ စာ. ၇၃

    ကင်းမျှော်စင်၊

    ၁/၁/၂၀၁၁၊ စာ. ၂၇

၁ ရှမွေလ ၁၀:၂

ကျမ်းညွှန်းများ

  • +က ၃၅:၁၉
  • +၁ရှ ၉:၃၊ ၅

၁ ရှမွေလ ၁၀:၃

ကျမ်းညွှန်းများ

  • +က ၂၈:၁၉၊ ၂၂

၁ ရှမွေလ ၁၀:၆

ကျမ်းညွှန်းများ

  • +တလ ၁၁:၂၅
  • +၁ရှ ၁၀:၁၀

၁ ရှမွေလ ၁၀:၈

ကျမ်းညွှန်းများ

  • +၁ရှ ၇:၁၅၊ ၁၆; ၁၁:၁၄

၁ ရှမွေလ ၁၀:၁၀

ကျမ်းညွှန်းများ

  • +သူ ၁၄:၅၊ ၆; ၁ရှ ၁၁:၆; ၁၆:၁၃
  • +၁ရှ ၁၀:၆; ၁၉:၂၃

၁ ရှမွေလ ၁၀:၁၂

ကျမ်းညွှန်းများ

  • +၁ရှ ၁၉:၂၄

၁ ရှမွေလ ၁၀:၁၄

ကျမ်းညွှန်းများ

  • +၁ရှ ၉:၃

၁ ရှမွေလ ၁၀:၁၇

ကျမ်းညွှန်းများ

  • +၁ရှ ၇:၅

၁ ရှမွေလ ၁၀:၁၈

ကျမ်းညွှန်းများ

  • +ထွ ၁၃:၁၄; တရ ၄:၃၄

၁ ရှမွေလ ၁၀:၁၉

ကျမ်းညွှန်းများ

  • +၁ရှ ၈:၇; ၁၂:၁၂

၁ ရှမွေလ ၁၀:၂၀

ကျမ်းညွှန်းများ

  • +ယရ ၇:၁၆-၁၈; တ ၁:၂၄
  • +၁ရှ ၉:၂၁

၁ ရှမွေလ ၁၀:၂၁

ကျမ်းညွှန်းများ

  • +တ ၁၃:၂၁

၁ ရှမွေလ ၁၀:၂၂

ကျမ်းညွှန်းများ

  • +သူ ၁:၁; ၂၀:၁၈၊ ၂၈; ၁ရှ ၂၃:၂

၁ ရှမွေလ ၁၀:၂၃

ကျမ်းညွှန်းများ

  • +၁ရှ ၉:၂

၁ ရှမွေလ ၁၀:၂၄

ကျမ်းညွှန်းများ

  • +တရ ၁၇:၁၄၊ ၁၅; ၁ရှ ၉:၁၇

၁ ရှမွေလ ၁၀:၂၅

ကျမ်းညွှန်းများ

  • +၁ရှ ၈:၁၁-၁၈

၁ ရှမွေလ ၁၀:၂၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၁၅၊ စာ. ၁၁

၁ ရှမွေလ ၁၀:၂၇

ကျမ်းညွှန်းများ

  • +၁ရှ ၁၁:၁၂
  • +၁ဘု ၁၀:၁၊ ၁၀; ၂ရ ၁၇:၅

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၁ ရှ. ၁၀:၁၁ရှ ၁၆:၁၃; ၂ဘု ၉:၂၊ ၃
၁ ရှ. ၁၀:၁ထွ ၁၉:၅; တရ ၃၂:၉
၁ ရှ. ၁၀:၁၁ရှ ၉:၁၆; တ ၁၃:၂၁
၁ ရှ. ၁၀:၂က ၃၅:၁၉
၁ ရှ. ၁၀:၂၁ရှ ၉:၃၊ ၅
၁ ရှ. ၁၀:၃က ၂၈:၁၉၊ ၂၂
၁ ရှ. ၁၀:၆တလ ၁၁:၂၅
၁ ရှ. ၁၀:၆၁ရှ ၁၀:၁၀
၁ ရှ. ၁၀:၈၁ရှ ၇:၁၅၊ ၁၆; ၁၁:၁၄
၁ ရှ. ၁၀:၁၀သူ ၁၄:၅၊ ၆; ၁ရှ ၁၁:၆; ၁၆:၁၃
၁ ရှ. ၁၀:၁၀၁ရှ ၁၀:၆; ၁၉:၂၃
၁ ရှ. ၁၀:၁၂၁ရှ ၁၉:၂၄
၁ ရှ. ၁၀:၁၄၁ရှ ၉:၃
၁ ရှ. ၁၀:၁၇၁ရှ ၇:၅
၁ ရှ. ၁၀:၁၈ထွ ၁၃:၁၄; တရ ၄:၃၄
၁ ရှ. ၁၀:၁၉၁ရှ ၈:၇; ၁၂:၁၂
၁ ရှ. ၁၀:၂၀ယရ ၇:၁၆-၁၈; တ ၁:၂၄
၁ ရှ. ၁၀:၂၀၁ရှ ၉:၂၁
၁ ရှ. ၁၀:၂၁တ ၁၃:၂၁
၁ ရှ. ၁၀:၂၂သူ ၁:၁; ၂၀:၁၈၊ ၂၈; ၁ရှ ၂၃:၂
၁ ရှ. ၁၀:၂၃၁ရှ ၉:၂
၁ ရှ. ၁၀:၂၄တရ ၁၇:၁၄၊ ၁၅; ၁ရှ ၉:၁၇
