ဆာလံ
ယေဟောဝါကို ကျေးဇူးတင်ကြ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။+
ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+
၂ ယေဟောဝါရဲ့ တန်ခိုးကြီးလုပ်ရပ်တွေအကြောင်း ကြေညာလို့ ကုန်နိုင်မှာ မဟုတ်ဘူး။
ချီးမွမ်းထိုက်တဲ့ လုပ်ရပ်တွေအကြောင်း ပြောပြလို့ ကုန်နိုင်မှာ မဟုတ်ဘူး။+
၄ ယေဟောဝါဘုရား၊ လူမျိုးတော်ကို မျက်နှာသာပြတဲ့အခါ ကျွန်တော့်ကိုလည်း သတိရလှည့်ပါ။+
ဂရုစိုက်စောင့်ရှောက်ပြီး ကယ်တင်ပေးပါ။
၅ ဒါမှ ရွေးချယ်ထားသူတွေကိုပြတဲ့ ကောင်းမြတ်ခြင်းကျေးဇူးကို ကျွန်တော် ခံစားရမှာပါ။+
လူမျိုးတော်နဲ့အတူ ဝမ်းမြောက်နိုင်မှာပါ။
အမွေတော်နဲ့အတူ ကိုယ်တော့်အကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ချီးမွမ်းနိုင်မှာပါ။
၆ ကျွန်တော်တို့ဟာ ဘိုးဘေးတွေလိုပဲ အပြစ်လုပ်ကြတယ်။+
အမှားတွေလုပ်ပြီး ဆိုးညစ်စွာ ကျင့်ကြံကြတယ်။+
၇ အီဂျစ်ပြည်မှာရှိတုန်းက ဘိုးဘေးတွေဟာ ကိုယ်တော်ရဲ့ အံ့ဖွယ်အမှုတွေကို တန်ဖိုးမထားဘူး။
ကြီးမားလှတဲ့ ခိုင်မြဲတဲ့မေတ္တာတော်ကို သတိမရကြဘူး။
အဲဒီအစား ပင်လယ်နီနားမှာ ပုန်ကန်ကြတယ်။+
၈ ဒါပေမဲ့ ဘုရားက နာမတော်ကိုထောက်ပြီး သူတို့ကို ကယ်တင်ခဲ့တယ်။+
ဒီနည်းနဲ့ မိမိရဲ့ အစွမ်းခွန်အားအကြောင်း သိစေခဲ့တယ်။+
၉ ဘုရား ဆုံးမလိုက်တဲ့အခါ ပင်လယ်နီ ခန်းခြောက်သွားတယ်။
ကန္တာရမှာ ဖြတ်လျှောက်ရသလို သူတို့ကို ပင်လယ်အလယ်မှာ ဖြတ်လျှောက်စေခဲ့တယ်။+
၁၀ သူတို့ကို ရန်သူရဲ့လက်ကနေ ကယ်တင်တယ်။+
ရန်သူရဲ့လက်ကနေ ပြန်သိမ်းယူတယ်။+
၁၂ အဲဒီအခါ ကတိတော်ကို သူတို့ယုံကြည်ကြတယ်။+
ဘုရားကို ချီးမွမ်းသီချင်းဆိုကြတယ်။+
၁၃ ဒါပေမဲ့ ဘုရားလုပ်ပေးခဲ့တာတွေကို ချက်ချင်းပဲ မေ့သွားကြပြန်တယ်။+
ဘုရားရဲ့ လမ်းညွှန်ချက်ကို မစောင့်ကြဘူး။
၁၄ တောကန္တာရမှာ ကိုယ့်အတ္တဆန္ဒနောက်ကိုပဲ လိုက်ခဲ့ကြတယ်။+
ကန္တာရမှာ ဘုရားသခင်ကို အကဲစမ်းကြတယ်။+
၁၅ ဘုရားက သူတို့တောင်းဆိုတာကို ဖြည့်ဆည်းပေးခဲ့တယ်။
ဒါပေမဲ့ ကပ်ရောဂါနဲ့ ဒဏ်ခတ်လိုက်တဲ့အတွက် သူတို့ချုံးချုံးကျကုန်တယ်။+
၁၆ တပ်စခန်းမှာရှိတဲ့ လူတွေက မောရှေကိုရော
ယေဟောဝါရဲ့သန့်ရှင်းသူ ဖြစ်တဲ့+ အာရုန်ကိုပါ+ မနာလိုဖြစ်လာကြတယ်။
၁၇ အဲဒီအခါ မြေကြီးကွဲအက်ပြီး ဒါသန်ကို မျိုပစ်တယ်။
အဘိရံနဲ့ သူ့လူတွေကို မြေမျိုသွားတယ်။+
၁၈ သူတို့အုပ်စု မီးလောင်သွားတယ်။
လူဆိုးတွေကို မီးလျှံတွေ ဝါးမျိုပစ်တယ်။+
၁၉ ဟောရပ်အရပ်ကို ရောက်တော့
နွားသငယ်ရုပ်တုကို သွန်းလုပ်ပြီး ဦးချကြတယ်။+
၂၂ ဟာမပြည်မှာ လုပ်ခဲ့တဲ့ အံ့ဖွယ်ရာတွေ၊+
ပင်လယ်နီမှာ လုပ်ခဲ့တဲ့ အံ့မခန်းဖွယ် လုပ်ရပ်တွေကို မေ့သွားကြတယ်။+
၂၃ ဒါကြောင့် အစတုံးဖျက်ဆီးဖို့ ဘုရားအမိန့်ချမယ့်ဆဲဆဲမှာ
