ကမ္ဘာဦး
၂၃ စာရာဟာ ၁၂၇ နှစ် အသက်ရှင်ပြီးနောက်၊+ ၂ ခါနန်ပြည်၊+ ဟေဗြုန်မြို့လို့ခေါ်တဲ့+ ကိရယအာဘမြို့မှာ+ သေဆုံးသွားတယ်။ အာဗြဟံလည်း စာရာကြောင့် ဝမ်းနည်းပူဆွေးပြီး ငိုကြွေးတယ်။ ၃ အဲဒီနောက် စာရာရဲ့အလောင်းနားကနေ ထသွားပြီး ဟေသအမျိုးသားတွေကို၊+ ၄ “ကျွန်တော်ဟာ ခင်ဗျားတို့ဆီ လာအခြေချတဲ့ တိုင်းတစ်ပါးသားပါ။+ ဒါကြောင့် ကျွန်တော့်ဇနီးကို သင်္ဂြိုဟ်ဖို့ သင်္ချိုင်းမြေတစ်ကွက်လောက် ပေးပါလား” လို့ တောင်းဆိုတယ်။ ၅ အဲဒီအခါ ဟေသအမျိုးသားတွေက အာဗြဟံကို၊ ၆ “ခင်ဗျားဟာ ဘုရားသခင် ရွေးချယ်ထားတဲ့ ခေါင်းဆောင်ပဲ။*+ ခင်ဗျားရဲ့ဇနီးကို ဒီမှာရှိတဲ့ အကောင်းဆုံးသင်္ချိုင်းမှာ သင်္ဂြိုဟ်နိုင်ပါတယ်။ ခင်ဗျားရဲ့ဇနီးကို သင်္ဂြိုဟ်ဖို့ ဘယ်သူမှ ကိုယ့်သင်္ချိုင်းကို မပေးဘဲမနေပါဘူး” လို့ပြန်ပြောကြတယ်။
၇ အာဗြဟံလည်း အဲဒီပြည်သားတွေဖြစ်တဲ့ ဟေသအမျိုးသားတွေကို+ ဦးညွှတ်ပြီး၊ ၈ “ကျွန်တော့်ဇနီးကို သင်္ဂြိုဟ်ဖို့ ခင်ဗျားတို့သဘောတူတယ်ဆိုရင် ကျွန်တော်ပြောတာကို နားထောင်ပါ။ ဇောဟာရဲ့သား ဧဖရုန်ကို၊ ၉ သူ့မြေကွက်အစွန်မှာရှိတဲ့ မက်ပေလဂူကို ကျွန်တော့်ဆီ ရောင်းဖို့ ပြောပေးကြပါ။ တန်ရာတန်ကြေးကို+ ခင်ဗျားတို့ရှေ့မှာတင် ပေးပါ့မယ်။ သင်္ချိုင်းမြေတစ်ကွက်+ လိုချင်လို့ပါ” လို့ပြောတယ်။
၁၀ ဒီအချိန်မှာ ဟိတ္တိလူမျိုး ဧဖရုန်ဟာ မြို့တံခါးမှာ+ ဟေသအမျိုးသားတွေနဲ့အတူ ထိုင်နေတယ်။ သူက ဟေသအမျိုးသားတွေရှေ့မှာ၊ ၁၁ “မဟုတ်တာဗျာ။ ကျွန်တော်ပြောတာ နားထောင်ပါဦး။ မြေကွက်ရော၊ မြေကွက်မှာရှိတဲ့ဂူရော ကျွန်တော့်လူမျိုးတွေရှေ့မှာ ခင်ဗျားကို ပေးပါတယ်။ ခင်ဗျားရဲ့ဇနီးကို သင်္ဂြိုဟ်လိုက်ပါ” လို့ပြောတယ်။ ၁၂ အဲဒီအခါ အာဗြဟံက ပြည်သားတွေရှေ့မှာ ဦးညွှတ်ပြီး၊ ၁၃ လူအများကြားနိုင်အောင် “တစ်ဆိတ်လောက် နားထောင်ပါဦး။ မြေကွက်အတွက် တန်ရာတန်ကြေး ပေးပါ့မယ်။ ကျွန်တော့်ဇနီးကို အဲဒီမှာသင်္ဂြိုဟ်နိုင်ဖို့ ဒီငွေစကို လက်ခံပါ” လို့ပြောလိုက်တယ်။
၁၄ အဲဒီအခါ ဧဖရုန်က အာဗြဟံကို၊ ၁၅ “ဒီမြေကွက်ဟာ ငွေရှယ်ကယ်* ၄၀၀ တန်တယ်။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ ခင်ဗျားရဲ့ဇနီးကိုသာ သင်္ဂြိုဟ်ပါ” လို့ ပြန်ပြောတယ်။ ၁၆ အာဗြဟံလည်း သဘောတူပြီး ဟေသအမျိုးသားတွေရှေ့မှာ ဧဖရုန်ပြောခဲ့တဲ့ငွေပမာဏ ရှယ်ကယ် ၄၀၀ ကို ကုန်သည်တွေရဲ့ စံအလေးချိန်အတိုင်း ချိန်ပေးလိုက်တယ်။+ ၁၇ ဧဖရုန်ရဲ့မြေကွက်က မံရေအရပ်ရဲ့အရှေ့ဘက် မက်ပေလအရပ်မှာ ရှိတယ်။ အဲဒီမြေကွက်၊ မြေကွက်မှာရှိတဲ့ ဂူနဲ့အပင်အားလုံးကို၊ ၁၈ မြို့တံခါးမှာရှိတဲ့ ဟေသအမျိုးသားတွေရှေ့မှာ အာဗြဟံဝယ်ထားတဲ့ မြေကွက်အဖြစ် အတည်ပြုလိုက်တယ်။ ၁၉ အဲဒီနောက် အာဗြဟံက ဇနီးစာရာကို ခါနန်ပြည်၊ ဟေဗြုန်မြို့၊ မံရေအရပ်ရဲ့ အရှေ့ဘက်မှာရှိတဲ့ မက်ပေလမြေကွက်က ဂူထဲမှာ သင်္ဂြိုဟ်တယ်။ ၂၀ မြေကွက်နဲ့ မြေကွက်မှာရှိတဲ့ဂူဟာ ဟေသအမျိုးသားတွေ လွှဲပေးလိုက်တဲ့ အာဗြဟံပိုင် သင်္ချိုင်းမြေ ဖြစ်လာတယ်။+