ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေဇကျေလ ၂၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ယေဇကျေလ မာတိကာ

      • တိုင်ရာနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် (၁-၂၁)

        • “ငါးဖမ်းပိုက်တွေ လှန်းတဲ့နေရာ” (၅၊ ၁၄)

        • ကျောက်တုံးတွေ၊ မြေကြီးတွေကို ရေထဲပစ်ချ (၁၂)

ယေဇကျေလ ၂၆:၂

ကျမ်းညွှန်းများ

  • +ယလ ၃:၄-၆; အ ၁:၉
  • +မတ ၁:၁

ယေဇကျေလ ၂၆:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော၊ စာ. ၁၂၀-၁၂၂

ယေဇကျေလ ၂၆:၄

ကျမ်းညွှန်းများ

  • +ရှာ ၂၃:၁၁; အ ၁:၁၀; ဇာ ၉:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၇/၂၀၁၇၊ စာ. ၉

    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော၊ စာ. ၁၂၀-၁၂၂

ယေဇကျေလ ၂၆:၅

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၃၂

ယေဇကျေလ ၂၆:၇

ကျမ်းညွှန်းများ

  • +ယေ ၂၅:၉; ယဇ ၂၉:၁၈
  • +ဒံ ၂:၃၇
  • +ဟဗ ၁:၈
  • +ယေ ၄:၁၃

ယေဇကျေလ ၂၆:၁၁

ကျမ်းညွှန်းများ

  • +ရှာ ၅:၂၈; ဟဗ ၁:၈

ယေဇကျေလ ၂၆:၁၂

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၃၂၊ ၃၃; ၂၈:၅၊ ၁၈; ဇာ ၉:၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၇/၂၀၁၇၊ စာ. ၉

    ကင်းမျှော်စင်၊

    ၁/၁/၂၀၀၈၊ စာ. ၂၃

    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော၊ စာ. ၁၂၀-၁၂၂

ယေဇကျေလ ၂၆:၁၃

ကျမ်းညွှန်းများ

  • +ရှာ ၂၃:၁၆

ယေဇကျေလ ၂၆:၁၄

ကျမ်းညွှန်းများ

  • +ယဇ ၂၆:၄၊ ၅

ယေဇကျေလ ၂၆:၁၅

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၂၈

ယေဇကျေလ ၂၆:၁၆

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၃၅; ၃၂:၁၀

ယေဇကျေလ ၂၆:၁၇

ကျမ်းညွှန်းများ

  • +အ ၁:၉၊ ၁၀
  • +ယဇ ၂၈:၂

ယေဇကျေလ ၂၆:၁၈

ကျမ်းညွှန်းများ

  • +ရှာ ၂၃:၅
  • +ယဇ ၂၇:၃၂

ယေဇကျေလ ၂၆:၁၉

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၃၄

ယေဇကျေလ ၂၆:၂၀

ကျမ်းညွှန်းများ

  • +ယဇ ၂၈:၈

ယေဇကျေလ ၂၆:၂၁

ကျမ်းညွှန်းများ

  • +ယဇ ၂၇:၃၆

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ယေဇ. ၂၆:၂ယလ ၃:၄-၆; အ ၁:၉
ယေဇ. ၂၆:၂မတ ၁:၁
ယေဇ. ၂၆:၄ရှာ ၂၃:၁၁; အ ၁:၁၀; ဇာ ၉:၄
ယေဇ. ၂၆:၅ယဇ ၂၇:၃၂
ယေဇ. ၂၆:၇ယေ ၂၅:၉; ယဇ ၂၉:၁၈
ယေဇ. ၂၆:၇ဒံ ၂:၃၇
ယေဇ. ၂၆:၇ဟဗ ၁:၈
ယေဇ. ၂၆:၇ယေ ၄:၁၃
ယေဇ. ၂၆:၁၁ရှာ ၅:၂၈; ဟဗ ၁:၈
ယေဇ. ၂၆:၁၂ယဇ ၂၇:၃၂၊ ၃၃; ၂၈:၅၊ ၁၈; ဇာ ၉:၃
ယေဇ. ၂၆:၁၃ရှာ ၂၃:၁၆
ယေဇ. ၂၆:၁၄ယဇ ၂၆:၄၊ ၅
ယေဇ. ၂၆:၁၅ယဇ ၂၇:၂၈
ယေဇ. ၂၆:၁၆ယဇ ၂၇:၃၅; ၃၂:၁၀
ယေဇ. ၂၆:၁၇အ ၁:၉၊ ၁၀
ယေဇ. ၂၆:၁၇ယဇ ၂၈:၂
ယေဇ. ၂၆:၁၈ရှာ ၂၃:၅
ယေဇ. ၂၆:၁၈ယဇ ၂၇:၃၂
ယေဇ. ၂၆:၁၉ယဇ ၂၇:၃၄
ယေဇ. ၂၆:၂၀ယဇ ၂၈:၈
ယေဇ. ၂၆:၂၁ယဇ ၂၇:၃၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ယေဇကျေလ ၂၆:၁-၂၁

