ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၁၉
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • အစ္စရေးခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ ငိုချင်း (၁-၁၄)

ယေဇကျေလ ၁၉:၃

ကျမ်းညွှန်းများ

  • +၂ရ ၃၆:၁

ယေဇကျေလ ၁၉:၄

ကျမ်းညွှန်းများ

  • +၂ဘု ၂၃:၃၁-၃၄; ၂ရ ၃၆:၄; ယေ ၂၂:၁၁၊ ၁၂

ယေဇကျေလ ၁၉:၆

ကျမ်းညွှန်းများ

  • +ယေ ၂၂:၁၇

ယေဇကျေလ ၁၉:၇

ကျမ်းညွှန်းများ

  • +ပ ၂၈:၁၅

ယေဇကျေလ ၁၉:၁၀

အောက်ခြေမှတ်ချက်များ

  • *

    “မင်းတို့ရဲ့ စပျစ်ခြံထဲက စပျစ်ပင်နဲ့တူတယ်” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +ဆ ၈၀:၈; ရှာ ၅:၇

ယေဇကျေလ ၁၉:၁၂

ကျမ်းညွှန်းများ

  • +ရှာ ၅:၅; ယဇ ၁၅:၆
  • +၂ဘု ၂၃:၃၄; ၂၄:၆; ၂၅:၅-၇
  • +တရ ၃၂:၂၂; ယဇ ၁၅:၄

ယေဇကျေလ ၁၉:၁၃

ကျမ်းညွှန်းများ

  • +တရ ၂၈:၄၈; ယေ ၁၇:၅၊ ၆; ၅၂:၂၇

ယေဇကျေလ ၁၉:၁၄

ကျမ်းညွှန်းများ

  • +ယဇ ၁၇:၁၆၊ ၁၈

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၁၉:၃၂ရ ၃၆:၁
ယေဇ. ၁၉:၄၂ဘု ၂၃:၃၁-၃၄; ၂ရ ၃၆:၄; ယေ ၂၂:၁၁၊ ၁၂
ယေဇ. ၁၉:၆ယေ ၂၂:၁၇
ယေဇ. ၁၉:၇ပ ၂၈:၁၅
ယေဇ. ၁၉:၁၀ဆ ၈၀:၈; ရှာ ၅:၇
ယေဇ. ၁၉:၁၂ရှာ ၅:၅; ယဇ ၁၅:၆
ယေဇ. ၁၉:၁၂၂ဘု ၂၃:၃၄; ၂၄:၆; ၂၅:၅-၇
ယေဇ. ၁၉:၁၂တရ ၃၂:၂၂; ယဇ ၁၅:၄
ယေဇ. ၁၉:၁၃တရ ၂၈:၄၈; ယေ ၁၇:၅၊ ၆; ၅၂:၂၇
ယေဇ. ၁၉:၁၄ယဇ ၁၇:၁၆၊ ၁၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၁၉:၁-၁၄

