ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရာဇဝင်ချုပ် ၃၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ရာဇဝင်ချုပ် မာတိကာ

      • ပသခါပွဲကြီးကျင်းပဖို့ ယောရှိစီစဉ် (၁-၁၉)

      • ဖာရောနေခေါကြောင့် ယောရှိသေဆုံး (၂၀-၂၇)

၂ ရာဇဝင်ချုပ် ၃၅:၁

ကျမ်းညွှန်းများ

  • +ထွ ၁၂:၃-၁၁; ၂ဘု ၂၃:၂၁
  • +ဝ ၂၃:၅; တရ ၁၆:၁
  • +ထွ ၁၂:၂၁

၂ ရာဇဝင်ချုပ် ၃၅:၂

ကျမ်းညွှန်းများ

  • +၂ရ ၂၃:၁၈; ၃၁:၂

၂ ရာဇဝင်ချုပ် ၃၅:၃

ကျမ်းညွှန်းများ

  • +တရ ၃၃:၁၀; ၂ရ ၁၇:၈၊ ၉; နေ ၈:၇၊ ၈
  • +တလ ၄:၁၅; ၁ရ ၂၃:၂၅၊ ၂၆
  • +၁ဘု ၆:၃၈; ၂ရ ၅:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၉၊ စာ. ၁၈

    ၁၂/၁/၂၀၀၅၊ စာ. ၂၀

၂ ရာဇဝင်ချုပ် ၃၅:၄

ကျမ်းညွှန်းများ

  • +၁ရ ၂၃:၆; ၂ရ ၈:၁၄

၂ ရာဇဝင်ချုပ် ၃၅:၆

ကျမ်းညွှန်းများ

  • +ထွ ၁၂:၂၁; ၂ရ ၃၀:၁၊ ၁၅

၂ ရာဇဝင်ချုပ် ၃၅:၇

ကျမ်းညွှန်းများ

  • +၂ရ ၃၀:၂၄

၂ ရာဇဝင်ချုပ် ၃၅:၈

ကျမ်းညွှန်းများ

  • +၂ဘု ၂၃:၄; ၂ရ ၃၄:၁၄

၂ ရာဇဝင်ချုပ် ၃၅:၁၀

ကျမ်းညွှန်းများ

  • +၁ရ ၂၃:၆

၂ ရာဇဝင်ချုပ် ၃၅:၁၁

ကျမ်းညွှန်းများ

  • +ထွ ၁၂:၃၊ ၆
  • +၂ရ ၂၉:၃၄
  • +၂ရ ၃၀:၁၆

၂ ရာဇဝင်ချုပ် ၃၅:၁၃

အောက်ခြေမှတ်ချက်များ

  • *

    “ကင်တယ်” လည်းဖြစ်နိုင်။

ကျမ်းညွှန်းများ

  • +ထွ ၁၂:၈; တရ ၁၆:၆၊ ၇

၂ ရာဇဝင်ချုပ် ၃၅:၁၅

ကျမ်းညွှန်းများ

  • +၁ရ ၁၆:၃၇
  • +၁ရ ၂၃:၅
  • +၁ရ ၂၅:၁၊ ၂
  • +၁ရ ၁၆:၄၁၊ ၄၂; ၂၅:၃
  • +၁ရ ၂၆:၁၂၊ ၁၃

၂ ရာဇဝင်ချုပ် ၃၅:၁၆

ကျမ်းညွှန်းများ

  • +ဝ ၂၃:၅
  • +၂ဘု ၂၃:၂၁

၂ ရာဇဝင်ချုပ် ၃၅:၁၇

ကျမ်းညွှန်းများ

  • +ထွ ၁၂:၁၅; ဝ ၂၃:၆; တရ ၁၆:၃; ၂ရ ၃၀:၁၊ ၂၁

၂ ရာဇဝင်ချုပ် ၃၅:၁၈

ကျမ်းညွှန်းများ

  • +၂ဘု ၂၃:၂၂၊ ၂၃; ၂ရ ၃၀:၅၊ ၂၆

၂ ရာဇဝင်ချုပ် ၃၅:၂၀

ကျမ်းညွှန်းများ

  • +ယေ ၄၆:၂
  • +၂ဘု ၂၃:၂၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၃/၂၀၁၇၊ စာ. ၂၇

၂ ရာဇဝင်ချုပ် ၃၅:၂၂

ကျမ်းညွှန်းများ

  • +၁ဘု ၂၂:၃၀
  • +သူ ၁:၂၇; ၅:၁၉; ဇာ ၁၂:၁၁; ဗ ၁၆:၁၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၃/၂၀၁၇၊ စာ. ၂၇

