၂ ရှမွေလ
၁၆ ဒါဝိဒ်မင်းက တောင်ထိပ်ကို ကျော်ခါစပဲ ရှိသေးတယ်။+ အဲဒီအချိန်မှာ မေဖိဗောရှက်ရဲ့+ အစေခံ ဇိဘ+ လာကြိုတယ်။ ကုန်းနှီးဆင်ထားတဲ့ မြည်းနှစ်ကောင်ပေါ် မုန့်လုံး ၂၀၀၊ စပျစ်သီးပျဉ် ၁၀၀၊ နွေသီးနှံ* ၁၀၀၊ စပျစ်ဝိုင်အိုးကြီး တစ်လုံးကို တင်ပြီး ယူလာတယ်။+ ၂ ဒါဝိဒ်က “ဒါတွေကို ဘာအတွက် ယူလာတာလဲ” လို့မေးတော့ ဇိဘက “မြည်းတွေက မင်းကြီးရဲ့မိသားစု စီးဖို့၊ မုန့်နဲ့ နွေသီးနှံတွေက မင်းကြီးရဲ့လူတွေ စားဖို့၊ ဝိုင်ကတော့ တောကန္တာရမှာ မောပန်းတဲ့အခါ သောက်ဖို့ပါ”+ လို့ဖြေတယ်။ ၃ ဒါဝိဒ်က “မင်းသခင်ရဲ့သားကော ဘယ်မှာလဲ”+ လို့မေးတဲ့အခါ ဇိဘက “‘အခု အစ္စရေးအမျိုးက ခမည်းတော်ရဲ့ ဘုရင့်အာဏာကို ငါ့ကိုပြန်ပေးလိမ့်မယ်’ လို့ သူပြောပြီး ဂျေရုဆလင်မြို့မှာ နေရစ်ခဲ့ပါတယ်”+ လို့ဖြေတယ်။ ၄ ဒါနဲ့ ဒါဝိဒ်က “မေဖိဗောရှက်ပိုင်ဆိုင်သမျှဟာ မင်းရဲ့ဥစ္စာပဲ”+ လို့ပြောတော့ ဇိဘက “မင်းကြီးကို ဦးညွှတ်ပါတယ်။ မင်းကြီးရှေ့မှာ ကျွန်တော် မျက်နှာသာရပါစေ”+ လို့ပြောတယ်။
၅ အဲဒီနောက် ဒါဝိဒ်မင်းက ဗာဟုရိမ်ရွာကို ရောက်လာတဲ့အခါ ဂေရရဲ့သား ရှိမိလို့ခေါ်တဲ့+ ရှောလုအမျိုးရဲ့ မိသားစုဝင်တစ်ယောက်က ဒါဝိဒ်ကို အော်ဟစ်ကျိန်ဆဲရင်း ထွက်လာတယ်။+ ၆ ရှိမိက ဒါဝိဒ်နဲ့ မင်းမှုထမ်းတွေ၊ ဒါဝိဒ်ရဲ့ ဘယ်ညာနှစ်ဖက်မှာရှိတဲ့ စစ်သူရဲတွေ၊ လူတွေကို ကျောက်ခဲနဲ့ ပေါက်တယ်။ ၇ ပြီးတော့ “လူသတ်ကောင်၊ အသုံးမကျတဲ့ကောင်၊ ထွက်သွား၊ ထွက်သွားစမ်း။ ၈ ရှောလုရဲ့အမျိုးကို သတ်ပြီး သူ့ဆီကနေ နိုင်ငံကို လုယူတဲ့အတွက် မင်းကို ယေဟောဝါ ပြန်ဆပ်ပေးတာပဲ။ ယေဟောဝါက မင်းရဲ့သား အဗရှလုံရဲ့လက်ထဲ ထီးနန်းအပ်လိုက်ပြီ။ မင်း လူသတ်ခဲ့လို့ အခုလို ဒုက္ခရောက်နေတာ”+ ဆိုပြီး ကျိန်ဆဲတယ်။
၉ အဲဒီအခါ ဇေရုယာရဲ့သား+ အဘိရှဲက “ဒီခွေးသေကောင်က+ မင်းကြီးကို ဘာလို့ကျိန်ဆဲရတာလဲ။+ သူ့ခေါင်းကို ဖြတ်လိုက်ရမလား” လို့ခွင့်တောင်းတော့၊+ ၁၀ ဒါဝိဒ်က “ဇေရုယာရဲ့သားတို့၊ မင်းတို့နဲ့ ဘာဆိုင်လို့လဲ။+ သူကျိန်ဆဲပါစေ။+ ‘ဒါဝိဒ်ကို ကျိန်ဆဲပါ’ လို့ ယေဟောဝါဘုရား ပြောထားမှတော့+ ‘ဘာလို့ ကျိန်ဆဲရတာလဲ’ ဆိုပြီး ဘယ်သူပြောဝံ့မှာလဲ” လို့ပြောတယ်။ ၁၁ ပြီးတော့ မင်းမှုထမ်းတွေနဲ့ အဘိရှဲကို “ငါမွေးထားတဲ့ သားအရင်းကတောင် ငါ့ကိုသတ်ဖို့ ကြိုးစားသေးတာပဲ။+ ဒီဗင်ယာမိန်အမျိုးသားဆိုရင် ပိုဆိုးမှာပေါ့။+ ရှိပါစေတော့။ သူ့ကို ယေဟောဝါဘုရား ပြောထားမှတော့ ကျိန်ဆဲပါစေ။ ၁၂ ငါ့ဒုက္ခကို ယေဟောဝါဘုရား မြင်မှာပါ။+ ဒီနေ့၊ ရှိမိကျိန်ဆဲတာကို ခံရပေမဲ့ ယေဟောဝါဘုရား ပြန်ကောင်းချီးပေးမှာပါ”+ ဆိုပြီးပြောတယ်။ ၁၃ အဲဒီနောက် ဒါဝိဒ်နဲ့ သူ့လူတွေဟာ လမ်းအတိုင်း ခရီးဆက်ကြတယ်။ ရှိမိကတော့ တောင်ခါးပန်းတစ်လျှောက် လိုက်လာရင်း ဒါဝိဒ်ကို ကျိန်ဆဲပြီး+ ကျောက်ခဲနဲ့ပေါက်၊ မြေမှုန့်နဲ့ပက်တယ်။
၁၄ နောက်ဆုံး၊ ဒါဝိဒ်နဲ့ သူ့လူတွေ ခရီးဆုံးရောက်တော့ မောပန်းနေလို့ အနားယူကြတယ်။
၁၅ အဲဒီအချိန်မှာ အဗရှလုံနဲ့ အစ္စရေးအမျိုးသားအားလုံး ဂျေရုဆလင်မြို့ထဲ ဝင်လာတယ်။ အဟိသောဖေလလည်း+ ပါတယ်။ ၁၆ ဒါဝိဒ်ရဲ့ မိတ်ဆွေရင်း အာခိလူမျိုး+ ဟုရှဲက+ အဗရှလုံဆီလာပြီး “အရှင်မင်းကြီး အသက်တော် ရှည်ပါစေ၊ အရှင်မင်းကြီး အသက်တော် ရှည်ပါစေ”+ လို့ ပြောတယ်။ ၁၇ အဗရှလုံကလည်း “ကိုယ့်မိတ်ဆွေရင်းကို ခိုင်မြဲတဲ့မေတ္တာပြတယ်ဆိုတာ ဒါမျိုးလား။ သူနဲ့ ဘာလို့ မလိုက်သွားတာလဲ” ဆိုပြီးမေးတယ်။ ၁၈ ဟုရှဲက “လိုက်လို့ ဘယ်ဖြစ်မလဲ။ ကျွန်တော်က ယေဟောဝါဘုရား ရွေးချယ်တဲ့သူ၊ ဒီလူတွေနဲ့ အစ္စရေးအမျိုးသားတွေ ရွေးချယ်တဲ့သူဘက်ကပါ။ သူ့ဘက်မှာပဲ ကျွန်တော်နေမယ်။ ၁၉ ကျွန်တော် ထပ်လျှောက်တင်ပါရစေ။ ဘုရင့်သားတော်ဆီမှာ အမှုမထမ်းရင် ဘယ်သူ့ဆီမှာ အမှုထမ်းရမလဲ။ ခမည်းတော်ဆီမှာ အမှုထမ်းခဲ့သလို အရှင့်ဆီမှာလည်း အမှုထမ်းပါ့မယ်”+ လို့ဖြေတယ်။
၂၀ အဗရှလုံက အဟိသောဖေလကို “ငါတို့ ဘာလုပ်သင့်လဲ။ အကြံပေးပါဦး”+ လို့ပြောတော့၊ ၂၁ အဟိသောဖေလက “နန်းတော်ကို စောင့်ရှောက်ဖို့ ထားခဲ့တဲ့+ ခမည်းတော်ရဲ့မောင်းမတွေနဲ့ အတူအိပ်ပါ။+ အရှင် ဒီလိုလုပ်ပြီး ခမည်းတော်ကို စော်ကားတယ်ဆိုတာ အစ္စရေးတွေ ကြားရင် အရှင့်ကို ထောက်ခံသူတွေ အားတက်ကြလိမ့်မယ်” ဆိုပြီး အဗရှလုံကို ပြောတယ်။ ၂၂ ဒါနဲ့ နန်းတော်အမိုးပေါ်မှာ အဗရှလုံအတွက် တဲထိုးပေးကြတယ်။+ အဗရှလုံလည်း အစ္စရေးအားလုံးရှေ့မှာ+ ခမည်းတော်ရဲ့ မောင်းမတွေနဲ့ အတူအိပ်တယ်။+
၂၃ အဲဒီအချိန်တုန်းက အဟိသောဖေလပေးတဲ့ အကြံကို+ စစ်မှန်တဲ့ဘုရားသခင်ဆီက လာတယ်လို့ ယူမှတ်ကြတယ်။ ဒါဝိဒ်နဲ့ အဗရှလုံလည်း အဟိသောဖေလ ပေးသမျှအကြံကို အဲဒီလိုပဲ ယူမှတ်တယ်။