ဆာလံ
ကောရရဲ့သားမြေးတွေ စပ်ဆိုတဲ့သီချင်း။+
၈၇ သန့်ရှင်းတဲ့တောင်ပေါ်မှာ ဘုရားသခင့်မြို့တော်ရဲ့ အုတ်မြစ် တည်ရှိတယ်။+
၃ စစ်မှန်တဲ့ဘုရားသခင်ရဲ့ မြို့တော်၊ မင်းနဲ့ပတ်သက်ပြီး ချီးမွမ်းစကားတွေ ပြောနေကြတယ်။+ (စဲလာ)
၄ ငါ့ကိုသိသူတွေ စာရင်းထဲမှာ ရာခပ်နဲ့*+ ဗာဗုလုန်ကို ထည့်မယ်။
ဖိလိတိ၊ တိုင်ရာနဲ့ ကုရှလည်း* ရှိတယ်။
“သူတို့ဟာ ဇိအုန်မှာ မွေးဖွားလာတဲ့သူတွေပဲ” လို့ ပြောကြလိမ့်မယ်။
၅ ဇိအုန်အကြောင်း ပြောတဲ့အခါ
“သူတို့အားလုံးကို ဒီမှာ မွေးတာ” ဆိုပြီး ပြောကြလိမ့်မယ်။
အမြင့်ဆုံးအရှင်က ဒီမြို့ကို ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
၆ လူတွေကို စာရင်းကောက်တဲ့အခါ ယေဟောဝါက
“သူတို့ဟာ ဇိအုန်မှာ မွေးဖွားလာတဲ့သူတွေပဲ” လို့ ကြေညာလိမ့်မယ်။ (စဲလာ)