၁ ရှ. ၁၀:၂၅၁ရှ ၈:၁၁-၁၈
၁ ရှ. ၁၀:၂၇၁ရှ ၁၁:၁၂
၁ ရှ. ၁၀:၂၇၁ဘု ၁၀:၁၊ ၁၀; ၂ရ ၁၇:၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရှမွေလ ၁၀:၁-၂၇

၁ ရှမွေလ

၁၀ အဲဒီနောက် ရှမွေလက ဆီဘူးကိုယူပြီး ရှောလုခေါင်းပေါ် လောင်းလိုက်တယ်။+ သူ့ကိုနမ်းပြီး “ယေဟောဝါဘုရားက မင်းကို အစ္စရေးလူမျိုးရဲ့+ ခေါင်းဆောင်အဖြစ် ဘိသိက်ပေးလိုက်ပြီ။+ ၂ ဒီနေ့ ငါ့ဆီကနေ ပြန်သွားတဲ့အခါ ဗင်ယာမိန်နယ်မြေ၊ ဇေလဇအရပ်က ရာခေလသင်္ချိုင်းနားမှာ+ လူနှစ်ယောက်ကို တွေ့လိမ့်မယ်။ သူတို့က ‘ခင်ဗျားလိုက်ရှာနေတဲ့ မြည်းတွေကို တွေ့ပြီ။ အခု ခင်ဗျားရဲ့အဖေက မြည်းတွေအတွက် စိတ်မပူတော့ဘဲ+ “ငါ့သားလည်း ပြန်မလာသေးဘူး။ ဘာလုပ်ရပါ့မလဲ” ဆိုပြီးခင်ဗျားတို့အတွက် စိတ်ပူနေတယ်’ လို့ပြောလိမ့်မယ်။ ၃ အဲဒီကနေ တာဗော်အပင်ကြီးနား ရောက်တဲ့အထိ ဆက်သွားပါ။ စစ်မှန်တဲ့ဘုရားသခင်ကို ဝတ်ပြုဖို့ ဗေသလမြို့ကို+ သွားနေတဲ့ လူသုံးယောက်ကို တွေ့လိမ့်မယ်။ တစ်ယောက်က ဆိတ်ကလေးသုံးကောင်ကို ဆွဲလာလိမ့်မယ်။ တစ်ယောက်က မုန့်သုံးလုံးကို ကိုင်ပြီး နောက်တစ်ယောက်က ဝိုင်အိုးကြီးတစ်လုံးကို သယ်လာလိမ့်မယ်။ ၄ သူတို့က မင်းကို နှုတ်ဆက်စကား ပြောပြီး မုန့်နှစ်လုံး ပေးတဲ့အခါ လက်ခံလိုက်ပါ။ ၅ ပြီးရင် ဖိလိတိမြို့စောင့်တပ်ရှိရာ ဘုရားသခင်ရဲ့တောင်ကို ဆက်သွားပါ။ မြို့ထဲရောက်တဲ့အခါ အထွတ်အမြတ်နေရာကနေ ဆင်းလာတဲ့ ပရောဖက်တစ်စုနဲ့ ဆုံလိမ့်မယ်။ သူတို့ပရောဖက်ပြုနေတုန်း လူတွေက သူတို့ရှေ့မှာ ကြိုးတပ်တူရိယာ၊ ချူတပ်ဗုံ၊ ပလွေနဲ့ စောင်းတွေ တီးမှုတ်နေလိမ့်မယ်။ ၆ အဲဒီအချိန်မှာပဲ မင်းအပေါ် ယေဟောဝါဘုရားရဲ့ စွမ်းအားတော် သက်ရောက်လာပြီး+ သူတို့နဲ့အတူ ပရောဖက်ပြုနိုင်မယ်။ မင်းက ခြားနားတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားမယ်။+ ၇ ဒီနိမိတ်တွေအတိုင်း ဖြစ်လာရင် မင်းနဲ့အတူ ဘုရားသခင်ရှိတယ်ဆိုတဲ့ သဘောပဲ။ ဒီတော့ မင်းလုပ်နိုင်တာမှန်သမျှ အတတ်နိုင်ဆုံးလုပ်ပါ။ ၈ ပြီးရင် ဂိလဂါလမြို့ကို+ အရင် ဆင်းသွားနှင့်ပါ။ ငါလည်း မီးရှို့ရာ ပူဇော်သက္ကာတွေ၊ မိတ်သဟာယ ပူဇော်သက္ကာတွေ ဆက်သဖို့ လိုက်လာမယ်။ ငါမလာမချင်း ခုနစ်ရက် စောင့်နေပါ။ အဲဒီအခါကျမှ မင်းဘာလုပ်ရမယ်ဆိုတာ ငါပြောပြမယ်” လို့မှာတယ်။

