မဿဲ
၁ အာဗြဟံရဲ့ သား၊+ ဒါဝိဒ်ရဲ့ သား+ ခရစ်တော်* လို့ ခေါ်တဲ့ ယေရှုရဲ့ ဆွေစဉ်မျိုးဆက် စာရင်းကတော့–
အိဇက်ရဲ့ သားက ယာကုပ်၊+
ယာကုပ်ရဲ့ သားတွေက ယုဒနဲ့ ညီနောင်တစ်စု၊+
၃ ယုဒနဲ့ တာမာရဲ့ သားတွေက ဖာရက်နဲ့ ဇေရ၊+
ဖာရက်ရဲ့ သားက ဟေဇရုံ၊+
ဟေဇရုံရဲ့ သားက ရာမ၊+
၄ ရာမရဲ့ သားက အမိနဒပ်၊
အမိနဒပ်ရဲ့ သားက နာရှုန်၊+
နာရှုန်ရဲ့ သားက စာလမုန်၊
၅ စာလမုန်နဲ့ ရာခပ်ရဲ့+ သားက ဗောဇ၊
ဗောဇနဲ့ ရုသရဲ့+ သားက ဩဗက်၊
သြဗက်ရဲ့ သားက ယေရှဲ၊+
ဥရိယရဲ့ ဇနီးနဲ့ ရတဲ့ ဒါဝိဒ်ရဲ့ သားက ရှောလမုန်၊+
၇ ရှောလမုန်ရဲ့ သားက ရောဗောင်၊+
ရောဗောင်ရဲ့ သားက အဘိယ၊
အဘိယရဲ့ သားက အာသ၊+
ယောရှဖတ်ရဲ့ သားက ယဟောရံ၊+
ယဟောရံရဲ့ သားက ဩဇိ၊
ယောသံရဲ့ သားက အာခတ်၊+
အာခတ်ရဲ့ သားက ဟေဇကိ၊+
မနာရှေရဲ့ သားက အာမုန်၊+
အာမုန်ရဲ့ သားက ယောရှိ၊+
၁၁ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်အတွင်း+ ယောရှိ+ ရတဲ့ သားတွေက ယေခေါနိနဲ့+ ညီနောင်တစ်စု၊
၁၂ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရပြီးနောက် ယေခေါနိ ရတဲ့ သားက ရှာလသေလ၊
ရှာလသေလရဲ့ သားက ဇေရုဗဗေလ၊+
၁၃ ဇေရုဗဗေလရဲ့ သားက အဗျုဒ်၊
အဗျုဒ်ရဲ့ သားက ဧလျာကိမ်၊
ဧလျာကိမ်ရဲ့ သားက အာဇော်၊
၁၄ အာဇော်ရဲ့ သားက ဇာဒုတ်၊
ဇာဒုတ်ရဲ့ သားက အာခိမ်၊
အာခိမ်ရဲ့ သားက ဧလုဒ်၊
၁၅ ဧလုဒ်ရဲ့ သားက ဧလာဇာ၊
ဧလာဇာရဲ့ သားက မဿန်၊
မဿန်ရဲ့ သားက ယာကုပ်၊
၁၆ ယာကုပ်ရဲ့ သားက မာရိရဲ့ ခင်ပွန်း ယောသပ်။ မာရိဟာ ခရစ်တော်လို့ ခေါ်တဲ့+ ယေရှုရဲ့ မိခင်ပဲ။+
၁၇ အာဗြဟံကနေ ဒါဝိဒ်အထိ မျိုးဆက် ၁၄ ဆက်၊ ဒါဝိဒ်ကနေ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်အထိ မျိုးဆက် ၁၄ ဆက်၊ ဗာဗုလုန်ဆီ ပြည်နှင်ဒဏ်ခံရချိန်ကနေ ခရစ်တော်အထိ မျိုးဆက် ၁၄ ဆက် ရှိတယ်။
၁၈ ယေရှုခရစ် မွေးဖွားလာပုံကတော့ သူ့မိခင် မာရိဟာ ယောသပ်နဲ့ စေ့စပ်ထားပြီး လင်မယားအဖြစ် မပေါင်းသင်းခင် သန့်ရှင်းသော စွမ်းအားတော်ကြောင့်+ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတယ်။ ၁၉ ဒါပေမဲ့ ခင်ပွန်း ဖြစ်သူ ယောသပ်ဟာ ဖြောင့်မတ်သူ ဖြစ်လို့ မာရိကို လူရှေ့သူရှေ့မှာ အရှက်မကွဲစေချင်ဘူး။ ဒါကြောင့် မာရိကို တိတ်တဆိတ် ကွာရှင်းဖို့ စဉ်းစားနေတယ်။+ ၂၀ အဲဒီလို စဉ်းစားပြီးချိန်မှာ ယေဟောဝါရဲ့* ကောင်းကင်တမန်ဟာ အိပ်မက်မှာ ပေါ်လာပြီး “ဒါဝိဒ်ရဲ့ သား ယောသပ်၊ မင်းရဲ့ ဇနီးမာရိကို အိမ်ခေါ်သွားဖို့ မစိုးရိမ်နဲ့။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိနေတာ။+ ၂၁ သူ သားလေး မွေးလိမ့်မယ်။ ယေရှု* လို့ နာမည်ပေးပါ။+ အဲဒီသားဟာ လူတွေကို အပြစ်ကနေ ကယ်တင်လိမ့်မယ်”+ လို့ ပြောတယ်။ ၂၂ ဒါတွေ ဖြစ်ပျက်လာတဲ့အတွက် ပရောဖက်ကတစ်ဆင့် ယေဟောဝါ* ပြောခဲ့တဲ့စကား ပြည့်စုံလာတယ်။ ၂၃ “အပျိုစင်ဟာ ကိုယ်ဝန်ရှိလာပြီး သားလေး မွေးလိမ့်မယ်။ အဲဒီသားကို ဧမာနွေလလို့ နာမည်ပေးလိမ့်မယ်”+ ဆိုတဲ့ စကားပဲ။ ဧမာနွေလဆိုတာ “ငါတို့နဲ့အတူ ဘုရားသခင် ရှိတယ်”+ လို့ အဓိပ္ပာယ်ရတယ်။
၂၄ ယောသပ် နိုးလာတဲ့အခါ ယေဟောဝါရဲ့* ကောင်းကင်တမန် ညွှန်ကြားတဲ့အတိုင်း သူ့ဇနီးကို အိမ်ခေါ်သွားတယ်။ ၂၅ ဒါပေမဲ့ သားလေး မမွေးခင်အထိ ဇနီးနဲ့ မပေါင်းသင်းဘူး။ သားလေး မွေးလာတော့+ ယေရှုလို့ နာမည်ပေးလိုက်တယ်။+