ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားသူကြီး မာတိကာ

      • မိဒျန်လူတွေ အစ္စရေးတွေကို ဖိနှိပ် (၁-၁၀)

      • တရားသူကြီးဂိဒေါင်ကို ကောင်းကင်တမန် အားပေး (၁၁-၂၄)

      • ဗာလယဇ်ပလ္လင်ကို ဂိဒေါင်ဖြိုချ (၂၅-၃၂)

      • ဂိဒေါင်အပေါ် စွမ်းအားတော် သက်ရောက် (၃၃-၃၅)

      • သိုးမွေးနဲ့ စမ်းသပ် (၃၆-၄၀)

တရားသူကြီး ၆:၁

ကျမ်းညွှန်းများ

  • +သူ ၂:၁၉
  • +တရ ၂၈:၁၅၊ ၄၈; သူ ၂:၁၄; နေ ၉:၂၈

တရားသူကြီး ၆:၂

အောက်ခြေမှတ်ချက်များ

  • *

    “မြေအောက်ခန်းတွေ” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +တလ ၃၃:၅၅
  • +၁ရှ ၁၃:၅၊ ၆

တရားသူကြီး ၆:၃

ကျမ်းညွှန်းများ

  • +သူ ၃:၁၃
  • +သူ ၈:၁၀

တရားသူကြီး ၆:၄

ကျမ်းညွှန်းများ

  • +တရ ၂၈:၁၅၊ ၃၃; ၂၈:၃၁၊ ၄၈

တရားသူကြီး ၆:၅

ကျမ်းညွှန်းများ

  • +သူ ၈:၁၀
  • +သူ ၇:၁၂

တရားသူကြီး ၆:၆

ကျမ်းညွှန်းများ

  • +တရ ၄:၃၀

တရားသူကြီး ၆:၇

ကျမ်းညွှန်းများ

  • +သူ ၂:၁၈; ဆ ၁၀၇:၁၉

တရားသူကြီး ၆:၈

ကျမ်းညွှန်းများ

  • +ထွ ၂၀:၂; ဝ ၂၆:၁၃; သူ ၂:၁

တရားသူကြီး ၆:၉

ကျမ်းညွှန်းများ

  • +ယရ ၁၀:၄၂; နေ ၉:၂၄

တရားသူကြီး ၆:၁၀

ကျမ်းညွှန်းများ

  • +တရ ၆:၄
  • +ယရ ၂၄:၁၅
  • +တရ ၂၈:၁၅; သူ ၂:၂; ယေ ၃:၁၃

တရားသူကြီး ၆:၁၁

ကျမ်းညွှန်းများ

  • +သူ ၂:၁
  • +ယရ ၁၇:၂; သူ ၆:၂၄; ၈:၃၂
  • +က ၄၉:၂၂၊ ၂၄; ဟီ ၁၁:၃၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁၅/၂၀၁၄၊ စာ. ၂၂

    ၇/၁၅/၂၀၀၅၊ စာ. ၁၄

တရားသူကြီး ၆:၁၂

ကျမ်းညွှန်းများ

  • +သူ ၂:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁၅/၂၀၁၄၊ စာ. ၂၂

    ၇/၁၅/၂၀၀၅၊ စာ. ၁၄

တရားသူကြီး ၆:၁၃

ကျမ်းညွှန်းများ

  • +သူ ၆:၂
  • +ထွ ၁၃:၁၄
  • +တရ ၄:၉; ဆ ၄၄:၁
  • +တရ ၃၁:၁၇; ၂ရ ၁၅:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁/၂၀၀၀၊ စာ. ၁၆-၁၇

တရားသူကြီး ၆:၁၄

အောက်ခြေမှတ်ချက်များ

  • *

    “ယေဟောဝါရဲ့ ကောင်းကင်တမန်။”

ကျမ်းညွှန်းများ

  • +သူ ၈:၂၂; ဟီ ၁၁:၃၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁/၂၀၀၀၊ စာ. ၁၆-၁၇

တရားသူကြီး ၆:၁၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁/၂၀၀၀၊ စာ. ၁၆-၁၇

