ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၁၃
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တရားဟောရာ မာတိကာ

      • အယူဖောက်ပြန်သူတွေကို ဆက်ဆံပုံ (၁-၁၈)

တရားဟောရာ ၁၃:၃

ကျမ်းညွှန်းများ

  • +ရှာ ၈:၁၉; ယေ ၂၇:၉
  • +တရ ၆:၅; ၁၀:၁၂; မ ၂၂:၃၇
  • +တရ ၈:၂

တရားဟောရာ ၁၃:၄

ကျမ်းညွှန်းများ

  • +တရ ၁၀:၂၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၀/၁၅/၂၀၀၂၊ စာ. ၁၆-၁၇

တရားဟောရာ ၁၃:၅

ကျမ်းညွှန်းများ

  • +တရ ၁၈:၂၀
  • +တရ ၁၇:၂၊ ၃၊ ၇; ၁က ၅:၁၃

တရားဟောရာ ၁၃:၆

ကျမ်းညွှန်းများ

  • +၁ဘု ၁၁:၄; ၂ပေ ၂:၁

တရားဟောရာ ၁၃:၈

ကျမ်းညွှန်းများ

  • +ဂ ၁:၈

တရားဟောရာ ၁၃:၉

ကျမ်းညွှန်းများ

  • +ထွ ၂၂:၂၀; ၃၂:၂၇; တလ ၂၅:၅
  • +တရ ၁၇:၂၊ ၃၊ ၇

တရားဟောရာ ၁၃:၁၀

ကျမ်းညွှန်းများ

  • +ဝ ၂၀:၂၊ ၂၇

တရားဟောရာ ၁၃:၁၁

ကျမ်းညွှန်းများ

  • +တရ ၁၇:၁၃; ၁တိ ၅:၂၀

တရားဟောရာ ၁၃:၁၄

ကျမ်းညွှန်းများ

  • +တရ ၁၉:၁၅; ၁တိ ၅:၁၉

တရားဟောရာ ၁၃:၁၅

ကျမ်းညွှန်းများ

  • +တရ ၁၇:၄၊ ၅; ၂ရ ၂၈:၆
  • +ထွ ၂၂:၂၀

တရားဟောရာ ၁၃:၁၇

ကျမ်းညွှန်းများ

  • +ယရ ၆:၁၈
  • +က ၂၂:၁၅၊ ၁၇; ၂၆:၃၊ ၄

တရားဟောရာ ၁၃:၁၈

ကျမ်းညွှန်းများ

  • +တရ ၆:၁၈

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

တရား. ၁၃:၃ရှာ ၈:၁၉; ယေ ၂၇:၉
တရား. ၁၃:၃တရ ၆:၅; ၁၀:၁၂; မ ၂၂:၃၇
တရား. ၁၃:၃တရ ၈:၂
တရား. ၁၃:၄တရ ၁၀:၂၀
တရား. ၁၃:၅တရ ၁၈:၂၀
တရား. ၁၃:၅တရ ၁၇:၂၊ ၃၊ ၇; ၁က ၅:၁၃
တရား. ၁၃:၆၁ဘု ၁၁:၄; ၂ပေ ၂:၁
တရား. ၁၃:၈ဂ ၁:၈
တရား. ၁၃:၉ထွ ၂၂:၂၀; ၃၂:၂၇; တလ ၂၅:၅
တရား. ၁၃:၉တရ ၁၇:၂၊ ၃၊ ၇
တရား. ၁၃:၁၀ဝ ၂၀:၂၊ ၂၇
တရား. ၁၃:၁၁တရ ၁၇:၁၃; ၁တိ ၅:၂၀
တရား. ၁၃:၁၄တရ ၁၉:၁၅; ၁တိ ၅:၁၉
တရား. ၁၃:၁၅တရ ၁၇:၄၊ ၅; ၂ရ ၂၈:၆
တရား. ၁၃:၁၅ထွ ၂၂:၂၀
တရား. ၁၃:၁၇ယရ ၆:၁၈
တရား. ၁၃:၁၇က ၂၂:၁၅၊ ၁၇; ၂၆:၃၊ ၄
တရား. ၁၃:၁၈တရ ၆:၁၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
တရားဟောရာ ၁၃:၁-၁၈

တရားဟောရာ

၁၃ “ခင်ဗျားတို့ဆီမှာ ပရောဖက် ဒါမှမဟုတ် အိပ်မက်ဖတ်သူ တစ်ယောက်ယောက် ပေါ်လာပြီး လက္ခဏာတွေ၊ အတိတ်နိမိတ်တွေ ပေးလို့၊ ၂ အဲဒီလက္ခဏာတွေ၊ အတိတ်နိမိတ်တွေအတိုင်း တကယ်ဖြစ်လာတဲ့အခါ ခင်ဗျားတို့ မသိတဲ့ ဘုရားတွေနဲ့ပတ်သက်ပြီး ‘အဲဒီဘုရားတွေနောက် လိုက်ကြစို့၊ ဝတ်ပြုကြစို့’ လို့ ပြောလာရင်၊ ၃ အဲဒီပရောဖက် ဒါမှမဟုတ် အိပ်မက်ဖတ်သူရဲ့စကားကို နားမထောင်ပါနဲ့။+ ယေဟောဝါဘုရားကို ခင်ဗျားတို့ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ချစ်မချစ်သိချင်လို့+ ယေဟောဝါဘုရား စမ်းသပ်နေတာ။+ ၄ ယေဟောဝါဘုရားနောက်ကိုပဲ လိုက်ပါ။ ဘုရားကိုပဲ ကြောက်ရွံ့ပါ။ ပညတ်ချက်တွေကို လိုက်နာပါ။ ဘုရားရဲ့စကားကို နားထောင်ပါ။ ဘုရားကိုပဲ ဝတ်ပြုပါ။ ဘုရားကိုပဲ တွယ်တာနေကြပါ။+ ၅ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ ကျွန်ခံရာပြည်ကနေ ရွေးယူလာတဲ့အရှင် ယေဟောဝါဘုရားကို ပုန်ကန်ဖို့ သွေးထိုးပေးပြီး ယေဟောဝါဘုရား လျှောက်ခိုင်းတဲ့ လမ်းစဉ်ကနေ လွဲသွားအောင်လုပ်တဲ့ အဲဒီပရောဖက်ကို ဒါမှမဟုတ် အိပ်မက်ဖတ်သူကို ကွပ်မျက်ရမယ်။+ ဒီနည်းနဲ့ ဆိုးယုတ်မှုကို ခင်ဗျားတို့ဆီကနေ ဖယ်ရှားပစ်ရမယ်။+