၂ ရာဇဝင်ချုပ် ၃၅:၂၄

ကျမ်းညွှန်းများ

  • +၂ဘု ၂၃:၃၀; ၂ရ ၃၄:၂၈

၂ ရာဇဝင်ချုပ် ၃၅:၂၅

ကျမ်းညွှန်းများ

  • +ယေ ၁:၁
  • +ယေ ၉:၁၇၊ ၂၀

၂ ရာဇဝင်ချုပ် ၃၅:၂၇

ကျမ်းညွှန်းများ

  • +၂ဘု ၂၃:၂၈

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၂ ရာ. ၃၅:၁ထွ ၁၂:၃-၁၁; ၂ဘု ၂၃:၂၁
၂ ရာ. ၃၅:၁ဝ ၂၃:၅; တရ ၁၆:၁
၂ ရာ. ၃၅:၁ထွ ၁၂:၂၁
၂ ရာ. ၃၅:၂၂ရ ၂၃:၁၈; ၃၁:၂
၂ ရာ. ၃၅:၃တရ ၃၃:၁၀; ၂ရ ၁၇:၈၊ ၉; နေ ၈:၇၊ ၈
၂ ရာ. ၃၅:၃တလ ၄:၁၅; ၁ရ ၂၃:၂၅၊ ၂၆
၂ ရာ. ၃၅:၃၁ဘု ၆:၃၈; ၂ရ ၅:၇
၂ ရာ. ၃၅:၄၁ရ ၂၃:၆; ၂ရ ၈:၁၄
၂ ရာ. ၃၅:၆ထွ ၁၂:၂၁; ၂ရ ၃၀:၁၊ ၁၅
၂ ရာ. ၃၅:၇၂ရ ၃၀:၂၄
၂ ရာ. ၃၅:၈၂ဘု ၂၃:၄; ၂ရ ၃၄:၁၄
၂ ရာ. ၃၅:၁၀၁ရ ၂၃:၆
၂ ရာ. ၃၅:၁၁ထွ ၁၂:၃၊ ၆
၂ ရာ. ၃၅:၁၁၂ရ ၂၉:၃၄
၂ ရာ. ၃၅:၁၁၂ရ ၃၀:၁၆
၂ ရာ. ၃၅:၁၃ထွ ၁၂:၈; တရ ၁၆:၆၊ ၇
၂ ရာ. ၃၅:၁၅၁ရ ၁၆:၃၇
၂ ရာ. ၃၅:၁၅၁ရ ၂၃:၅
၂ ရာ. ၃၅:၁၅၁ရ ၂၅:၁၊ ၂
၂ ရာ. ၃၅:၁၅၁ရ ၁၆:၄၁၊ ၄၂; ၂၅:၃
၂ ရာ. ၃၅:၁၅၁ရ ၂၆:၁၂၊ ၁၃
၂ ရာ. ၃၅:၁၆ဝ ၂၃:၅
၂ ရာ. ၃၅:၁၆၂ဘု ၂၃:၂၁
၂ ရာ. ၃၅:၁၇ထွ ၁၂:၁၅; ဝ ၂၃:၆; တရ ၁၆:၃; ၂ရ ၃၀:၁၊ ၂၁
၂ ရာ. ၃၅:၁၈၂ဘု ၂၃:၂၂၊ ၂၃; ၂ရ ၃၀:၅၊ ၂၆
၂ ရာ. ၃၅:၂၀ယေ ၄၆:၂
၂ ရာ. ၃၅:၂၀၂ဘု ၂၃:၂၉
၂ ရာ. ၃၅:၂၂၁ဘု ၂၂:၃၀
၂ ရာ. ၃၅:၂၂သူ ၁:၂၇; ၅:၁၉; ဇာ ၁၂:၁၁; ဗ ၁၆:၁၆
၂ ရာ. ၃၅:၂၄၂ဘု ၂၃:၃၀; ၂ရ ၃၄:၂၈
၂ ရာ. ၃၅:၂၅ယေ ၁:၁
၂ ရာ. ၃၅:၂၅ယေ ၉:၁၇၊ ၂၀
၂ ရာ. ၃၅:၂၇၂ဘု ၂၃:၂၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ရာဇဝင်ချုပ် ၃၅:၁-၂၇