တရားသူကြီး ၆:၁၆

ကျမ်းညွှန်းများ

  • +တရ ၂၀:၃၊ ၄; သူ ၂:၁၈

တရားသူကြီး ၆:၁၈

ကျမ်းညွှန်းများ

  • +က ၁၈:၃၊ ၅; သူ ၁၃:၁၅

တရားသူကြီး ၆:၁၉

အောက်ခြေမှတ်ချက်များ

  • *

    တစ်ဧဖာက ၂၂ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ကျမ်းညွှန်းများ

  • +က ၁၈:၆၊ ၇; ၁၉:၁၊ ၃

တရားသူကြီး ၆:၂၁

ကျမ်းညွှန်းများ

  • +ဝ ၉:၂၄; သူ ၁၃:၁၉၊ ၂၀; ၁ဘု ၁၈:၃၈; ၁ရ ၂၁:၂၆; ၂ရ ၇:၁

တရားသူကြီး ၆:၂၂

ကျမ်းညွှန်းများ

  • +သူ ၁၃:၈၊ ၉; ဟီ ၁၃:၂
  • +က ၁၆:၇၊ ၁၃; ၃၂:၂၄၊ ၃၀; သူ ၁၃:၂၁၊ ၂၂; လု ၁:၁၁၊ ၁၂

တရားသူကြီး ၆:၂၃

ကျမ်းညွှန်းများ

  • +ဒံ ၁၀:၁၉

တရားသူကြီး ၆:၂၄

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “ယေဟောဝါဟာ ငြိမ်သက်ခြင်း။”

ကျမ်းညွှန်းများ

  • +က ၂၂:၁၄; ထွ ၁၇:၁၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၂/၁၅/၂၀၁၄၊ စာ. ၂၂-၂၃

တရားသူကြီး ၆:၂၅

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

ကျမ်းညွှန်းများ

  • +ထွ ၂၃:၂၄; တရ ၁၂:၃

တရားသူကြီး ၆:၂၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁/၂၀၀၀၊ စာ. ၁၇

တရားသူကြီး ၆:၂၈

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

တရားသူကြီး ၆:၃၀

အောက်ခြေမှတ်ချက်များ

  • *

    ခက်ဆစ်ကိုကြည့်။

တရားသူကြီး ၆:၃၁

ကျမ်းညွှန်းများ

  • +သူ ၆:၁၁
  • +တရ ၁၃:၅; ၁၇:၂-၅
  • +၁ဘု ၁၈:၂၆၊ ၂၇; ဆ ၁၁၅:၅; ယေ ၁၀:၅

တရားသူကြီး ၆:၃၂

အောက်ခြေမှတ်ချက်များ

  • *

    အဓိပ္ပာယ်၊ “ဗာလကိုယ်တိုင် ခုခံကာကွယ်ပါစေ။”

တရားသူကြီး ၆:၃၃

ကျမ်းညွှန်းများ

  • +တလ ၂၅:၁၇၊ ၁၈; သူ ၆:၂
  • +ထွ ၁၇:၁၆; တလ ၂၄:၂၀; တရ ၂၅:၁၉
  • +သူ ၆:၃; ၇:၁၂

တရားသူကြီး ၆:၃၄

ကျမ်းညွှန်းများ

  • +သူ ၃:၉၊ ၁၀; ၁၁:၂၉; ၁၃:၂၄၊ ၂၅; ၁၄:၆; ၁၅:၁၄; ဇာ ၄:၆
  • +သူ ၃:၂၆၊ ၂၇
  • +ယရ ၁၇:၂

တရားသူကြီး ၆:၃၆

ကျမ်းညွှန်းများ

  • +သူ ၆:၁၄

တရားသူကြီး ၆:၃၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၂၀၀၅၊ စာ. ၂၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