၉ ရှမွေလဆီကနေ ရှောလုထွက်သွားတာနဲ့ ဘုရားသခင်က သူ့စိတ်သဘောထားကို တခြားတစ်ယောက်ရဲ့ စိတ်သဘောထားလို ဖြစ်အောင် ပြောင်းလဲပေးတယ်။ နိမိတ်အားလုံး အဲဒီနေ့မှာ တကယ်ဖြစ်ပျက်လာတယ်။ ၁၀ အဲဒီနေရာကနေ တောင်ပေါ်ကို သူတို့သွားတဲ့အခါ ပရောဖက်တစ်စုနဲ့ တွေ့တယ်။ အဲဒီအချိန်မှာပဲ ဘုရားသခင့်စွမ်းအားတော် သက်ရောက်လာတဲ့အတွက်+ ရှောလုက သူတို့နဲ့အတူ ပရောဖက်ပြုတော့တယ်။+ ၁၁ သူ့ကိုသိထားတဲ့ လူတွေက သူပရောဖက်ပြုနေတာကို မြင်တဲ့အခါ “ကိရှရဲ့သား ဘယ်လိုဖြစ်သွားပါလိမ့်။ ရှောလုလည်း ပရောဖက်ပဲလား” ဆိုပြီး အချင်းချင်း ပြောကြတယ်။ ၁၂ တစ်ယောက်က “တခြားပရောဖက်တွေရဲ့ အဖေတွေကော ဘယ်သူမို့လို့လဲ” လို့ပြောတယ်။ ဒီလိုနဲ့ “ရှောလုလည်း ပရောဖက်ပဲလား”+ ဆိုတဲ့ ဆိုရိုးစကား ပေါ်လာတယ်။

၁၃ ရှောလုက ပရောဖက်ပြုပြီးသွားတဲ့အခါ အထွတ်အမြတ်နေရာကို ရောက်လာတယ်။ ၁၄ ရှောလုရဲ့ ဘထွေးက “မင်းတို့ ဘယ်သွားတာလဲ” လို့ သူနဲ့ သူ့နောက်လိုက်ကို မေးတယ်။ “မြည်းတွေကို သွားရှာတာပါ။+ ရှာမတွေ့တာနဲ့ ရှမွေလဆီ ရောက်သွားတာ” ဆိုပြီး ရှောလုဖြေတယ်။ ၁၅ ဘထွေးက “မင်းတို့ကို ရှမွေလ ဘာပြောလဲ၊ ပြောစမ်းပါဦး” လို့မေးတယ်။ ၁၆ ရှောလုက “မြည်းတွေကို ရှာတွေ့ပြီတဲ့” ဆိုပြီးဖြေတယ်။ သူ ဘုရင်ဖြစ်မယ်လို့ ရှမွေလပြောခဲ့တဲ့အကြောင်းကိုတော့ မပြောပြဘူး။