၂ ရာဇဝင်ချုပ်

၃၅ ယောရှိမင်းက ဂျေရုဆလင်မြို့မှာယေဟောဝါအတွက် ပသခါပွဲ ကျင်းပတယ်။+ တစ်လပိုင်း၊ ၁၄ ရက်နေ့မှာ+ ပသခါပူဇော်သက္ကာကို သတ်ကြတယ်။+ ၂ ယောရှိမင်းက ပုရောဟိတ်တွေကို တာဝန်တွေ ပေးအပ်ပြီး ယေဟောဝါရဲ့အိမ်တော်မှာ အမှုဆောင်ကြဖို့ အားပေးတယ်။+ ၃ အစ္စရေးတွေကို  သွန်သင်ပေးသူတွေ၊+ ယေဟောဝါအတွက် သန့်ရှင်းသူတွေဖြစ်တဲ့  လေဝိအမျိုးသားတွေကိုလည်း “သန့်ရှင်းတဲ့သေတ္တာတော်ကို ခင်ဗျားတို့ ထမ်းသွားစရာ မလိုတော့ဘူး၊+ အစ္စရေးဘုရင်  ဒါဝိဒ်ရဲ့သား ရှောလမုန်ဆောက်ခဲ့တဲ့ အိမ်တော်မှာပဲ ထားကြပါ။+ အခုကစပြီး ယေဟောဝါဘုရားနဲ့ အစ္စရေးလူမျိုးအတွက် အမှုဆောင်ကြ။ ၄ အစ္စရေးဘုရင် ဒါဝိဒ်နဲ့ သားတော် ရှောလမုန်ရဲ့ ညွှန်ကြားချက်အရ  ဆွေမျိုးစုအလိုက်၊ အုပ်စုတွေအလိုက် အသင့်ရှိနေကြပါ။+ ၅ လေဝိအမျိုးသားတွေက ကိုယ့်ညီအစ်ကိုတွေဖြစ်တဲ့ အစ္စရေးလူတွေရဲ့ ဆွေမျိုးစုတစ်စုစီအတွက် အမှုဆောင်နိုင်ဖို့ သန့်ရှင်းရာဌာနတော်ထဲ ဝင်လာပြီး ဆွေမျိုးစုအလိုက်၊ အုပ်စုအလိုက် ရပ်နေရမယ်။ ၆ ပသခါပူဇော်သက္ကာကို သတ်ပြီး+ ကိုယ်ကို သန့်စင်စေကြ။ မောရှေကတစ်ဆင့် ယေဟောဝါဘုရား ပြောခဲ့တဲ့အတိုင်း လုပ်ဆောင်ဖို့ ကိုယ့်ညီအစ်ကိုတွေအတွက် ပြင်ဆင်ပေးကြပါ” ဆိုပြီး မှာတယ်။

၇ ပြီးတော့ ယောရှိမင်းက လူတွေအတွက် တိရစ္ဆာန်အုပ်တွေ လှူတယ်။ အဲဒီမှာရှိတဲ့ လူတွေ ပသခါပူဇော်သက္ကာ ဆက်သဖို့ သူပိုင်တဲ့ သိုးထီးလေးနဲ့ ဆိတ်ထီးလေး ၃၀,၀၀၀၊ နွား ၃,၀၀၀ ကို ပေးလှူတယ်။+ ၈ မှူးမတ်တွေကလည်း လူတွေ၊ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေအတွက် ပူဇော်သက္ကာတွေကို စေတနာစိတ်နဲ့ ပေးလှူကြတယ်။ စစ်မှန်တဲ့ ဘုရားသခင့်အိမ်တော်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဟိလခိ၊+ ဇာခရိ၊ ယေဟေလတို့က ပုရောဟိတ်တွေအတွက် ပသခါပူဇော်သက္ကာ ၂,၆၀၀ နဲ့ နွား ၃၀၀ ကို ပေးတယ်။ ၉ လေဝိအမျိုးသား ခေါင်းဆောင်တွေဖြစ်တဲ့ ကောနနိ၊ သူ့ညီ ရှေမာယနဲ့ နာသနေလ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗတ်တို့က လေဝိအမျိုးသားတွေအတွက် ပသခါပူဇော်သက္ကာ ၅,၀၀၀ နဲ့ နွား ၅၀၀ ကို ပေးတယ်။

