ဆာလံ
၄၃ အို ဘုရားသခင်၊ ကျွန်တော့်ဘက်ကနေ တရားစီရင်ပေးပါ။+
သစ္စာမဲ့တဲ့လူမျိုးရဲ့ စွဲချက်ကို ထုချေပေးပါ။+
လှည့်စားတတ်သူနဲ့ မဖြောင့်မတ်သူရဲ့ လက်ကနေ ကယ်တော်မူပါ။
၂ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ဘုရားသခင်၊ ကျွန်တော့်ရဲ့ခံတပ်ပါ။+
ကျွန်တော့်ကို ဘာလို့ ပစ်ထားတာလဲ။
ရန်သူတွေ ဖိနှိပ်တာနဲ့ပဲ ကျွန်တော် ဘာလို့ ဝမ်းနည်းပက်လက် လျှောက်သွားနေရမှာလဲ။+
၃ အလင်းတော်နဲ့ အမှန်တရားကို စေလွှတ်ပေးလှည့်ပါ။+
ကျွန်တော့်ကို လမ်းပြပေးပါစေ။+
သန့်ရှင်းတဲ့တောင်နဲ့ ခမ်းနားလှတဲ့ တဲတော်ဆီ လမ်းပြပေးပါစေ။+
အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ ဘုရားသခင်၊
စောင်းတီးပြီး ကိုယ်တော့်ကို ချီးမွမ်းပါ့မယ်။+
၅ ကျွန်တော် ဘာလို့ စိတ်ပျက်နေရမှာလဲ။
ဘာလို့ ရင်ထဲ ယောက်ယက်ခတ်နေရမှာလဲ။
ကိုယ်တော့်ကို မဟာကယ်တင်ရှင်၊ ကျွန်တော့်ရဲ့ ဘုရားသခင်အဖြစ် ချီးမွမ်းရဦးမယ်။+
ဒါကြောင့် ဘုရားသခင်ကို စောင့်ဆိုင်းပါ။+