သူကြီး. ၆:၁သူ ၂:၁၉
သူကြီး. ၆:၁တရ ၂၈:၁၅၊ ၄၈; သူ ၂:၁၄; နေ ၉:၂၈
သူကြီး. ၆:၂တလ ၃၃:၅၅
သူကြီး. ၆:၂၁ရှ ၁၃:၅၊ ၆
သူကြီး. ၆:၃သူ ၃:၁၃
သူကြီး. ၆:၃သူ ၈:၁၀
သူကြီး. ၆:၄တရ ၂၈:၁၅၊ ၃၃; ၂၈:၃၁၊ ၄၈
သူကြီး. ၆:၅သူ ၈:၁၀
သူကြီး. ၆:၅သူ ၇:၁၂
သူကြီး. ၆:၆တရ ၄:၃၀
သူကြီး. ၆:၇သူ ၂:၁၈; ဆ ၁၀၇:၁၉
သူကြီး. ၆:၈ထွ ၂၀:၂; ဝ ၂၆:၁၃; သူ ၂:၁
သူကြီး. ၆:၉ယရ ၁၀:၄၂; နေ ၉:၂၄
သူကြီး. ၆:၁၀တရ ၆:၄
သူကြီး. ၆:၁၀ယရ ၂၄:၁၅
သူကြီး. ၆:၁၀တရ ၂၈:၁၅; သူ ၂:၂; ယေ ၃:၁၃
သူကြီး. ၆:၁၁သူ ၂:၁
သူကြီး. ၆:၁၁ယရ ၁၇:၂; သူ ၆:၂၄; ၈:၃၂
သူကြီး. ၆:၁၁က ၄၉:၂၂၊ ၂၄; ဟီ ၁၁:၃၂
သူကြီး. ၆:၁၂သူ ၂:၁၈
သူကြီး. ၆:၁၃သူ ၆:၂
သူကြီး. ၆:၁၃ထွ ၁၃:၁၄
သူကြီး. ၆:၁၃တရ ၄:၉; ဆ ၄၄:၁
သူကြီး. ၆:၁၃တရ ၃၁:၁၇; ၂ရ ၁၅:၂
သူကြီး. ၆:၁၄သူ ၈:၂၂; ဟီ ၁၁:၃၂
သူကြီး. ၆:၁၆တရ ၂၀:၃၊ ၄; သူ ၂:၁၈
သူကြီး. ၆:၁၈က ၁၈:၃၊ ၅; သူ ၁၃:၁၅
သူကြီး. ၆:၁၉က ၁၈:၆၊ ၇; ၁၉:၁၊ ၃
သူကြီး. ၆:၂၁ဝ ၉:၂၄; သူ ၁၃:၁၉၊ ၂၀; ၁ဘု ၁၈:၃၈; ၁ရ ၂၁:၂၆; ၂ရ ၇:၁
သူကြီး. ၆:၂၂သူ ၁၃:၈၊ ၉; ဟီ ၁၃:၂
သူကြီး. ၆:၂၂က ၁၆:၇၊ ၁၃; ၃၂:၂၄၊ ၃၀; သူ ၁၃:၂၁၊ ၂၂; လု ၁:၁၁၊ ၁၂
သူကြီး. ၆:၂၃ဒံ ၁၀:၁၉
သူကြီး. ၆:၂၄က ၂၂:၁၄; ထွ ၁၇:၁၅
သူကြီး. ၆:၂၅ထွ ၂၃:၂၄; တရ ၁၂:၃
သူကြီး. ၆:၃၁သူ ၆:၁၁
သူကြီး. ၆:၃၁တရ ၁၃:၅; ၁၇:၂-၅
သူကြီး. ၆:၃၁၁ဘု ၁၈:၂၆၊ ၂၇; ဆ ၁၁၅:၅; ယေ ၁၀:၅
သူကြီး. ၆:၃၃တလ ၂၅:၁၇၊ ၁၈; သူ ၆:၂
သူကြီး. ၆:၃၃ထွ ၁၇:၁၆; တလ ၂၄:၂၀; တရ ၂၅:၁၉
သူကြီး. ၆:၃၃သူ ၆:၃; ၇:၁၂
သူကြီး. ၆:၃၄သူ ၃:၉၊ ၁၀; ၁၁:၂၉; ၁၃:၂၄၊ ၂၅; ၁၄:၆; ၁၅:၁၄; ဇာ ၄:၆
သူကြီး. ၆:၃၄သူ ၃:၂၆၊ ၂၇
သူကြီး. ၆:၃၄ယရ ၁၇:၂
သူကြီး. ၆:၃၆သူ ၆:၁၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
  • ၃၉
  • ၄၀
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားသူကြီး ၆:၁-၄၀