၁၀ ဒီနည်းနဲ့ ပွဲတော်အတွက်ပြင်ဆင်ကြတယ်။ ဘုရင်မိန့်မှာတဲ့အတိုင်း ပုရောဟိတ်တွေက ကိုယ့်နေရာမှာ ရပ်နေပြီး လေဝိအမျိုးသားတွေလည်း အုပ်စုအလိုက်+ ရပ်နေကြတယ်။ ၁၁ ပြီးတော့ ပသခါပူဇော်သက္ကာတွေကို သတ်ကြတယ်။+ လေဝိအမျိုးသားတွေအရေခွံဆုတ်နေချိန်မှာ+ ပုရောဟိတ်တွေက သူတို့ဆီကရတဲ့ သွေးကို ပူဇော်ရာပလ္လင်ပေါ်  ဖျန်းတယ်။+ ၁၂ အဲဒီနောက် ဆွေမျိုးစုအလိုက်ရပ်နေတဲ့ လူတွေကို ဝေပေးနိုင်ဖို့ မီးရှို့ရာအလှူတွေ ပြင်ဆင်တယ်၊ ဒါမှ မောရှေရဲ့ကျမ်းမှာ ပါတဲ့အတိုင်း ယေဟောဝါဆီ ဆက်သနိုင်မယ်။ နွားတွေကိုလည်း အဲဒီအတိုင်း ပြင်ဆင်တယ်။ ၁၃ ပြီးတော့  ပသခါအလှူကို  ထုံးစံအတိုင်း  မီးနဲ့ချက်တယ်။*+ သန့်ရှင်းတဲ့အလှူတွေကို အိုးတွေ၊ ဒယ်အိုးဒယ်ပြားတွေမှာ ချက်ပြုတ်ပြီးနောက် လူတွေကို ခပ်သွက်သွက် ဝေပေးကြတယ်။ ၁၄ အဲဒီနောက် လေဝိအမျိုးသားတွေက ကိုယ်တိုင်နဲ့ ပုရောဟိတ်တွေအတွက် ပြင်ဆင်တယ်။ အာရုန်ရဲ့သားမြေး ပုရောဟိတ်တွေက မီးရှို့ရာ ပူဇော်သက္ကာတွေနဲ့ အဆီတွေကို ညအထိ ပူဇော်နေရတဲ့အတွက် အဲဒီလို ပြင်ဆင်ပေးရတာ ဖြစ်တယ်။

၁၅ အာသပ်ရဲ့သားမြေး+ သီချင်းသည်တွေက  ဒါဝိဒ်၊+  အာသပ်၊+ ဟေမန်၊ ဘုရင်ကို စိတ်အာရုံအသိပေးရတဲ့ ယေဒုသုန်တို့ရဲ့+  ညွှန်ကြားချက်အတိုင်း ကိုယ့်နေရာမှာ ရှိနေတယ်။ တံခါးစောင့်တွေကလည်း တံခါးတိုင်းမှာ စောင့်နေတယ်။+ သူတို့ရဲ့ညီအစ်ကို လေဝိအမျိုးသားတွေက ပြင်ဆင်ပေးတဲ့အတွက် ကိုယ်တာဝန်ကျတဲ့ နေရာကနေ ထွက်သွားစရာ မလိုဘူး။ ၁၆ ဒီလိုနဲ့ ယောရှိမင်းရဲ့ အမိန့်အတိုင်း ပသခါပွဲ ကျင်းပဖို့၊+ ယေဟောဝါရဲ့ ပူဇော်ရာပလ္လင်ပေါ် မီးရှို့ရာအလှူတွေ ပူဇော်ဖို့ ယေဟောဝါ တောင်းဆိုထားသမျှကို အဲဒီနေ့မှာ ပြင်ဆင်ပြီးသွားတယ်။+

၁၇ အဲဒီအချိန်မှာ ရောက်ရှိနေတဲ့ အစ္စရေးတွေက ပသခါပွဲတော်ကို ကျင်းပပြီး တဆေးမဲ့မုန့်ပွဲတော်ကိုလည်း ခုနစ်ရက်ကြာ ကျင်းပတယ်။+ ၁၈ အဲဒီလိုပသခါပွဲမျိုးကို ပရောဖက်ရှမွေလ လက်ထက်ကတည်းက အစ္စရေးပြည်မှာ မကျင်းပဖူးဘူး။ ယောရှိနဲ့ ပုရောဟိတ်တွေ၊ လေဝိအမျိုးသားတွေ၊ အဲဒီမှာရှိတဲ့ ယုဒနဲ့အစ္စရေး ပြည်သူပြည်သားတွေ၊ ဂျေရုဆလင်မြို့သူမြို့သားတွေ ကျင်းပတဲ့ ဒီလိုပသခါပွဲမျိုးကို ဘယ်အစ္စရေးဘုရင်မှ မကျင်းပဖူးဘူး။+ ၁၉ ဒီပသခါပွဲကို ယောရှိနန်းစံ ၁၈ နှစ်မှာ ကျင်းပတာဖြစ်တယ်။

