ဟဂ္ဂဲ
၁ ဒါရိမင်းနန်းစံ ဒုတိယနှစ်၊ ခြောက်လပိုင်း၊ တစ်ရက်နေ့မှာ ယေဟောဝါက ပရောဖက် ဟဂ္ဂဲ*+ ကတစ်ဆင့် ရှာလသေလရဲ့သား ယုဒဘုရင်ခံ ဇေရုဗဗေလနဲ့+ ယောဇဒက်ရဲ့သား ပုရောဟိတ်မင်း ယောရှုကို ပြောတယ်–
၂ “‘“ယေဟောဝါရဲ့အိမ်တော်ကို တည်ဆောက်ဖို့ အချိန်မရောက်သေးဘူး”+ လို့ ဒီလူတွေ ပြောနေကြတယ်’ ဆိုပြီး ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။”
၃ ဒါကြောင့် ယေဟောဝါက ပရောဖက် ဟဂ္ဂဲကတစ်ဆင့် ပြောတယ်–+ ၄ “အခုအချိန်ဟာ မှန်ကူကွက်ဖော်ထားတဲ့ အိမ်တွေမှာ မင်းတို့နေထိုင်ရမယ့် အချိန်လား။ ငါ့အိမ်တော်ကတော့ ပျက်စီးနေတာ။+ ၅ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘မင်းတို့ရဲ့ လမ်းစဉ်တွေကို အသေအချာ စဉ်းစားကြ။ ၆ မျိုးစေ့ အများကြီး ကြဲပေမဲ့ နည်းနည်းပဲ ရိတ်သိမ်းနေရတယ်။+ စားရပေမဲ့ ဝဝလင်လင် မစားရဘူး။ သောက်ရပေမဲ့ အဝမသောက်ရဘူး။ အဝတ်ဝတ်ရပေမဲ့ မနွေးထွေးဘူး။ အငှားလုပ်သားကလည်း ရသမျှလုပ်ခကို ပေါက်နေတဲ့အိတ်ထဲ ထည့်ရသလို ဖြစ်နေပြီ။’”
၇ “ဒါကြောင့် ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘မင်းတို့ရဲ့ လမ်းစဉ်တွေကို အသေအချာ စဉ်းစားကြ။’
၈ “‘တောင်ပေါ်ကို တက်သွားပြီး သစ်တွေ သယ်လာကြပါ။+ ငါနှစ်သက်မယ့်၊ ငါ့ဘုန်းထင်ရှားမယ့်+ အိမ်တော်ကို တည်ဆောက်ကြပါ။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”
၉ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘အများကြီးရမယ်လို့ မင်းတို့မျှော်လင့်ပေမဲ့ နည်းနည်းပဲ ရတယ်။ အဲဒါတွေကို အိမ်ထဲယူလာပြန်တော့လည်း ငါမှုတ်ထုတ်လိုက်တယ်။+ ဘာကြောင့်လဲ။ ငါ့အိမ်တော် ပျက်စီးနေလျက်နဲ့ မင်းတို့က ကိုယ့်အိမ်အတွက်ပဲ ဗျာများနေကြတာကိုး။+ ၁၀ ဒါကြောင့် ကောင်းကင်က နှင်းတွေ မချပေးတော့ဘူး။ မြေကြီးကလည်း သီးနှံတွေ မထုတ်ပေးတော့ဘူး။ ၁၁ မြေပေါ်မှာ၊ တောင်တန်းတွေမှာ မိုးခေါင်သွားပြီ။ ကောက်နှံ၊ စပျစ်ဝိုင်သစ်၊ ဆီတွေ၊ မြေမှာပေါက်တဲ့ အပင်တွေ ပျက်စီးသွားပြီ။ လူသူတိရစ္ဆာန်အားလုံး ဒုက္ခရောက်ခဲ့ရပြီ။ အပင်ပန်းခံပြီး လုပ်ခဲ့သမျှ အချည်းနှီးဖြစ်ခဲ့ပြီ။”
၁၂ ရှာလသေလ+ ရဲ့သား ဇေရုဗဗေလ၊+ ယောဇဒက်+ ရဲ့သား ပုရောဟိတ်မင်း ယောရှုနဲ့ ကျန်တဲ့လူတွေ အားလုံးက ယေဟောဝါဘုရား ပြောတာကို နားထောင်ကြတယ်။ ဟဂ္ဂဲကို ယေဟောဝါဘုရား စေလွှတ်လိုက်တာဖြစ်လို့ သူ့စကားကိုလည်း နားထောင်ကြတယ်။ ယေဟောဝါကို လူတွေ ကြောက်ရွံ့ရိုသေလာကြတယ်။
၁၃ ယေဟောဝါရဲ့စေတမန် ဟဂ္ဂဲက “‘မင်းတို့နဲ့အတူ ငါရှိတယ်’+ လို့ ယေဟောဝါဘုရား ပြောတယ်” ဆိုပြီး ယေဟောဝါ ပြောခိုင်းတဲ့အတိုင်း လူတွေကို ပြောတယ်။
၁၄ ယေဟောဝါက ရှာလသေလရဲ့သား ယုဒဘုရင်ခံ+ ဇေရုဗဗေလ၊ ယောဇဒက်ရဲ့သား ပုရောဟိတ်မင်း ယောရှုနဲ့+ ကျန်တဲ့လူအားလုံးရဲ့ စိတ်ကို လှုံ့ဆော်ပေးတယ်။+ ဒါကြောင့် သူတို့က ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့အိမ်တော်မှာ အလုပ်လုပ်ဖို့ ရောက်လာကြတယ်။+ ၁၅ ဒါရိမင်းနန်းစံ+ ဒုတိယနှစ်၊ ခြောက်လပိုင်း၊ ၂၄ ရက်နေ့မှာ အလုပ်စကြတယ်။