ဆာလံ
ဂီတမှူးသို့။ ကောရရဲ့သားမြေးတွေစပ်ဆိုတဲ့ သီချင်း။+
၈၅ ယေဟောဝါဘုရား၊ ကိုယ်တော်က ပြည်တော်ကို မျက်နှာသာပေးခဲ့တယ်။+
ယာကုပ်ရဲ့သားမြေးတွေ သုံ့ပန်းဘဝ ရောက်နေတာကို ပြန်ခေါ်လာတယ်။+
၂ လူမျိုးတော်ရဲ့ အမှားတွေကို ဖြေလွှတ်ပေးခဲ့တယ်။
သူတို့အပြစ်မှန်သမျှ ခွင့်လွှတ်ပေးတယ်။+ (စဲလာ)
၃ အမျက်တော်ကို ကိုယ်တော် ထိန်းချုပ်ခဲ့တယ်။
အမျက်ဒေါသကို စွန့်ပယ်တယ်။+
၄ ကယ်တင်ရှင် ဘုရားသခင်၊ ကျွန်တော်တို့ကို နာလန်ထူစေပါ။
ကျွန်တော်တို့ကို မကျေမနပ် မဖြစ်ပါနဲ့တော့။+
၅ ကျွန်တော်တို့ကို အမြဲ စိတ်ဆိုးနေတော့မှာလား။+
လူမျိုးအစဉ်အဆက် ဒေါသမပြေဘဲ နေတော့မှာလား။
၆ ကိုယ်တော်ကြောင့် ဝမ်းမြောက်နိုင်ဖို့
ကျွန်တော်တို့ကို နောက်တစ်ကြိမ် အားမဖြည့်ပေးတော့ဘူးလား။+
၇ အို ယေဟောဝါ၊ ခိုင်မြဲတဲ့မေတ္တာ ပြလှည့်ပါ။+
ကယ်တင်ပေးလှည့်ပါ။
၈ စစ်မှန်တဲ့ဘုရား ယေဟောဝါ ပြောတာကို ငါနားထောင်မယ်။
ဘုရားက လူမျိုးတော်ကို၊ သစ္စာစောင့်သိသူတွေကို ငြိမ်သက်ခြင်းအကြောင်း ပြောပြလိမ့်မယ်။+
ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချလွန်းတဲ့ အဖြစ်မျိုး သူတို့ ပြန်မရောက်ပါစေနဲ့။+
၉ ဘုရားက မိမိကို ကြောက်ရွံ့ရိုသေသူတွေကို ကယ်တင်ဖို့ အသင့်ရှိတယ်။+
ငါတို့ပြည်မှာ ဘုရားရဲ့ဂုဏ်ကျက်သရေ တည်ရှိစေဖို့ပဲ။
၁၀ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားတို့ တွေ့ဆုံလိမ့်မယ်။
ဖြောင့်မတ်ခြင်းနဲ့ ငြိမ်သက်ခြင်းတို့ နမ်းကြလိမ့်မယ်။+
၁၁ သစ္စာတရားက မြေကြီးထဲကနေ အတက်ထွက်လာလိမ့်မယ်။
ဖြောင့်မတ်ခြင်းက ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်လိမ့်မယ်။+
၁၂ ကောင်းမွန်ရာတွေ ယေဟောဝါ ပေးသနားလိမ့်မယ်။+
ငါတို့ပြည်မှာ သီးနှံတွေ ဖြစ်ထွန်းလိမ့်မယ်။+