၆ “မိခင်ကမွေးတဲ့ ကိုယ့်ညီအစ်ကို၊ ကိုယ့်သားသမီး၊ ကိုယ်မြတ်နိုးရတဲ့ဇနီး၊ မိတ်ရင်းဆွေရင်း တစ်ယောက်ယောက်က ကိုယ်တိုင်ရော၊ ဘိုးဘေးတွေပါ မသိတဲ့ ‘တခြားဘုရားတွေကို သွားဝတ်ပြုကြစို့’ လို့ပြောပြီး တိတ်တဆိတ် သွေးဆောင်ခဲ့ရင်၊+ ၇ ရပ်နီးရပ်ဝေးမှာ နေထိုင်သူ၊ တိုင်းပြည်တစ်ခွင်မှာ နေထိုင်သူတွေရဲ့ ဘုရားတွေကို ဝတ်ပြုဖို့ သွေးဆောင်ခဲ့ရင်၊ ၈ သူ့ကို မလိုက်လျောနဲ့။ သူပြောတာကို နားမထောင်နဲ့။+ သူ့ကို မသနားနဲ့။ မညှာတာနဲ့။ မကာကွယ်ပေးနဲ့။ ၉ သူ့ကို ကျိန်းသေ ကွပ်မျက်ရမယ်။+ ကိုယ်တိုင် အရင်ဆုံး ကျောက်ခဲနဲ့ ပေါက်ရမယ်။ ပြီးမှ တခြားလူတွေက ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။+ ၁၀ ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ ယေဟောဝါဘုရားဆီကနေ လမ်းလွဲသွားအောင် လုပ်တဲ့အတွက် သူ့ကို ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။+ ၁၁ ဒါကို အစ္စရေးတွေကြားတဲ့အခါ ကြောက်ရွံ့ပြီး ဒီလိုဆိုးညစ်တဲ့ လုပ်ရပ်မျိုး ထပ်လုပ်ရဲတော့မှာ မဟုတ်ဘူး။+

၁၂ “ယေဟောဝါဘုရား ပေးထားတဲ့ မြို့မှာ ခင်ဗျားတို့ နေထိုင်တဲ့အခါ၊ ၁၃ ‘လူဖျင်းတွေက မြို့သားတွေကို ကိုယ်မသိတဲ့ “တခြားဘုရားတွေကို သွားဝတ်ပြုကြစို့” လို့ပြောပြီး လမ်းလွဲသွားအောင် လုပ်နေကြပြီ’ ဆိုတဲ့သတင်းကို ကြားရင်၊ ၁၄ ဒီကိစ္စကို စုံစမ်းရမယ်၊ သေသေချာချာ စစ်ဆေးမေးမြန်းရမယ်။+ ခင်ဗျားတို့ဆီမှာ ဒီရွံမုန်းစရာ လုပ်ရပ်ကို လုပ်နေတာ သေချာရင်၊ ၁၅ အဲဒီမြို့သူမြို့သားအားလုံးကို ဓားနဲ့ ဆက်ဆက် သတ်ရမယ်။+ အဲဒီမြို့နဲ့ မြို့ထဲမှာရှိသမျှကိုရော၊ တိရစ္ဆာန်တွေကိုရော အကုန်ဖျက်ဆီးရမယ်။+ ၁၆ မြို့ထဲက တိုက်ရာပါဥစ္စာအားလုံးကို မြို့ရင်ပြင်မှာ စုပုံထားပြီး မြို့ကို မီးရှို့ရမယ်။ အဲဒီပစ္စည်းတွေဟာ ယေဟောဝါဘုရားအတွက် အကုန်အစင် မီးရှို့ရာအလှူတွေပဲ။ အဲဒီမြို့ဟာ ထာဝရ အပျက်အယွင်းပုံကြီး ဖြစ်ရမယ်။ ဘယ်တော့မှ ပြန်မတည်ဆောက်ရဘူး။ ၁၇ ဖျက်ဆီးဖို့ သီးသန့်ဖယ်ထားတဲ့အရာ တစ်ခုကိုမှ မယူရဘူး။+ ဒါဆိုရင် ယေဟောဝါက အမျက်ပြေပြီး သနားကရုဏာပြလိမ့်မယ်။ ဘိုးဘေးတွေကို ကျိန်ဆိုထားတဲ့အတိုင်း ခင်ဗျားတို့ကို တိုးပွားစေမယ်။+ ၁၈ အခု ကျွန်တော် မှာကြားနေတဲ့ ပညတ်ချက်အားလုံးကို လိုက်နာပြီး ယေဟောဝါဘုရားကို နာခံရမယ်။ ဒီနည်းနဲ့ ယေဟောဝါဘုရားရှေ့မှာ မှန်ရာကို လုပ်ဆောင်ရမယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