၂၀ ဗိမာန်တော်ကို ယောရှိမင်း ပြင်ဆင်ပြီးတဲ့အခါ၊  ပွဲတော်ပြီးသွားတဲ့ နောက်ပိုင်းမှာ အီဂျစ်ဘုရင်နေခေါက+ ယူဖရေးတီးမြစ်နားက ခါခေမိတ်မြို့ကို တိုက်ခိုက်ဖို့ ချီတက်လာတယ်။ ဒါနဲ့ ယောရှိက နေခေါကို တိုက်ဖို့ ထွက်လာတယ်။+ ၂၁ နေခေါက ယောရှိဆီ တမန်တွေ လွှတ်ပြီး “ယုဒဘုရင်၊ မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါလာတာ မင်းကိုတိုက်ဖို့ မဟုတ်ဘူး။ တခြားနိုင်ငံကို တိုက်ဖို့လာတာ။ ဘုရားသခင်က ငါ့ကို အမြန် တိုက်ခိုင်းနေပြီ။ ငါနဲ့အတူရှိတဲ့ ဘုရားသခင်ကို မဆန့်ကျင်ရင် ကောင်းမယ်။ ဒီလိုမှမဟုတ်ရင် မင်း ပျက်စီးသွားမယ်” လို့ပြောတယ်။ ၂၂ ဒါပေမဲ့ ယောရှိက ပြန်မလှည့်သွားဘဲ ရုပ်ဖျက်ပြီး တိုက်ပွဲဝင်တယ်။+ နေခေါကတစ်ဆင့် ဘုရားသခင်ပြောတဲ့ စကားကို နားမထောင်ဘဲ မေဂိဒေါချိုင့်ဝှမ်းမှာ တိုက်ခိုက်တော့တယ်။+

၂၃ အဲဒီအခါ လေးသမားတွေက ယောရှိမင်းကို  မြားနဲ့  ပစ်လိုက်တဲ့အတွက် ယောရှိက “ငါ အကြီးအကျယ် ဒဏ်ရာရနေပြီ။ ငါ့ကို ခေါ်ထုတ်သွားပါ” လို့ မင်းမှုထမ်းတွေကို ပြောတယ်။ ၂၄ မင်းမှုထမ်းတွေက ယောရှိကို မြင်းရထားပေါ်ကနေ ဒုတိယစစ်မြင်းရထားပေါ် တင်ပြီး ဂျေရုဆလင်မြို့ကို ခေါ်သွားကြတယ်။ အဲဒီနောက် ယောရှိ ကွယ်လွန်သွားတဲ့အတွက် ဘိုးဘေးတွေရဲ့ သင်္ချိုင်းမှာ သင်္ဂြိုဟ်ကြတယ်။+ ယုဒပြည်သားတွေ၊ ဂျေရုဆလင်မြို့သားတွေလည်း ငိုကြွေးမြည်တမ်းကြတယ်။ ၂၅ ယေရမိက+ ယောရှိအတွက် ငိုချင်းချတယ်။ သီချင်းသည် ယောက်ျားမိန်းမအားလုံးက+ ယောရှိအကြောင်း ငိုချင်းတွေ ရေးစပ်ပြီး ဒီနေ့အထိ သီဆိုနေတုန်းပဲ။ ဒီငိုချင်းတွေကို ငိုချင်းပေါင်းချုပ်မှာ ရေးသားထားပြီး အစ္စရေးပြည်မှာ သီဆိုရတဲ့ထုံးစံ ရှိလာတယ်။

၂၆ ယောရှိရဲ့  ကျန်တဲ့သမိုင်းကြောင်းတွေ၊ ယေဟောဝါရဲ့ ပညတ်ကျမ်းမှာ ရေးသားတဲ့အတိုင်း ခိုင်မြဲတဲ့မေတ္တာနဲ့  လုပ်ဆောင်ခဲ့တာတွေ၊ ၂၇ သူ့လုပ်ရပ်တွေအကြောင်း အစအဆုံးကို အစ္စရေးဘုရင်တွေနဲ့ ယုဒဘုရင်တွေရဲ့ ရာဇဝင်ကျမ်းမှာ ရေးထားတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