ယေဇကျေလ

၂၆ ဆယ့်တစ်နှစ်မြောက်၊ လရဲ့ပထမနေ့မှာ ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– ၂ “လူသား၊ ဂျေရုဆလင်နဲ့ပတ်သက်ပြီး+ တိုင်ရာမြို့က ပြောနေတယ်– ‘သူတို့ရဲ့မြို့တံခါး ပျက်စီးသွားပြီ။ ကောင်းလိုက်တာ။+ သူပျက်စီးပြီဆိုတော့ ငါ ချမ်းသာလာတော့မယ်။ အရာအားလုံး ငါ့ဆီ ရောက်လာတော့မယ်။’ ၃ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက ‘တိုင်ရာမြို့၊ မင်းကို ငါတိုက်ခိုက်မယ်။ မင်းကိုတိုက်ခိုက်ဖို့ လူမျိုးအများကြီးကို ပင်လယ်လှိုင်းလုံးတွေလို ငါခေါ်ဆောင်လာမယ်။ ၄ သူတို့က တိုင်ရာမြို့ရိုးတွေကို ဖျက်ဆီးပြီး မျှော်စင်တွေကို ဖြိုချလိမ့်မယ်။+ ငါက မြေတွေကို ခြစ်ထုတ်ပြီး ကျောက်တလင်းပြင် ဖြစ်စေမယ်။ ၅ မင်းဟာ ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်တွေ လှန်းတဲ့နေရာ ဖြစ်သွားလိမ့်မယ်။’+

“အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘ဒါဟာ ငါကိုယ်တိုင်ပြောတဲ့ စကားပဲ။ မင်းကို လူမျိုးတွေ လုယက်ကြလိမ့်မယ်။ ၆ ကျေးလက်မြို့ရွာတွေ ဓားဘေးနဲ့ ဖျက်ဆီးခံရလိမ့်မယ်။ ငါဟာ ယေဟောဝါပဲဆိုတာ လူတွေသိရကြလိမ့်မယ်။’

၇ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တိုင်ရာမြို့ကို တိုက်ခိုက်ဖို့ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို မြောက်အရပ်ကနေ ငါခေါ်လာမယ်။+ သူဟာ ဘုရင်တို့ရဲ့ဘုရင် ဖြစ်ပြီး+ မြင်းတွေ၊+ စစ်မြင်းရထားတွေ၊+ မြင်းစီးသူရဲတွေနဲ့ စစ်တပ်အလုံးအရင်းကို ပိုင်ဆိုင်တဲ့သူပဲ။ ၈ သူက ကျေးလက်မြို့ရွာတွေကို ဓားနဲ့ဖျက်ဆီးလိမ့်မယ်။ မင်းကိုတိုက်ဖို့ ထိုးစစ်တံတိုင်းနဲ့ ထိုးစစ်ကုန်းရိုးကို တည်ဆောက်လိမ့်မယ်။ ဒိုင်းလွှားတွေကို ကိုင်မြှောက်လိမ့်မယ်။ ၉ မင်းရဲ့မြို့ရိုးတွေကို ခံတပ်ဖြိုစက်နဲ့ ဖြိုခွင်းလိမ့်မယ်။ မျှော်စင်တွေကို ပုဆိန်နဲ့ ဖြိုချလိမ့်မယ်။ ၁၀ သူ့ရဲ့မြင်းတပ်ကြောင့် ဖုန်တထောင်းထောင်းထလိမ့်မယ်။ မြို့ပျက်ထဲ ဒုန်းစိုင်းဝင်လာတဲ့ လူတွေလို မြို့ထဲဝင်လာတဲ့အတွက် မြင်းစီးသူရဲတွေ၊ စစ်မြင်းရထားတွေရဲ့ ဘီးသံကြောင့် မြို့ရိုး တုန်ခါသွားလိမ့်မယ်။ ၁၁ မင်းရဲ့လမ်းတွေမှာ  မြင်းတွေ ကဆုန်ပေါက် ပြေးလိမ့်မယ်။+ မင်းရဲ့လူတွေကို ဓားနဲ့သတ်လိမ့်မယ်။ တိုင်မကြီးတွေ ပြိုကျလိမ့်မယ်။ ၁၂ သူတို့က မင်းရဲ့ပစ္စည်းဥစ္စာတွေ၊ ကုန်စည်တွေကို လုယက်လိမ့်မယ်။+ မြို့ရိုးတွေ၊ အိမ်ကြီးအိမ်ကောင်းတွေကို ဖြိုချလိမ့်မယ်။ ကျောက်တုံး၊ သစ်သား၊ မြေကြီးတွေကို ရေထဲပစ်ချလိမ့်မယ်။’

