ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တောလည်ရာ ၃၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တောလည်ရာ မာတိကာ

      • ယောက်ျား သစ္စာကတိ (၁၊ ၂)

      • အမျိုးသမီး၊ သမီးပျိုများရဲ့ သစ္စာကတိ (၃-၁၆)

တောလည်ရာ ၃၀:၁

ကျမ်းညွှန်းများ

  • +ထွ ၁၈:၂၅

တောလည်ရာ ၃၀:၂

ကျမ်းညွှန်းများ

  • +က ၂၈:၂၀-၂၂; သူ ၁၁:၃၀၊ ၃၁
  • +ဆ ၁၃၂:၁-၅
  • +တရ ၂၃:၂၁; ဆ ၅၀:၁၄; ၆၆:၁၃; ၁၁၆:၁၄; ၁၁၉:၁၀၆; ဒေ ၅:၄; မ ၅:၃၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၅/၂၀၂၁၊ စာ. ၂

တောလည်ရာ ၃၀:၅

ကျမ်းညွှန်းများ

  • +ထွ ၂၀:၁၂

တောလည်ရာ ၃၀:၈

ကျမ်းညွှန်းများ

  • +ရ ၇:၂; ၁က ၁၁:၃; ဧ ၅:၂၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁/၂၀၀၄၊ စာ. ၂၄

တောလည်ရာ ၃၀:၁၂

ကျမ်းညွှန်းများ

  • +၁က ၁၁:၃; ၁ပေ ၃:၁

တောလည်ရာ ၃၀:၁၅

ကျမ်းညွှန်းများ

  • +တရ ၂၃:၂၁

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

တော. ၃၀:၁ထွ ၁၈:၂၅
တော. ၃၀:၂က ၂၈:၂၀-၂၂; သူ ၁၁:၃၀၊ ၃၁
တော. ၃၀:၂ဆ ၁၃၂:၁-၅
တော. ၃၀:၂တရ ၂၃:၂၁; ဆ ၅၀:၁၄; ၆၆:၁၃; ၁၁၆:၁၄; ၁၁၉:၁၀၆; ဒေ ၅:၄; မ ၅:၃၃
တော. ၃၀:၅ထွ ၂၀:၁၂
တော. ၃၀:၈ရ ၇:၂; ၁က ၁၁:၃; ဧ ၅:၂၂
တော. ၃၀:၁၂၁က ၁၁:၃; ၁ပေ ၃:၁
တော. ၃၀:၁၅တရ ၂၃:၂၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တောလည်ရာ ၃၀:၁-၁၆

တောလည်ရာ

၃၀ အဲဒီနောက် မောရှေက အစ္စရေး မျိုးနွယ်စုခေါင်းဆောင်တွေကို+ ပြောတယ်။ “ယေဟောဝါဘုရား မိန့်မှာတဲ့ စကားတွေကတော့– ၂ လူတစ်ယောက်က  ယေဟောဝါကို သစ္စာကတိပြုတယ်၊+  တစ်ခုခုကို ရှောင်ကြဉ်မယ်လို့  သစ္စာဆိုတယ်ဆိုရင်+ အဲဒီ  သစ္စာကတိအတိုင်း လုပ်ရမယ်။+

၃ “ဖခင်အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ သမီးပျိုတစ်ယောက်က ယေဟောဝါကို သစ္စာကတိပြုတယ်၊ တစ်ခုခုကို  ရှောင်ကြဉ်မယ်လို့  သစ္စာဆိုတယ် ဆိုပါစို့။ ၄ အဲဒါကို ဖခင်ကြားပြီး  မကန့်ကွက်ရင်  သူ့သစ္စာကတိတွေ၊  တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်တွေ အတည်ဖြစ်လိမ့်မယ်။ ၅ ဖခင်ကန့်ကွက်ရင်တော့ အတည်မဖြစ်ဘူး။  ဖခင်  ကန့်ကွက်တာဖြစ်လို့  ယေဟောဝါ  ခွင့်လွှတ်လိမ့်မယ်။+

