ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားသူကြီး ၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားသူကြီး မာတိကာ

      • ဂိဒေါင်နဲ့ လူ ၃၀၀ (၁-၈)

      • မိဒျန်တပ်ကို ဂိဒေါင်ရဲ့တပ် အနိုင်ရ (၉-၂၅)

        • “ယေဟောဝါနဲ့ ဂိဒေါင်ရဲ့ဓား” (၂၀)

        • မိဒျန်တပ်စခန်း ဖရိုဖရဲဖြစ် (၂၁၊ ၂၂)

တရားသူကြီး ၇:၁

ကျမ်းညွှန်းများ

  • +သူ ၆:၁၁၊ ၃၂

တရားသူကြီး ၇:၂

ကျမ်းညွှန်းများ

  • +၁ရှ ၁၄:၆; ၂ရ ၁၄:၁၁
  • +၁ရှ ၁၇:၄၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၂၀၀၅၊ စာ. ၂၄

တရားသူကြီး ၇:၃

ကျမ်းညွှန်းများ

  • +တရ ၂၀:၈

တရားသူကြီး ၇:၇

ကျမ်းညွှန်းများ

  • +သူ ၇:၂

တရားသူကြီး ၇:၈

ကျမ်းညွှန်းများ

  • +သူ ၆:၃၃

တရားသူကြီး ၇:၉

ကျမ်းညွှန်းများ

  • +သူ ၃:၉၊ ၁၀; ၄:၁၄

တရားသူကြီး ၇:၁၂

ကျမ်းညွှန်းများ

  • +သူ ၆:၃၃
  • +သူ ၆:၃၊ ၅

တရားသူကြီး ၇:၁၃

ကျမ်းညွှန်းများ

  • +သူ ၆:၁၆

တရားသူကြီး ၇:၁၄

ကျမ်းညွှန်းများ

  • +သူ ၆:၁၄
  • +သူ ၇:၇

တရားသူကြီး ၇:၁၅

ကျမ်းညွှန်းများ

  • +သူ ၇:၁၁

တရားသူကြီး ၇:၁၆

ကျမ်းညွှန်းများ

  • +သူ ၇:၈

တရားသူကြီး ၇:၁၉

အောက်ခြေမှတ်ချက်များ

  • *

    ည ၁၀ နာရီကနေ မနက် ၂ နာရီခန့်အထိ။

ကျမ်းညွှန်းများ

  • +သူ ၇:၈
  • +သူ ၇:၁၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၂၀၀၅၊ စာ. ၁၄

    ၈/၁/၁၉၉၁၊ စာ. ၂၁-၂၂

တရားသူကြီး ၇:၂၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁/၁၉၉၇၊ စာ. ၃၁

တရားသူကြီး ၇:၂၁

ကျမ်းညွှန်းများ

  • +ထွ ၁၄:၂၅; ၂ဘု ၇:၆၊ ၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁/၁၉၉၇၊ စာ. ၃၁

တရားသူကြီး ၇:၂၂

ကျမ်းညွှန်းများ

  • +၂ရ ၂၀:၂၃
  • +၁ဘု ၁၉:၁၆

တရားသူကြီး ၇:၂၃

ကျမ်းညွှန်းများ

  • +သူ ၆:၃၅

တရားသူကြီး ၇:၂၅

ကျမ်းညွှန်းများ

  • +ဆ ၈၃:၁၁; ရှာ ၁၀:၂၆
  • +သူ ၈:၄

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

သူကြီး. ၇:၁သူ ၆:၁၁၊ ၃၂
သူကြီး. ၇:၂၁ရှ ၁၄:၆; ၂ရ ၁၄:၁၁
သူကြီး. ၇:၂၁ရှ ၁၇:၄၇
သူကြီး. ၇:၃တရ ၂၀:၈
သူကြီး. ၇:၇သူ ၇:၂
သူကြီး. ၇:၈သူ ၆:၃၃
သူကြီး. ၇:၉သူ ၃:၉၊ ၁၀; ၄:၁၄
သူကြီး. ၇:၁၂သူ ၆:၃၃
သူကြီး. ၇:၁၂သူ ၆:၃၊ ၅
သူကြီး. ၇:၁၃သူ ၆:၁၆
သူကြီး. ၇:၁၄သူ ၆:၁၄
သူကြီး. ၇:၁၄သူ ၇:၇
သူကြီး. ၇:၁၅သူ ၇:၁၁
သူကြီး. ၇:၁၆သူ ၇:၈
သူကြီး. ၇:၁၉သူ ၇:၈
သူကြီး. ၇:၁၉သူ ၇:၁၆
သူကြီး. ၇:၂၁ထွ ၁၄:၂၅; ၂ဘု ၇:၆၊ ၇
သူကြီး. ၇:၂၂၂ရ ၂၀:၂၃
သူကြီး. ၇:၂၂၁ဘု ၁၉:၁၆
သူကြီး. ၇:၂၃သူ ၆:၃၅
သူကြီး. ၇:၂၅ဆ ၈၃:၁၁; ရှာ ၁၀:၂၆
သူကြီး. ၇:၂၅သူ ၈:၄
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားသူကြီး ၇:၁-၂၅