တရားသူကြီး

၆ အစ္စရေးတွေက ယေဟောဝါရှေ့မှာ မကောင်းတာတွေ လုပ်ကြပြန်တယ်။+  ဒါကြောင့် ယေဟောဝါက ခုနစ်နှစ်လုံး  မိဒျန်လူမျိုးလက်ထဲ  အပ်လိုက်တယ်။+ ၂ မိဒျန်လူတွေက အစ္စရေးတွေကို ဖိနှိပ်တယ်။+ မိဒျန်လူတွေရဲ့ရန်ကြောင့်  အစ္စရေးတွေဟာ တောတောင်လိုဏ်ဂူတွေ၊* သွားလာရခက်တဲ့  နေရာတွေမှာ  ပုန်းခိုတဲ့နေရာတွေ လုပ်ထားရတယ်။+ ၃ အစ္စရေးတွေ  မျိုးကြဲထားပြီဆိုရင် မိဒျန်လူတွေ၊ အာမလက်လူတွေ၊+ အရှေ့တိုင်းသားတွေ+ ရောက်လာပြီး တိုက်ခိုက်တတ်တယ်။ ၄ အစ္စရေးတွေကိုတိုက်ဖို့ တပ်ချပြီး ဂါဇာမြို့နားအထိ သီးနှံတွေကို ဖျက်ဆီးတတ်တယ်။ စားစရာဖြစ်စေ၊ သိုး၊ နွား၊ မြည်းဖြစ်စေ ဘာမှမချန်ထားဘူး။+ ၅ သူတို့က ပြည်ကိုဖျက်ဆီးဖို့  တဲရှင်တွေ၊ တိရစ္ဆာန်အုပ်တွေနဲ့အတူ ကျိုင်းကောင်တွေလို အုပ်လိုက်ချီတက်လာတယ်။+ ကုလားအုတ်တွေလည်း  ပါလာလို့  မရေတွက်နိုင်အောင် များလွန်းတယ်။+ ၆ မိဒျန်လူတွေကြောင့် အစ္စရေးတွေ ဆင်းရဲတွင်း နက်သည်ထက် နက်လာတယ်။ ဒါနဲ့ ယေဟောဝါဆီ အော်ဟစ်အကူအညီတောင်းကြတယ်။+

၇ မိဒျန်လူတွေကြောင့် ယေဟောဝါဆီ  အစ္စရေးတွေ  အော်ဟစ်အကူအညီတောင်းတဲ့အခါ၊+ ၈ ယေဟောဝါက ပရောဖက်တစ်ယောက် စေလွှတ်ပြီး “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက  ‘မင်းတို့ကို  ကျွန်ခံရာ အီဂျစ်ပြည်ကနေ  ငါခေါ်ထုတ်ခဲ့တယ်။+ ၉ အီဂျစ်တွေ၊ ဖိနှိပ်သူတွေရဲ့လက်ထဲကနေ ကယ်နုတ်ခဲ့တယ်။ ရန်သူတွေကို မောင်းထုတ်ပြီး သူတို့ရဲ့ပြည်ကို မင်းတို့အတွက် ပေးခဲ့တယ်။+ ၁၀ “ငါဟာ မင်းတို့ရဲ့ဘုရား ယေဟောဝါပဲ။+ မင်းတို့နေထိုင်တဲ့ပြည်ထဲက အာမောရိဘုရားတွေကို မကြောက်နဲ့”+ လို့ငါမှာထားပေမဲ့ မင်းတို့ မနာခံကြဘူး’”+ လို့ပြောခိုင်းတယ်။