၆ “ဒါပေမဲ့ သူက သစ္စာကတိပြုပြီး ဒါမှမဟုတ် အလျင်စလို ကတိပေးပြီးနောက်မှ  အိမ်ထောင်ကျသွားတယ် ဆိုပါစို့။ ၇ အဲဒီအကြောင်းကို  သူ့ယောက်ျား ကြားပြီး အဲဒီနေ့မှာ မကန့်ကွက်ရင် သူ့သစ္စာကတိတွေ၊ တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်တွေ အတည်ဖြစ်လိမ့်မယ်။ ၈ အဲဒီနေ့မှာ ယောက်ျား ကန့်ကွက်ရင်တော့ သူ့သစ္စာကတိ၊ အလျင်စလိုပေးတဲ့ ကတိကို ယောက်ျားက ဖျက်လို့ရတယ်။+ သူ့ကို ယေဟောဝါ ခွင့်လွှတ်လိမ့်မယ်။

၉ “မုဆိုးမ ဒါမှမဟုတ် တစ်ခုလပ်မိန်းမဆိုရင်တော့ သစ္စာကတိအတိုင်း လုပ်ရမယ်။

၁၀ “လင်ယောက်ျားရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ မိန်းမက သစ္စာကတိပြုတယ်၊ တစ်ခုခုကို ရှောင်ကြဉ်မယ်လို့   သစ္စာဆိုတယ်   ဆိုပါစို့။ ၁၁ အဲဒါကို သူ့ယောက်ျားက ကြားပြီး မကန့်ကွက်ဘဲ သဘောတူတယ်ဆိုရင်  သူ့သစ္စာကတိတွေ၊  တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်တွေ  အတည်ဖြစ်လိမ့်မယ်။ ၁၂ ယောက်ျားက ကြားတဲ့နေ့မှာ ပယ်ဖျက်လိုက်ပြီဆိုရင်တော့ အတည်မဖြစ်ဘူး။+ ယောက်ျား ပယ်ဖျက်တာဖြစ်လို့ သူ့ကို ယေဟောဝါ ခွင့်လွှတ်လိမ့်မယ်။ ၁၃ သစ္စာကတိ၊ တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်မှန်သမျှကို လင်ယောက်ျားက အတည်ပြုခွင့်၊ ပယ်ဖျက်ခွင့်ရှိတယ်။ ၁၄ အချိန်တွေ ကုန်လွန်သွားပေမဲ့ လင်ယောက်ျားက မကန့်ကွက်ရင်တော့ သူ့သစ္စာကတိတွေ၊ တစ်ခုခုကို ရှောင်ကြဉ်မယ်ဆိုတဲ့ သစ္စာဆိုချက်တွေကို အတည်ပြုရာရောက်တယ်။ ယောက်ျားက ကြားတဲ့နေ့မှာ မကန့်ကွက်တဲ့အတွက် အတည်ပြုရာရောက်တယ်။ ၁၅ လင်ယောက်ျားက ကြားပေမဲ့ ရက်အတော်ကြာမှ ပယ်ဖျက်တယ်ဆိုရင်တော့ ယောက်ျားကပဲ ပြစ်ဒဏ်ခံရမယ်။+

၁၆ “ဒါတွေဟာ လင်ယောက်ျားရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေတဲ့ မိန်းမ၊ ဖခင်အုပ်ထိန်းမှုအောက်မှာ  ရှိနေတဲ့ သမီးပျိုတို့ သစ္စာကတိပြုတဲ့အခါ လိုက်နာရမယ့် စည်းမျဉ်းတွေ၊ မောရှေကတစ်ဆင့် ယေဟောဝါ မိန့်မှာတဲ့ စည်းမျဉ်းတွေပဲ။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