ယေဇကျေလ

၁၉ “အစ္စရေးခေါင်းဆောင်တွေအကြောင်း မင်း ငိုချင်းဖွဲ့ပြီး၊ ၂ ပြောလိုက်ပါ–

‘မင်းတို့ရဲ့မိခင်ဟာ ဘယ်သူလဲ။ ခြင်္သေ့တွေအလယ်က ခြင်္သေ့မပဲ။

ခြင်္သေ့ပျိုတွေအလယ်မှာ လဲလျောင်းပြီး သားငယ်တွေကို ကျွေးမွေးစောင့်ရှောက်တယ်။

 ၃ “‘ဒီလိုနဲ့ သားငယ်တစ်ကောင်ဟာ ခြင်္သေ့ပျိုဖြစ်လာတယ်။+

သားကောင်တွေကို ကိုက်ဆွဲတတ်လာတယ်။

လူတွေကိုတောင် ကိုက်စားတတ်လာတယ်။

 ၄ လူမျိုးတွေက သူ့အကြောင်း ကြားတဲ့အခါ သူ့ကို တွင်းထဲမှာ ဖမ်းချုပ်ကြတယ်။

ချိတ်တွေနဲ့ ချိတ်ပြီး အီဂျစ်ပြည်ကို ဖမ်းခေါ်သွားတယ်။+

 ၅ “‘ခြင်္သေ့မဟာ မျှော်နေလည်းပဲ သူ့သား ပြန်မလာနိုင်တော့မှန်း သိသွားတယ်။

ဒါနဲ့ နောက်သားငယ်တစ်ကောင်ကို ခြင်္သေ့ပျိုဖြစ်လာတဲ့အထိ ကျွေးမွေးစောင့်ရှောက်တယ်။

 ၆ အဲဒီသားငယ်က ခြင်္သေ့တွေအလယ်မှာ သွားလာရင်း ခြင်္သေ့ပျိုဖြစ်လာတယ်။

သားကောင်တွေကို ကိုက်ဆွဲတတ်လာတယ်။ လူတွေကိုတောင် ကိုက်စားတတ်လာတယ်။+

 ၇ ခံတပ်မျှော်စင်တွေမှာ လှည့်လည်ကျက်စားပြီး မြို့တွေကို ဖျက်ဆီးတယ်။

လူသူကင်းမဲ့တဲ့ပြည်မှာ သူ့ရဲ့ဟိန်းသံ ညံနေတယ်။+

 ၈ အဲဒီအခါ ပတ်ဝန်းကျင်လူမျိုးတွေ ရောက်လာပြီး သူ့ကို ပိုက်ကွန်နဲ့ ဖမ်းတယ်။

ထောင်ချောက်တွင်းထဲ မိသွားတယ်။

 ၉ သူ့ကို ချိတ်တွေနဲ့ ချိတ်၊ လှောင်အိမ်ထဲ ထည့်ပြီး ဗာဗုလုန်ဘုရင်ဆီ ခေါ်သွားတယ်။

အဲဒီမှာ ချုပ်နှောင်ထားတဲ့အတွက် အစ္စရေးတောင်တန်းတွေပေါ်မှာ သူ့ရဲ့ဟိန်းသံ မကြားရတော့ဘူး။

၁၀ “‘မင်းတို့ရဲ့မိခင်ဟာ ရေစပ်နားက စပျစ်ပင်နဲ့ တူတယ်။*+

ရေဝတဲ့အတွက် အသီးသီးပြီး အကိုင်းအခက် ဝေဆာနေတယ်။

၁၁ အကိုင်းအခက် ခိုင်မာတဲ့အတွက် ရာဇလှံတံလုပ်လို့တောင် ရတယ်။

အပင်တကာထက် ကြီးထွား မြင့်မားလာတယ်။

မြင့်မားတာရယ်၊ အခက်အလက် ဝေဆာတာရယ်ကြောင့် ထင်းခနဲ ဖြစ်နေတယ်။

၁၂ ဒါပေမဲ့ အပင်ဟာ ဒေါသတကြီး ဆွဲနုတ်ခံရပြီး+ မြေပေါ် ပစ်ချခံရတယ်။

အရှေ့လေကြောင့် အသီးတွေ ခြောက်ကုန်တယ်။

ခိုင်မာတဲ့အကိုင်းတွေ ကျိုးပြီး ခြောက်သွားတယ်။+ မီးလောင်သွားတယ်။+

၁၃ အခုတော့ သူဟာ တောကန္တာရမှာ၊

ရေမရှိ၊ သွေ့ခြောက်နေရာမှာ စိုက်ထားခံရတယ်။+

၁၄ အကိုင်းအခက်ကနေ ကူးလာတဲ့ မီးဟာ အညွန့်တွေ၊ အသီးတွေကို လောင်ကျွမ်းတယ်။

ရာဇလှံတံလုပ်ဖို့ ခိုင်မာတဲ့ အကိုင်းတစ်ကိုင်းတောင် မကျန်တော့ဘူး။+

“‘ဒါဟာ ငိုချင်းတစ်ပုဒ်ပဲ။ ငိုချင်းလို သီဆိုရလိမ့်မယ်။’”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