၁၇ ရှမွေလက မိဇပါမြို့မှာ ယေဟောဝါရှေ့ စုရုံးဖို့ အစ္စရေးတွေကို ခေါ်လိုက်တယ်။+ ၁၈ ပြီးတော့ သူတို့ကို “အစ္စရေးတို့ရဲ့ ဘုရားသခင် ယေဟောဝါ ပြောတာက ‘ငါဟာ မင်းတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ မင်းတို့ကိုဖိနှိပ်တဲ့ အီဂျစ်လူတွေနဲ့ တခြားနိုင်ငံတွေ လက်ထဲကနေ ကယ်တင်တဲ့အရှင် ဖြစ်တယ်။+ ၁၉ ဒါပေမဲ့ အခုတော့ မင်းတို့က အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကနေ ကယ်ခဲ့တဲ့ ကယ်တင်ရှင် ဘုရားသခင်ကို ပစ်ပယ်ပြီး+ “ကျွန်တော်တို့အတွက် ဘုရင်တစ်ပါး ခန့်အပ်ပေးပါ” လို့တောင်းဆိုကြတယ်။ အခု မင်းတို့အားလုံး အနွယ်အလိုက်၊ ဆွေမျိုးစုအလိုက် ယေဟောဝါရှေ့မှာ ရပ်နေကြ’” လို့ပြောတယ်။

၂၀ ပြီးတော့ ရှမွေလက အစ္စရေးအနွယ်အားလုံးကို ရှေ့တော် လာခိုင်းတဲ့အခါ+ ဗင်ယာမိန်အနွယ် ရွေးထုတ်ခံရတယ်။+ ၂၁ ဗင်ယာမိန်အနွယ်ရဲ့ ဆွေမျိုးစုတွေကို ရှေ့ထွက်လာခိုင်းတဲ့အခါ မာတရိရဲ့ဆွေမျိုးစု ရွေးထုတ်ခံရတယ်။ နောက်ဆုံး ကိရှရဲ့သားရှောလု ရွေးထုတ်ခံရတယ်။+ ဒါနဲ့ ရှောလုကို လိုက်ရှာကြတော့ ရှာမတွေ့ဘူး။ ၂၂ ဒါကြောင့် “သူဒီကိုရောက်နေပြီလား” ဆိုပြီး ယေဟောဝါကို မေးတဲ့အခါ+ ယေဟောဝါက “ရောက်နေပြီ။ အထုပ်အပိုးတွေကြားမှာ သူပုန်းနေတယ်” လို့ပြောတယ်။ ၂၃ ဒါနဲ့ သူ့ကို ပြေးခေါ်ကြတယ်။ လူတွေကြားမှာ ရပ်လိုက်တဲ့အခါ သူ့အရပ်က တခြားလူတွေထက် ခေါင်းတစ်လုံးစာ ပိုမြင့်နေတယ်။+ ၂၄ ရှမွေလက “ဒီမှာကြည့်ကြ။ ယေဟောဝါဘုရား ရွေးချယ်တာ သူပဲ။+ လူတွေထဲမှာ သူ့လိုလူ မရှိဘူး” လို့ပြောတော့ လူတွေကလည်း “အရှင်မင်းကြီး အသက်တော်ရှည်ပါစေ” လို့ကြွေးကြော်ကြတယ်။

၂၅ အဲဒီနောက် ရှမွေလက ဘုရင်တွေရဲ့ ရပိုင်ခွင့်အကြောင်း လူတွေကို ပြောပြတယ်။+ စာနဲ့လည်း ရေးမှတ်ပြီး အဲဒီစာလိပ်ကို ယေဟောဝါရှေ့မှာ ထားတယ်။ ပြီးတော့ လူတွေကို အိမ်ပြန်လွှတ်လိုက်တယ်။ ၂၆ ရှောလုလည်း ဂိဗာမြို့မှာရှိတဲ့ နေအိမ်ကို ပြန်သွားတယ်။ စစ်သည်တွေရဲ့ စိတ်ကို ယေဟောဝါ လှုံ့ဆော်ပေးတဲ့အတွက် သူတို့ လိုက်သွားကြတယ်။ ၂၇ လူဖျင်းတချို့က “ဒီလူက ငါတို့ကို ဘယ်လိုလုပ် ကယ်နိုင်မှာလဲ” လို့ကဲ့ရဲ့တယ်။+ သူ့ကို အထင်သေးပြီး ဘာလက်ဆောင်မှ မပေးကြဘူး။+ ရှောလုကတော့ ဘာမှပြန်မပြောဘဲ နေလိုက်တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