တရားသူကြီး

၇ အဲဒီနောက် ယေရုဗာလလို့ခေါ်တဲ့ ဂိဒေါင်နဲ့+ သူ့လူတွေက စောစောထပြီး ဟာရုတ်စမ်းရေနားမှာ တပ်ချကြတယ်။ မိဒျန်တပ်ကတော့ မြောက်ဘက်၊ မောရေတောင်ကုန်းနားက ချိုင့်ဝှမ်းလွင်ပြင်မှာ တပ်ချထားတယ်။ ၂ ယေဟောဝါက  ဂိဒေါင်ကို  “မင်းနဲ့အတူပါလာတဲ့ လူတွေ သိပ်များနေတယ်။+  မိဒျန်လူတွေကိုသာ သူတို့လက်ထဲအပ်လိုက်ရင် ‘ငါ့လက်ရုံးကြောင့် အခုလို အောင်ပွဲခံနိုင်တာ’  ဆိုပြီး ကြွားဝါကြလိမ့်မယ်။+ ၃ ဒါကြောင့် ‘ကြောက်တတ်သူတိုင်း အိမ်ပြန်ကြ’+ လို့ အားလုံးကြားအောင် ကြေညာလိုက်”  ဆိုပြီး ပြောတယ်။ ဂိဒေါင်လည်း အဲဒီအတိုင်း စမ်းသပ်ကြည့်တဲ့အခါ လူ ၂၂,၀၀၀ အိမ်ပြန်သွားပြီး ၁၀,၀၀၀ ပဲကျန်ခဲ့တယ်။

၄ ယေဟောဝါက ဂိဒေါင်ကို “လူသိပ်များနေသေးတယ်။ သူတို့ကို ငါစမ်းသပ်ချင်လို့ စမ်းချောင်းဆီ ခေါ်သွားပါ။ ‘ဒီတစ်ယောက် လိုက်ရမယ်’ လို့ငါပြောရင် အဲဒီလူက မင်းနဲ့အတူ လိုက်ရမယ်။ ‘ဒီတစ်ယောက်တော့ မလိုက်ရဘူး’ လို့ငါပြောရင် အဲဒီလူ မလိုက်ရဘူး” လို့မှာပြန်တယ်။ ၅ ဒါနဲ့ ဂိဒေါင်က လူတွေကို စမ်းချောင်းဆီ ခေါ်သွားတယ်။

ယေဟောဝါက ဂိဒေါင်ကို “ရေကို လက်ခုပ်နဲ့ခပ်ပြီး ခွေးလိုသောက်တဲ့သူတွေကို တစ်စုခွဲထား။ ဒူးထောက်ရင်း ရေကို ဝပ်ပြီးသောက်တဲ့သူတွေကို တစ်စုခွဲထား” လို့မှာတယ်။ ၆ ရေကို လက်ခုပ်နဲ့ ခပ်သောက်တဲ့သူပေါင်း ၃၀၀ ရှိတယ်။  ကျန်တဲ့လူအားလုံးကတော့ ဒူးထောက်ရင်း ရေကို ဝပ်ပြီးသောက်ကြတယ်။

၇ အဲဒီအခါ ယေဟောဝါက “ရေကို လက်ခုပ်နဲ့ခပ်ပြီး သောက်တဲ့သူ ၃၀၀ တည်းနဲ့ မင်းကို ငါကယ်မယ်။ မိဒျန်လူတွေကို မင်းလက်ထဲ အပ်မယ်။+ ကျန်တဲ့လူအားလုံးကိုတော့ အိမ်ပြန်ခိုင်းလိုက်” လို့ ဂိဒေါင်ကို ပြောတယ်။ ၈ ဒါနဲ့ လူတွေဆီကနေ  ရိက္ခာတွေ၊ တံပိုးတွေကို ယူထားပြီးနောက် အိမ်ပြန်ခိုင်းတယ်။ လူ  ၃၀၀ ကိုပဲ ခေါ်ထားလိုက်တယ်။ မိဒျန်တပ်ကတော့  သူ့တပ်ရဲ့အောက်ဘက် ချိုင့်ဝှမ်းလွင်ပြင်မှာ တပ်ချထားတယ်။+