၁၁ နောက်ပိုင်းမှာ ယေဟောဝါရဲ့ကောင်းကင်တမန်  ရောက်လာပြီး+ သြဖရမြို့၊ အဗျေဇာအမျိုးသား+ ယောရှပိုင်တဲ့ အပင်ကြီးအောက်မှာ ထိုင်နေတယ်။ အဲဒီအချိန်မှာ ယောရှရဲ့သား ဂိဒေါင်က+ မိဒျန်လူတွေ မမြင်အောင် စပျစ်သီးနယ်ရာကျင်းထဲမှာ  ဂျုံစပါးရိုက်ခြွေနေတယ်။ ၁၂ ယေဟောဝါရဲ့ ကောင်းကင်တမန်က သူ့ရှေ့ပေါ်လာပြီး “ခွန်အားကြီးတဲ့ စစ်သူရဲ၊ မင်းနဲ့အတူ ယေဟောဝါဘုရားရှိတယ်”+ လို့ပြောတယ်။ ၁၃ ဂိဒေါင်က “သခင်၊ ပြောပါရစေ။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါဘုရား ရှိတယ်ဆိုရင် ကျွန်တော်တို့ ဘာလို့ ဒီလိုဒုက္ခရောက်နေရတာလဲ။+ ‘ငါတို့ကို အီဂျစ်ပြည်ကနေ ယေဟောဝါဘုရား ခေါ်ထုတ်ခဲ့တာ’+ ဆိုပြီး ဘိုးဘေးတွေ ပြောပြခဲ့တဲ့ အံ့ဖွယ်အမှုတွေ ဘယ်ရောက်ကုန်ပြီလဲ။+ အခု၊ ယေဟောဝါဘုရားက  ကျွန်တော်တို့ကို  စွန့်ပြီး+ မိဒျန်လူတွေလက်ထဲ အပ်လိုက်ပြီ” လို့ပြန်ပြောတယ်။ ၁၄ ဒါနဲ့ ယေဟောဝါက* သူ့ကိုကြည့်ပြီး “အခု မင်းရဲ့ခွန်အားတွေကို စုစည်းပြီး သွားပါ။ အစ္စရေးတွေကို မိဒျန်လူတွေလက်ထဲကနေ မင်းကယ်ရမယ်။+ ငါကိုယ်တိုင် မင်းကိုစေလွှတ်တယ်” လို့ပြောတယ်။ ၁၅ သူကလည်း “ယေဟောဝါ၊ ထပ်ပြောပါရစေဦး။ ကျွန်တော်က အစ္စရေးတွေကို ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ။ ကျွန်တော့်ဆွေမျိုးစုဟာ မနာရှေအနွယ်မှာ အနိမ့်ကျဆုံးပါ။  ကျွန်တော်ကလည်း မိသားစုထဲမှာ အရေးမပါတဲ့လူပါ” လို့ပြန်ပြောတယ်။ ၁၆ ဒါပေမဲ့ ယေဟောဝါက “မင်းနဲ့အတူ ငါရှိနေမှာဖြစ်လို့+ လူတစ်ယောက်တည်းကို တိုက်ရသလို မိဒျန်တစ်မျိုးလုံးကို မင်း အလွယ်တကူ တိုက်နိုင်မယ်” လို့ ပြန်ပြောတယ်။

၁၇ ဒါနဲ့ ဂိဒေါင်က “အခု ကျွန်တော့်ကို စိတ်နဲ့တွေ့တယ်ဆိုရင် ကျွန်တော်နဲ့ အခုလို စကားပြောခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ပြခဲ့ပါ။ ၁၈ ဒီကနေ မထွက်သွားပါနဲ့။ ကျွန်တော်ပြန်လာပြီး လက်ဆောင်ဆက်သပါ့မယ်”+ လို့ပြောတယ်။ ကောင်းကင်တမန်က “ကောင်းပြီ၊ မင်းပြန်လာတဲ့အထိ ငါဒီမှာရှိနေမယ်” လို့ပြန်ပြောတယ်။ ၁၉ ဂိဒေါင်လည်း ထွက်သွားပြီး ဆိတ်ကလေးတစ်ကောင်ကို ချက်ပြုတ်ပြင်ဆင်တယ်။ ဂျုံမှုန့် တစ်ဧဖာ* နဲ့ တဆေးမဲ့မုန့်တွေ လုပ်တယ်။+ ဆိတ်သားကို တောင်းထဲထည့်၊ အသားပြုတ်ရည်ကို အိုးထဲထည့်ပြီးနောက် အပင်ကြီးအောက်မှာရှိနေတဲ့ ကောင်းကင်တမန်ဆီ ယူလာပြီး ဆက်တယ်။

၂၀ စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကောင်းကင်တမန်က  “အသားနဲ့ တဆေးမဲ့မုန့်တွေကို  ယူပြီး  အဲဒီနားက ကျောက်တုံးကြီးပေါ် တင်လိုက်ပါ။ အသားပြုတ်ရည်ကိုလည်း လောင်းလိုက်ပါ” လို့ပြောတော့ အဲဒီအတိုင်း ဂိဒေါင်လုပ်တယ်။ ၂၁ ယေဟောဝါရဲ့  ကောင်းကင်တမန်က  အသားနဲ့ တဆေးမဲ့မုန့်တွေကို လက်ထဲကတောင်ဝှေးနဲ့ တို့လိုက်တယ်။ အဲဒီအခါ ကျောက်တုံးက  မီးထတောက်ပြီး  အသားနဲ့ တဆေးမဲ့မုန့်တွေ  လောင်ကျွမ်းသွားတယ်။+ ယေဟောဝါရဲ့ ကောင်းကင်တမန်ကတော့ သူ့ရှေ့ကနေ ပျောက်ကွယ်သွားတယ်။ ၂၂ အဲဒီအခါကျမှ ဒါဟာ ယေဟောဝါရဲ့ ကောင်းကင်တမန်ဖြစ်နေမှန်း ဂိဒေါင်သိသွားတယ်။+

