ဆာလံ
ဂီတမှူးသို့။ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ ဒါဝိဒ်စပ်ဆိုတဲ့ မက်စကီး။*
ကရုဏာပြဖို့ အသနားခံတာကိုလည်း လျစ်လျူမရှုလိုက်ပါနဲ့။+
၂ ကျွန်တော်ပြောတာကို အာရုံစိုက် နားထောင်ပြီး ပြန်ဖြေပေးပါ။+
သောကကြောင့် စိတ်ယောက်ယက်ခတ်နေပါတယ်။+
စိတ်ရှုပ်ထွေးနေပါတယ်။
၃ ရန်သူရဲ့ စကားကြောင့်၊
လူယုတ်မာတွေရဲ့ ဖိနှိပ်မှုကြောင့် အခုလိုဖြစ်နေတာပါ။
သူတို့က ကျွန်တော့်အပေါ် ဒုက္ခတွေ စုပုံထားတယ်။
ဒေါသတကြီးနဲ့ အမုန်းရန်ငြိုး သိုထားတယ်။+
၄ ကျွန်တော် ရင်ထဲ မချိအောင် ခံစားနေရတယ်။+
သေမှာကို ကြောက်တဲ့စိတ်
လွှမ်းမိုးနေတယ်။+
၅ ကြောက်လွန်းလို့
တဆတ်ဆတ် တုန်နေတယ်။
၆ “ချိုးငှက်လို တောင်ပံတစ်စုံသာရှိရင်
ဟိုးအဝေးကို ပျံသန်းပြီး လုံခြုံတဲ့နေရာမှာ နားခိုလိုက်ချင်ပါရဲ့။
၈ မိုးသက်မုန်တိုင်း ကင်းစင်တဲ့ ခိုနားရာနေရာဆီ
အမြန်ဆုံး ပြေးသွားလိုက်ချင်ပါရဲ့” လို့ပြောနေမိတယ်။
၉ ယေဟောဝါဘုရား၊ သူတို့ကို ကစဉ့်ကလျား ဖြစ်စေပါ။ သူတို့အကြံအစည်တွေကို ပျက်ပြားစေပါ။+
မြို့ထဲမှာ အကြမ်းဖက်မှုတွေ၊ ရန်ပွဲတွေကိုပဲ မြင်တွေ့နေရလို့ပါ။
၁၀ သူတို့က မြို့ရိုးပေါ်မှာ နေ့ရောညပါ လှည့်လည်နေတယ်။
မြို့ထဲမှာ အငြိုးအတေးတွေ၊
နှောင့်ယှက်မှုတွေနဲ့ ပြည့်နှက်နေတယ်။+
၁၁ မြို့လယ်ကောင်မှာ ပျက်စီးခြင်း ရှိနေတယ်။
လူထုရင်ပြင်မှာ ဖိနှိပ်မှုတွေ၊ လှည့်စားမှုတွေ အမြဲရှိနေတယ်။+
၁၂ ငါ့ကိုကဲ့ရဲ့တာ ငါ့ရန်သူမဟုတ်ဘူး။+
ဟုတ်ခဲ့ရင် ငါသည်းခံနိုင်ပါတယ်။
ငါ့ကိုတိုက်ခိုက်တာ ငါ့ရန်ဘက် မဟုတ်ဘူး။
ဟုတ်ခဲ့ရင် ငါရှောင်နိုင်ပါတယ်။
၁၃ အခုတော့ အဲဒီလိုလုပ်တာ
မင်းကိုယ်တိုင် ဖြစ်နေပါလား။
ငါ့လိုလူ၊+ ငါသိပ်ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်နေပါလား။+
၁၄ တစ်ချိန်က ငါတို့ သိပ်ရင်းနှီးခဲ့တယ်။
ဘုရားသခင့်အိမ်တော်ကိုလည်း လူစုကြီးနဲ့အတူ သွားခဲ့ဖူးတယ်။
သင်္ချိုင်းထဲ အရှင်လတ်လတ်
ဆင်းသွားပါစေ။
သူတို့ဆီမှာ၊ သူတို့စိတ်ထဲမှာ
ယုတ်မာမှုတွေ ရှိနေတယ်။
၁၆ ငါကတော့ ဘုရားသခင်ကို အော်ခေါ်မယ်။
ငါ့ကို ယေဟောဝါ ကယ်တင်လိမ့်မယ်။+
၁၇ ညဦး၊ နံနက်၊ မွန်းတည့်ချိန်တွေမှာ ငါစိုးရိမ်ပူပန်ပြီး ညည်းတွားနေရတယ်။+
ငါ့အသံကို ဘုရား ကြားတယ်။+
၁၈ ငါ့ကိုတိုက်ခိုက်သူတွေ အများကြီး ရှိနေတဲ့အတွက်+
သူတို့လက်ကနေ ကယ်တင်ပြီး ငြိမ်းချမ်းစွာ နေခွင့်ပေးလိမ့်မယ်။
သူတို့က ဘုရားသခင်ကို မကြောက်တဲ့အတွက်+
အကျင့်ပြောင်းလဲမှာ မဟုတ်ဘူး။
၂၀ ငါ့မိတ်ဆွေက* ကိုယ့်ရန်ဘက်မဟုတ်တဲ့သူတွေကို တိုက်ခိုက်တယ်။+
ကတိသစ္စာကို ဖောက်ဖျက်တယ်။+
၂၂ ထမ်းထားရတဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။+
ကိုယ်တော် ဖေးမလိမ့်မယ်။+
ဖြောင့်မတ်သူကို ဘယ်တော့မှ
လဲကျခွင့်ပြုမှာ မဟုတ်ဘူး။+
လူ့အသက်သတ်တဲ့သူ၊ လှည့်စားတတ်တဲ့သူတွေဟာ သက်တမ်းတစ်ဝက်တောင် နေရမှာမဟုတ်ဘူး။+
ကျွန်တော်ကတော့ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါ့မယ်။