၉ အဲဒီညမှာ ယေဟောဝါက ဂိဒေါင်ကို “သူတို့ရဲ့တပ်ကို မင်းလက်ထဲ ငါအပ်မှာဖြစ်လို့ အခု သွားပြီးတိုက်ခိုက်ပါ။+ ၁၀ ဒါပေမဲ့  တိုက်ဖို့ကြောက်နေရင် မင်းရဲ့နောက်လိုက် ဖုရကို ခေါ်ပြီး မိဒျန်တပ်ဆီ ဆင်းသွားပါ။ ၁၁ မိဒျန်တပ်သားတွေ ဘာတွေပြောနေလဲဆိုတာ နားထောင်ကြည့်လိုက်။ အဲဒီအခါ တိုက်ခိုက်ဖို့ မင်း သတ္တိရှိလာမယ်” လို့ပြောတယ်။ ဂိဒေါင်လည်း နောက်လိုက် ဖုရကိုခေါ်ပြီး မိဒျန်တပ်အစွန်နားကို ဆင်းသွားတယ်။

၁၂ ချိုင့်ဝှမ်းလွင်ပြင်မှာ မိဒျန်လူတွေ၊ အာမလက်လူတွေ၊ အရှေ့တိုင်းသားတွေ+ တပ်ချထားတာ ကျိုင်းကောင်အုပ်ကြီး ဖုံးလွှမ်းထားသလို ဖြစ်နေတယ်။ ကုလားအုတ်တွေလည်း ပင်လယ်သဲပွင့်တွေလို မရေတွက်နိုင်အောင် များလွန်းတယ်။+ ၁၃ ဂိဒေါင်ရောက်သွားတဲ့အခါ တပ်သားတစ်ယောက်က “ငါ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ မုယောမုန့်တစ်လုံးက မိဒျန်တပ်ထဲ လိမ့်လာပြီး တဲတစ်လုံးကို အရှိန်ပြင်းပြင်းဝင်တိုက်တဲ့အခါ အဲဒီတဲ လုံးဝပြိုကျသွားတယ်”+ ဆိုပြီး သူ့အဖော်ကို အိပ်မက်အကြောင်း ပြောပြနေတယ်။ ၁၄ အဲဒီအခါ သူ့အဖော်က “အဲဒါ အစ္စရေးလူ ယောရှသား ဂိဒေါင်ရဲ့ဓားပဲဖြစ်မယ်။+  ဘုရားသခင်က မိဒျန်တစ်တပ်လုံးကို သူ့လက်ထဲအပ်လိုက်ပြီ”+ လို့ပြန်ပြောတယ်။

၁၅ ဂိဒေါင်ဟာ  အိပ်မက်နဲ့  အိပ်မက်အဓိပ္ပာယ်အကြောင်း ပြောနေတာကို ကြားတာနဲ့+ ဘုရားသခင်ကို ပျပ်ဝပ်ကိုးကွယ်တယ်။ အဲဒီနောက် အစ္စရေးတပ်ဆီ ပြန်လာပြီး “ထကြ။ ယေဟောဝါဘုရားက မိဒျန်တပ်ကို မင်းတို့လက်ထဲ အပ်ပြီ” လို့ပြောတယ်။ ၁၆ ပြီးတော့ လူ ၃၀၀ ကို သုံးစုခွဲလိုက်တယ်။ မီးတုတ်ထည့်ထားတဲ့ မြေအိုးကြီးတွေနဲ့ တံပိုးတွေကိုလည်း ယောက်တိုင်းကို ပေးထားတယ်။+ ၁၇ ဂိဒေါင်က “ငါ့ကိုကြည့်ပြီး ငါလုပ်တဲ့အတိုင်း လိုက်လုပ်ကြ။ တပ်အစွန်နားကို ရောက်တဲ့အခါ ငါလုပ်သလို လိုက်လုပ်ကြ။ ၁၈ ငါနဲ့ ငါ့လူစုက တံပိုးမှုတ်ပြီဆိုရင် မင်းတို့လည်း တပ်ပတ်လည်မှာ တံပိုးမှုတ်ပြီး ‘ယေဟောဝါနဲ့ ဂိဒေါင်ရဲ့ဓား’ ဆိုပြီး အော်ကြ” လို့ သူတို့ကို မှာတယ်။