ဒါနဲ့ ချက်ချင်းပဲ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ယေဟောဝါရဲ့ ကောင်းကင်တမန်ကို ကျွန်တော် မျက်နှာချင်းဆိုင် မြင်လိုက်ရပြီ”+ လို့ အလန့်တကြားပြောတယ်။ ၂၃ အဲဒီအခါ ယေဟောဝါက “ငြိမ်သက်ခြင်း ရှိပါစေ။ မကြောက်နဲ့။+ မင်း သေမှာမဟုတ်ဘူး” လို့ပြောတယ်။ ၂၄ ဂိဒေါင်လည်း အဲဒီနေရာမှာ ယေဟောဝါအတွက် ပူဇော်ရာပလ္လင် တည်လိုက်တယ်။ အဲဒီပလ္လင်ကို ဒီနေ့အထိ ယေဟောဝါရှာလုံ*+ လို့ခေါ်ကြတယ်။ အဗျေဇာအမျိုးသားတွေနေတဲ့ သြဖရမြို့မှာ အခုထိရှိသေးတယ်။

၂၅ အဲဒီညမှာ  ယေဟောဝါက ဂိဒေါင်ကို “မင်းအဖေရဲ့ ဗာလယဇ်ပလ္လင်ကို ဖြိုချပြီး အဲဒီဘေးမှာရှိတဲ့ ကိုးကွယ်ရာသစ်တိုင်* ကိုလည်း ခုတ်လှဲပစ်ပါ။+ မင်းအဖေရဲ့ ခုနစ်နှစ်သားအရွယ် ဒုတိယ နွားထီးပျိုကို ယူပါ။ ၂၆ ဘေးကင်းလုံခြုံတဲ့ ဒီကုန်းပေါ်မှာ ကျောက်တုံးတွေ စီပြီး ယေဟောဝါဘုရားအတွက် ပူဇော်ရာပလ္လင် တည်ပါ။ ခုတ်လှဲထားတဲ့သစ်တိုင်ကို ထင်းဆိုက်ပြီး အဲဒီနွားထီးပျိုကို မီးရှို့ရာအလှူအဖြစ်  ပူဇော်ပါ”  လို့ပြောတယ်။ ၂၇ ဒါနဲ့ ဂိဒေါင်က ကျွန်ဆယ်ယောက်ကိုခေါ်ပြီး ယေဟောဝါ ပြောတဲ့အတိုင်း လုပ်တယ်။ ဒါပေမဲ့ ဖခင်ရဲ့ အိမ်သားတွေနဲ့ မြို့သားတွေကို ကြောက်လို့ နေ့အချိန်မှာ မလုပ်ရဲဘဲ ညအချိန်မှာ လုပ်တယ်။

၂၈ နောက်နေ့မနက်စောစောမှာ ဗာလယဇ်ပလ္လင်ကို  ဖြိုချထားတာ၊ အနားမှာရှိတဲ့ ကိုးကွယ်ရာသစ်တိုင်ကို* ခုတ်လှဲထားတာ၊ တည်ထားတဲ့ ပူဇော်ရာပလ္လင်ပေါ်မှာ  နွားထီးပျို  ပူဇော်ထားတာကို  မြို့သားတွေ  တွေ့လိုက်ရတယ်။ ၂၉ သူတို့က “ဒါ ဘယ်သူ့လက်ချက်လဲ” လို့အချင်းချင်းမေးကြတယ်။ စုံစမ်းကြည့်လိုက်တော့ “ယောရှရဲ့သား ဂိဒေါင်ရဲ့လက်ချက်ပဲ” ဆိုတာကို သိသွားတယ်။ ၃၀ ဒါနဲ့ မြို့သားတွေက ယောရှကို “ခင်ဗျားရဲ့သားကို ထုတ်ပေး။ သူက ဗာလယဇ်ပလ္လင်ကို ဖြိုချပြီး အနားမှာရှိတဲ့ ကိုးကွယ်ရာသစ်တိုင်ကို* ခုတ်လှဲတဲ့အတွက် သူ့ကို သတ်ပစ်ရမယ်” ဆိုပြီး ပြောတယ်။ ၃၁ အဲဒီအခါ ယောရှက+ ရန်ရှာနေတဲ့လူတွေကို “ခင်ဗျားတို့က ဗာလဘုရားဘက်ကနေ ရှေ့နေလိုက်ပေးနေတာလား။ ဗာလကို ကယ်တင်မလို့လား။ ဗာလဘက် ရပ်တည်သူမှန်သမျှ ဒီမနက် အသတ်ခံရမယ်။+ ဖြိုချခံလိုက်ရတာက သူ့ယဇ်ပလ္လင်ပဲ။ ဘုရားမှန်ရင် သူကိုယ်တိုင် ခုခံကာကွယ်ပါစေ”+ လို့ပြန်ပြောတယ်။ ၃၂ ပြီးတော့ ယောရှက “ဖြိုချခံလိုက်ရတာ ဗာလယဇ်ပလ္လင်ပဲ။ ဗာလကိုယ်တိုင် ခုခံကာကွယ်ပါစေ” ဆိုပြီး အဲဒီနေ့မှာ ဂိဒေါင်ကို ယေရုဗာလ* လို့နာမည်ပေးလိုက်တယ်။