၁၃ “‘မင်းရဲ့ သီချင်းသံတွေ၊ စောင်းသံတွေကို ငါတိတ်စေမယ်။+ ၁၄ မင်းကို ကျောက်တလင်းပြင် ဖြစ်စေမှာမို့လို့ ငါးဖမ်းပိုက်တွေ လှန်းတဲ့နေရာ ဖြစ်သွားလိမ့်မယ်။+ မင်းကို ပြန်တည်ဆောက်ကြတော့မှာ မဟုတ်ဘူး။ ဒါဟာ ငါယေဟောဝါ ကိုယ်တိုင်ပြောတဲ့ စကားပဲ’ လို့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်။

၁၅ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက တိုင်ရာမြို့ကို ပြောတယ်– ‘မင်းဆီမှာ သတ်ဖြတ်မှုတွေ ဖြစ်တဲ့အခါ၊ သေလုမြောပါးဖြစ်နေသူတွေ ညည်းတွားတဲ့အခါ မင်းရဲ့ပြိုလဲသံကြောင့် ကျွန်းတွေ တုန်လှုပ်သွားလိမ့်မယ်။+ ၁၆ ပင်လယ်ပြင်က မင်းညီမင်းသားတွေဟာ ရာဇပလ္လင်ကနေ ဆင်းလာပြီး သူတို့ရဲ့ဝတ်ရုံတွေ၊ ပန်းထိုးထည်တွေကို ဆွဲချွတ်လိမ့်မယ်။ မြေပေါ်ထိုင်ပြီး ကြောက်ကြောက်နဲ့ တဆတ်ဆတ် တုန်နေလိမ့်မယ်။ ပြီးတော့ မင်းကို အံ့သြတကြီး ကြည့်ကြလိမ့်မယ်။+ ၁၇ မင်းကြောင့် သူတို့က

“ပင်လယ်ထဲက လူတွေနေထိုင်တဲ့မြို့၊ ချီးမွမ်းခံရတဲ့မြို့၊ ပျက်စီးသွားပြီပဲ။+

မင်းတို့ရဲ့ မြို့သူမြို့သားတွေဟာ ပင်လယ်ပြင်မှာ ခွန်အားကြီးတယ်။+

ကမ္ဘာသူကမ္ဘာသားတွေကို ထိတ်လန့်စေတယ်။

၁၈ မင်းပြိုလဲတဲ့နေ့မှာ ကျွန်းတွေ တုန်လှုပ်သွားပြီ။

မင်းကွယ်ပျောက်သွားတဲ့အခါ ပင်လယ်ထဲက ကျွန်းတွေ တုန်လှုပ်ချောက်ချားသွားပြီ’+ လို့ ငိုချင်းချကြလိမ့်မယ်။’+

၁၉ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတယ်– ‘ငါက မင်းကို လူသူမနေတဲ့မြို့တွေလို ဖြစ်အောင် ဖျက်ဆီးတဲ့အခါ၊ ဟုန်းဟုန်းထတဲ့ ရေတွေနဲ့ လွှမ်းမိုးပြီး နှစ်မြှုပ်လိုက်တဲ့အခါ၊+ ၂၀ တခြားသူတွေလိုပဲ မင်းကိုလည်း သင်္ချိုင်းတွင်းဆီ၊ အတိတ်ကသေသွားသူတွေ ရှိရာဆီ ဆင်းစေမယ်။ ရှေးဟောင်းအပျက်အယွင်းတွေနဲ့တူတဲ့ အနက်ရှိုင်းဆုံးနေရာဆီ သေတွင်းထဲ ဆင်းတော့မယ့် လူတွေနဲ့အတူ ဆင်းစေမယ်။+ မင်းဆီမှာ လူတွေနေကြတော့မှာ မဟုတ်ဘူး။ အဲဒီနောက် သက်ရှိလောကကို ငါဂုဏ်တင်မယ်။

၂၁ “‘ငါက မင်းကို ထိတ်လန့်စရာတွေ ရုတ်တရက် ကြုံစေမှာဖြစ်လို့ မင်းရှိတော့မှာ မဟုတ်ဘူး။+ မင်းကို လိုက်ရှာပေမဲ့ တွေ့တော့မှာ မဟုတ်ဘူး။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