၁၉ ဂိဒေါင်နဲ့ သူ့လူ ၁၀၀ က သန်းခေါင်ယံ* စတင်ချိန်၊ ကင်းအဖွဲ့တွေ ကင်းလဲပြီးခါစအချိန်မှာ တပ်အစွန်နားကို ရောက်လာတယ်။ အဲဒီအခါ သူတို့က တံပိုးကိုမှုတ်ပြီး+ ကိုင်ထားတဲ့ မြေအိုးကြီးတွေကို ရိုက်ခွဲလိုက်တယ်။+ ၂၀ လူစုသုံးစုစလုံးက တံပိုးမှုတ်ပြီး မြေအိုးကြီးတွေကို ရိုက်ခွဲပစ်တယ်။ ဘယ်လက်မှာ မီးတုတ်၊ ညာလက်မှာ တံပိုးကို ကိုင်ထားတယ်။ ပြီးတော့ ‘ယေဟောဝါနဲ့ ဂိဒေါင်ရဲ့ဓား’  လို့အော်ကြတယ်။ ၂၁ အဲဒီအချိန်တစ်လျှောက်လုံး ယောက်တိုင်းက တပ်ပတ်လည်မှာ ကိုယ့်နေရာကိုယ် ရပ်နေကြတယ်။ မိဒျန်တစ်တပ်လုံးကတော့ အော်ဟစ်ပြီး ထွက်ပြေးကြတော့တယ်။+ ၂၂ လူ ၃၀၀ က တံပိုးဆက်မှုတ်ကြတယ်။ ယေဟောဝါက မိဒျန်တပ်သားတွေကို အချင်းချင်း ပြန်တိုက်အောင် လုပ်လိုက်တယ်။+ မိဒျန်တပ်သားတွေက ဇေရရတ်အရပ်နား ဗက်ရှိတမြို့အထိ၊ တာဗတ်မြို့နားက အာဗေလမဟောလမြို့စွန်အထိ+ ထွက်ပြေးကြတယ်။

၂၃ အဲဒီနောက် နဿလိနယ်မြေ၊ အာရှာနယ်မြေနဲ့ မနာရှေနယ်မြေ တစ်လျှောက်လုံးမှာရှိတဲ့+  အစ္စရေးတွေစုရုံးပြီး မိဒျန်လူတွေကို လိုက်တိုက်ကြတယ်။ ၂၄ ဂိဒေါင်က ဧဖရိမ်တောင်တန်းဒေသ တစ်လျှောက်လုံးကို တမန်တွေလွှတ်ပြီး “မိဒျန်လူတွေကို တိုက်ခိုက်ဖို့ ဆင်းလာကြ။ ဗက်ဗာရမြို့ ရောက်တဲ့အထိ ဂျော်ဒန်မြစ် ရေတိမ်ပိုင်းတွေနဲ့ မြစ်လက်တက်တွေကို သိမ်းပိုက်ကြ” လို့မှာလိုက်တယ်။ ဧဖရိမ်အမျိုးသားအားလုံးလည်း စုရုံးပြီး ဗက်ဗာရမြို့ ရောက်တဲ့အထိ ဂျော်ဒန်မြစ် ရေတိမ်ပိုင်းတွေနဲ့ မြစ်လက်တက်တွေကို သိမ်းပိုက်လိုက်တယ်။ ၂၅ မိဒျန်ဗိုလ်ချုပ် သြရဘနဲ့ ဇေဘကိုဖမ်းပြီးနောက် သြရဘကို သြရဘကျောက်ဆောင်ပေါ်မှာ၊+ ဇေဘကို ဇေဘစပျစ်သီးနယ်ရာကျင်းမှာ သတ်ပြီး မိဒျန်လူတွေနောက်ကို ဆက်လိုက်တယ်။+ သြရဘနဲ့ဇေဘရဲ့ ခေါင်းကို ဂျော်ဒန်မြစ်ဝှမ်းမှာရှိနေတဲ့ ဂိဒေါင်ဆီ ယူလာကြတယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