၃၃ မိဒျန်လူတွေ၊+  အာမလက်လူတွေ၊+ အရှေ့တိုင်းသားတွေ ပူးပေါင်းပြီး+  မြစ်ကိုဖြတ်ကူးလာပြီးနောက် ယေဇရေလချိုင့်ဝှမ်းမှာ  တပ်ချကြတယ်။ ၃၄ အဲဒီအချိန်မှာ ယေဟောဝါရဲ့ စွမ်းအားတော်က ဂိဒေါင်အပေါ် သက်ရောက်လာတယ်။+  သူတံပိုးမှုတ်တဲ့အခါ+ အဗျေဇာအမျိုးသားတွေက+ သူ့နောက်လိုက်ဖို့ စုရုံးလာတယ်။ ၃၅ မနာရှေနယ်မြေတစ်လျှောက်လုံးကို တမန်တွေလွှတ်တဲ့အခါ သူတို့လည်း သူ့နောက်လိုက်ဖို့ စုရုံးလာတယ်။ အာရှာနယ်မြေ၊ ဇာဗုလုန်နယ်မြေ၊ နဿလိနယ်မြေတွေကို တမန်တွေလွှတ်တဲ့အခါ သူတို့လည်း ရောက်လာကြတယ်။

၃၆ ဂိဒေါင်က ဘုရားသခင်ကို “ကျွန်တော့်ကိုသုံးပြီး အစ္စရေးတွေကို ကယ်တင်မယ်လို့ ကိုယ်တော် ကတိပေးခဲ့တယ်။+ ၃၇ အခု၊  ကျွန်တော် ကောက်နယ်တလင်းမှာ သိုးမွေးတွေကို ချထားမယ်။ သိုးမွေးပေါ်မှာပဲ နှင်းကျပြီး ပတ်လည်မြေပြင်က ခြောက်သွေ့နေမယ်ဆိုရင် ကတိတော်အတိုင်း ကျွန်တော့်ကိုသုံးပြီး အစ္စရေးတွေကို ကယ်တင်နေမှန်း သိရပါလိမ့်မယ်” လို့ပြောတယ်။ ၃၈ အဲဒီအတိုင်းပဲ  ဖြစ်လာတယ်။ နောက်နေ့ မနက်စောစော ထပြီး သိုးမွေးကို ညှစ်ချလိုက်တော့ နှင်းရေတွေ ဖလားကြီးတစ်လုံးအပြည့် ရတယ်။ ၃၉ ဒါပေမဲ့ ဂိဒေါင်က “စိတ်မဆိုးပါနဲ့။ တစ်ကြိမ်ပဲ ထပ်တောင်းဆိုပါရစေ။ သိုးမွေးနဲ့ ထပ်စမ်းသပ်ပါရစေဦး။ မြေပြင်ပေါ်မှာ နှင်းတွေကျပြီး သိုးမွေးကတော့ ခြောက်သွေ့နေပါစေ” လို့ ဘုရားသခင်ကို ပြောတယ်။ ၄၀ သူပြောတဲ့အတိုင်း အဲဒီညမှာ ဘုရားသခင် လုပ်ပေးတယ်။ မြေပြင်ပေါ်မှာ နှင်းတွေကျနေပေမဲ့ သိုးမွေးကတော့ ခြောက်သွေ့နေတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