ဆာလံ
ယုဒတောကန္တာရထဲ ရောက်နေချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+
ရေဆာသလိုမျိုး ကိုယ်တော့်ကို ဆာနေပါတယ်။+
ရေမရှိ၊ ခြောက်သွေ့တဲ့မြေမှာ+
ကိုယ်တော့်ကို တမ်းတရလွန်းလို့ နွမ်းလျနေပြီ။
၂ သန့်ရှင်းရာအရပ်မှာ ကိုယ်တော့်ကို ဖူးမြင်ခဲ့ရတယ်။
ကိုယ်တော်ရဲ့ အစွမ်းခွန်အားနဲ့ ဂုဏ်ကျက်သရေကို တွေ့မြင်ခဲ့ရတယ်။+
၃ ခိုင်မြဲတဲ့မေတ္တာဟာ အသက်ထက် ကောင်းမြတ်တဲ့အတွက်+
ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းမယ်။+
၄ ကိုယ်တော့်ကို အသက်ထက်ဆုံး ချီးမွမ်းမယ်။
နာမတော်ကိုခေါ်ပြီး လက်ဖြန့်ဆုတောင်းမယ်။
၅ အကောင်းတကာ့ အကောင်းဆုံးဝေစု ရရှိတဲ့သူလို ကျွန်တော် ကျေနပ်နေတယ်။
ဒါကြောင့် ကိုယ်တော့်ကို ဝမ်းသာအားရ ချီးမွမ်းမယ်။+
၆ အိပ်ရာပေါ် ရှိနေချိန်မှာ ကိုယ်တော့်ကို သတိရတယ်။
ညယံတွေမှာ ကိုယ်တော့်အကြောင်း တွေးတောတယ်။+
၇ ကိုယ်တော်ဟာ ကျွန်တော့်ကို ကူညီပေးတဲ့အရှင်ပါ။+
အတောင်တော် အရိပ်အောက်မှာ ရွှင်လန်းစွာ သီချင်းဆိုပါတယ်။+
၈ ကိုယ်တော့်ကိုပဲ ဖက်တွယ်ထားပါတယ်။
ညာလက်တော်ကလည်း ကျွန်တော့်ကို မြဲမြဲကိုင်ထားတယ်။+
၉ ကျွန်တော့်အသက်ကိုသတ်ဖို့ ရှာကြံနေသူတွေကတော့
သေတွင်းထဲ ဆင်းရလိမ့်မယ်။
၁၀ သူတို့ဟာ ဓားနဲ့ကွပ်မျက်ခံရပြီး
ခွေးအတွေရဲ့အစာ ဖြစ်သွားလိမ့်မယ်။
၁၁ မင်းကြီးကတော့ ဘုရားသခင်ကြောင့် ဝမ်းမြောက်ရလိမ့်မယ်။
ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုသူတိုင်း အားရရွှင်လန်းကြလိမ့်မယ်။
လိမ်ပြောတတ်သူတွေ နှုတ်ပိတ်ခံရလိမ့်မယ်။