ဧသတာ
၄ အကြောင်းစုံကို မော်ဒကဲ+ သိသွားတဲ့အခါ+ အဝတ်ကို ဆွဲဆုတ်၊ အထည်ကြမ်း* ဝတ်ပြီး ခေါင်းပေါ် ပြာတွေတင်တယ်။ အဲဒီနောက် မြို့လယ်ကောင်ကို သွားပြီး ရှိုက်ကြီးတငင် ငိုတော့တယ်။ ၂ အထည်ကြမ်း ဝတ်ထားသူတိုင်း နန်းတော်ထဲ ဝင်ခွင့်မရှိတဲ့အတွက် မော်ဒကဲက နန်းတော်တံခါးအထိပဲ သွားတယ်။ ၃ အမိန့်တော်စာ ရောက်သွားတဲ့ ခရိုင်အားလုံးမှာ+ ဂျူးတွေ အကြီးအကျယ် ငိုကြွေးမြည်တမ်းပြီး အစာရှောင်ကြတယ်။+ အထည်ကြမ်းတွေ၊ ပြာတွေပေါ် အိပ်ကြတယ်။+ ၄ အခြွေအရံတွေနဲ့ မိန်းမစိုးတွေက အကြောင်းစုံ လာပြောပြတဲ့အခါ မိဖုရားဧသတာ အတော်လေး စိတ်ထိခိုက်သွားတယ်။ ဒါကြောင့် အထည်ကြမ်းအစား လဲစရာအဝတ်တွေ ပို့ပေးလိုက်ပေမဲ့ မော်ဒကဲ လက်မခံဘူး။ ၅ ဒါနဲ့ ဧသတာက အနားမှာ ခစားဖို့ မင်းကြီးခန့်ထားတဲ့ မိန်းမစိုး ဟာတက်ကို ခေါ်ပြီး အကျိုးအကြောင်း စုံစမ်းဖို့ မော်ဒကဲဆီ လွှတ်တယ်။
၆ ဟာတက်လည်း နန်းတော်တံခါးရှေ့ မြို့တော်ရင်ပြင်မှာရှိတဲ့ မော်ဒကဲဆီ ထွက်သွားတယ်။ ၇ အဲဒီအခါ မော်ဒကဲက ကြုံတွေ့ခဲ့တာတွေကိုရော ဂျူးတွေကိုကွပ်မျက်ဖို့ ဘဏ္ဍာတိုက်ထဲ သွင်းမယ်လို့ ဟာမန်ကတိပေးခဲ့တဲ့ ငွေပမာဏ အတိအကျကိုပါ ပြောပြတယ်။+ ၈ ဂျူးတွေကို သုတ်သင်ပယ်ရှင်းပါဆိုပြီး ရှုရှန်မြို့မှာ ထုတ်ပြန်ထားတဲ့ အမိန့်တော်စာကိုလည်း ပေးလိုက်တယ်။+ မိဖုရားဧသတာကို အဲဒီစာပြပြီး ရှင်းပြဖို့၊ ဒါ့အပြင် မင်းကြီးရှေ့ဝင်ပြီး မျက်နှာသာ တောင်းခံပါ၊ ကိုယ့်လူမျိုးအတွက် ကိုယ်တိုင်အသနားခံပါ ဆိုပြီးပြောဖို့ ဟာတက်ကို မှာလိုက်တယ်။+
၉ ဟာတက်က ပြန်လာပြီး မော်ဒကဲပြောတာတွေကို ဧသတာကို ပြန်ပြောပြတယ်။ ၁၀ ဧသတာကလည်း မော်ဒကဲကို၊+ ၁၁ “ဆင့်ခေါ်မခံရဘဲ ဘုရင့်အတွင်းရင်ပြင်ထဲ+ ဝင်လာတဲ့ ယောက်ျားမိန်းမ ဘယ်သူမဆိုအတွက် ဥပဒေတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ သေဒဏ်ပဲ။ ရွှေရာဇလှံတံ ကမ်းပေးမှသာ သူအသက်ချမ်းသာ ရမှာပါ။+ ဒါကို ခရိုင်အားလုံးကလူတွေ၊ မင်းမှုထမ်းတွေ သိထားကြတယ်။ ကျွန်မ ဆင့်ခေါ်မခံရတာ အခုဆိုရင် ရက်ပေါင်း ၃၀ ရှိပါပြီ” ဆိုပြီး ဟာတက်ကတစ်ဆင့် ပြောခိုင်းတယ်။
၁၂ မော်ဒကဲက ဧသတာ ပြောခိုင်းတာတွေကို သိရတဲ့အခါ၊ ၁၃ “ငါက နန်းတွင်းမှာနေတာဆိုတော့ ဂျူးတွေမလွတ်လည်း ငါတစ်ယောက်တော့ လွတ်မြောက်မှာပါလို့ မထင်နဲ့။ ၁၄ ဒီအချိန်မှာ မင်း နှုတ်ဆိတ်နေမယ်ဆိုရင် ဂျူးတွေအတွက် အကူအညီနဲ့ ကယ်တင်ခြင်းဟာ တစ်နည်းနည်းနဲ့ ပေါ်လာမှာပဲ။+ မင်းနဲ့ မင်းအဖေရဲ့ အမျိုးကတော့ ပျက်စီးရလိမ့်မယ်။ မင်း မိဖုရားဖြစ်လာတာဟာ အခုလို အန္တရာယ် ကြုံရချိန်အတွက်များလားဆိုတာ ဘယ်သူပြောနိုင်မှာလဲ”+ ဆိုပြီး အကြောင်းပြန်လိုက်တယ်။
၁၅ အဲဒီအခါ ဧသတာက မော်ဒကဲကို၊ ၁၆ “ရှုရှန်မြို့မှာရှိတဲ့ ဂျူးတွေကို စုရုံးပြီး ကျွန်မအတွက် အစာရှောင်ကြပါ။+ သုံးရက်လုံး နေ့ရောညပါ ဘာမှ မစားမသောက်ဘဲ နေကြပါ။+ ကျွန်မလည်း အခြွေအရံတွေနဲ့အတူ အစာရှောင်မယ်။ ပြီးရင် ဥပဒေနဲ့ဆန့်ကျင်ပေမဲ့ မင်းကြီးဆီ အခစားဝင်မယ်။ သေရမယ်ဆိုရင်လည်း အသေခံပါ့မယ်” ဆိုပြီး ပြန်ပြောတယ်။ ၁၇ ဒါနဲ့ မော်ဒကဲလည်း ထွက်သွားပြီး ဧသတာ မှာကြားတဲ့အတိုင်း လုပ်တယ်။