ရွေးချယ်ခံရသူ မောရှေက ဖျက်ဆီးခြင်း အမျက်တော်ကို ရုပ်သိမ်းပေးပါလို့
ကြားဝင်ပြီး အသနားခံခဲ့တယ်။+
၂၄ နောက်တော့ သာယာတဲ့ပြည်ကို သူတို့ အထင်သေးကြပြန်တယ်။+
ကတိတော်ကို မယုံကြည်ကြဘူး။+
၂၅ တဲတွေမှာနေပြီး ညည်းညူကြတယ်။+
ယေဟောဝါရဲ့စကားကို နားမထောင်ကြဘူး။+
၂၇ သူတို့ရဲ့ သားမြေးတွေကို လူမျိုးခြားတွေအလယ်မှာ ကျဆုံးစေမယ်၊
တိုင်းတစ်ပါးမှာ တကွဲတပြားဖြစ်စေမယ်လို့ ကျိန်ဆိုခဲ့တယ်။+
၂၈ နောက်ပိုင်းမှာ ဗာလပေဂုရကို သူတို့ ဝတ်ပြုကြတယ်။+
လူသေတွေဆီ ဆက်သတဲ့ ပူဇော်သက္ကာတွေကို* စားကြတယ်။
၂၉ သူတို့ရဲ့လုပ်ရပ်က ဘုရားကို စိတ်ဆိုးစေတဲ့အတွက်+
သူတို့အပေါ် ဘေးဒဏ် ကျရောက်လာတယ်။+
၃၁ သူ့လုပ်ရပ်ဟာ ဖြောင့်မတ်တဲ့ လုပ်ရပ်အဖြစ်
လူမျိုးအဆက်ဆက် ထာဝစဉ် သတ်မှတ်ခံရတယ်။+
၃၂ သူတို့က မေရိဘ* စမ်းရေနားမှာ ဘုရားကို စိတ်ဆိုးအောင် လုပ်ကြပြန်တယ်။
သူတို့ကြောင့် မောရှေ ထိခိုက် နစ်နာခဲ့ရတယ်။+
၃၄ တခြားလူမျိုးတွေကို အစတုံး ဖျက်ဆီးဖို့+
ယေဟောဝါမိန့်မှာခဲ့ပေမဲ့ သူတို့မလိုက်နာဘူး။+
၃၆ ရုပ်တုတွေကို ဆက်ဝတ်ပြုကြတယ်။+
ဒါကြောင့် ရုပ်တုတွေဟာ သူတို့အတွက် ထောင်ချောက်ဖြစ်လာတယ်။+
ဒါကြောင့် တိုင်းပြည်ဟာ သွေးစွန်းမှုနဲ့ ညစ်ညူးနေတယ်။
၃၉ သူတို့ဟာ ကိုယ့်လုပ်ရပ်တွေကြောင့် ညစ်ညမ်းလာကြတယ်။
ဘုရားသခင်အပေါ် သစ္စာဖောက်ကြတယ်။*+
၄၀ ဒါကြောင့် ယေဟောဝါက မိမိရဲ့ လူတွေကို အမျက်ထွက်တယ်။
မိမိရဲ့အမွေကို ရွံမုန်းလာတယ်။
၄၁ သူတို့ကို တခြားလူမျိုးတွေလက်ထဲ အကြိမ်ကြိမ်အပ်တဲ့အတွက်+
သူတို့ကိုမုန်းတဲ့သူတွေ ကြီးစိုးတာကို ခံရတယ်။+
၄၂ ရန်သူတွေ ဖိနှိပ်ကြတယ်။
ရန်သူ့လက်အောက် သူတို့ ကျရောက်ခဲ့ရတယ်။
၄၃ ဘုရားက အကြိမ်ကြိမ်ကယ်ပေမဲ့+ သူတို့မနာခံဘဲ ပုန်ကန်ခဲ့ကြတယ်။+
သူတို့ရဲ့အမှားကြောင့် နှိမ့်ချခံခဲ့ရတယ်။+
၄၄ ဒါပေမဲ့ ဘုရားက သူတို့ရဲ့ဒုက္ခကို မြင်တယ်။+
သူတို့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားတယ်။+
၄၅ အဲဒီအခါ သူတို့အကျိုးအတွက် ဖွဲ့ထားတဲ့ ပဋိညာဉ်ကို သတိရတယ်။
ကြီးမားလှတဲ့ ခိုင်မြဲတဲ့မေတ္တာတော်ကြောင့် သူတို့ကို သနားသွားတယ်။+
၄၆ ဘုရားက ဖမ်းခေါ်သွားသူတွေ
သူတို့ကို သနားစိတ်ဝင်လာအောင် လုပ်ပေးတယ်။+
၄၇ ယေဟောဝါဘုရား၊ ကျွန်တော်တို့ကို ကယ်တင်လှည့်ပါ။+
သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ကျေးဇူးတင် ချီးမွမ်းနိုင်ဖို့၊
ကိုယ်တော့်ကို အားပါးတရ ချီးမွမ်းနိုင်ဖို့+
တခြားလူမျိုးတွေရဲ့ လက်ထဲကနေ စုသိမ်းလှည့်ပါ။+
၄၈ အစ္စရေးတို့ရဲ့ဘုရားယေဟောဝါကို အစဉ်ထာဝရ ချီးမွမ်းကြပါစေ။+
လူအားလုံး အာမင်* လို့ပြောကြပါစေ။
ယေဟောဝါကို ချီးမွမ်းကြ။*