ယောရှု
၁၇ ယောသပ်ရဲ့သားဦး+ မနာရှေရဲ့အနွယ်က+ မဲကျပြီး+ နယ်မြေရတယ်။ မနာရှေရဲ့သားဦး၊ ဂိလဒ်ရဲ့အဖေ မာခိရက+ စစ်သူရဲဖြစ်လို့ ဂိလဒ်ပြည်နဲ့ ဗာရှန်ပြည်ကို အပိုင်ရတယ်။+ ၂ မနာရှေရဲ့ သားစဉ်မြေးဆက် အဗျဇော၊+ ဟိလက်၊ အသရေလ၊ ရှေခင်၊ ဟေဖာ၊ ရှမိဒတို့ကနေ ဆင်းသက်လာတဲ့ သားမြေးတွေလည်း မိသားစုအလိုက် မဲကျပြီး နယ်မြေရကြတယ်။ သူတို့ဟာ မိသားစုအလိုက် ယောသပ်ရဲ့သား မနာရှေကနေ ဆင်းသက်လာတဲ့ သားယောက်ျားတွေပဲ။+ ၃ ဒါပေမဲ့ မနာရှေကနေ ဆင်းသက်လာတဲ့ မာခိရရဲ့မြစ်၊ ဂိလဒ်ရဲ့မြေး၊ ဟေဖာရဲ့သား ဇလောဖဒ်မှာ+ သားမရှိဘူး။ မာလာ၊ နောဧ၊ ဟောဂလာ၊ မိလခါ၊ တိရဇာလို့ခေါ်တဲ့ သမီးတွေပဲ ရှိတယ်။ ၄ သူတို့က ပုရောဟိတ် ဧလာဇာ၊+ နုန်ရဲ့သား ယောရှု၊ မျိုးနွယ်စုခေါင်းဆောင်တွေဆီ လာပြီး “ကျွန်မတို့ရဲ့ အနွယ်ဝင်တွေနဲ့အတူ ကျွန်မတို့ကို အမွေပေးဖို့ မောရှေကို ယေဟောဝါဘုရား မိန့်မှာခဲ့ပါပြီ”+ လို့ပြောတယ်။ ဒါကြောင့် ယေဟောဝါရဲ့ အမိန့်အတိုင်း သူတို့ကို ဖခင်ရဲ့အနွယ်ဝင်တွေနဲ့အတူ အမွေပေးလိုက်တယ်။+
၅ မနာရှေအနွယ်ဟာ ဂျော်ဒန်မြစ်အရှေ့ဘက်က ဂိလဒ်ပြည်နဲ့ ဗာရှန်ပြည်အပြင် ဝေစုဆယ်စုကိုလည်း ထပ်ရတယ်။+ ၆ မနာရှေအနွယ်ဝင် အမျိုးသမီးတွေက မနာရှေအမျိုးသားတွေနဲ့အတူ အမွေရလို့ပဲ။ မနာရှေရဲ့ ကျန်တဲ့သားမြေးတွေက ဂိလဒ်ပြည်ကို အပိုင်ရတယ်။
၇ မနာရှေရဲ့ နယ်နိမိတ်က အာရှာရဲ့ နယ်နိမိတ်ကနေ ရှေခင်မြို့ဘက်+ မျက်နှာမူထားတဲ့ မိတ်မေသမြို့အထိဖြစ်ပြီး+ အင်တာပွာမြို့သားတွေရဲ့ နယ်မြေရှိရာ တောင်ဘက်ကို ဆက်သွားတယ်။ ၈ တာပွာနယ်မြေကို+ မနာရှေ ပိုင်တယ်။ မနာရှေရဲ့ နယ်နိမိတ်ထဲက တာပွာမြို့ကိုတော့ ဧဖရိမ်ရဲ့ သားမြေးတွေ ပိုင်တယ်။ ၉ အဲဒီနောက် နယ်နိမိတ်က ကာနသဲချောင်းရဲ့ တောင်ဘက်အထိ ဆင်းသွားတယ်။ မနာရှေအနွယ်ရဲ့ ပိုင်နက်ထဲမှာ ဧဖရိမ်အနွယ်ပိုင်တဲ့ မြို့တွေလည်းရှိတယ်။+ မနာရှေအနွယ်ရဲ့ နယ်နိမိတ်က ကာနသဲချောင်းရဲ့ မြောက်ဘက်မှာရှိပြီး ပင်လယ်မှာ အဆုံးသတ်တယ်။+ ၁၀ တောင်ဘက်က ဧဖရိမ်ရဲ့နယ်မြေ၊ မြောက်ဘက်က မနာရှေရဲ့ နယ်မြေဖြစ်ပြီး ပင်လယ်က နယ်နိမိတ်ပဲ။+ မနာရှေနယ်မြေရဲ့ မြောက်ဘက်မှာ အာရှာနယ်မြေ၊ အရှေ့ဘက်မှာ အိသခါနယ်မြေ ရှိတယ်။
၁၁ အိသခါနယ်မြေနဲ့ အာရှာနယ်မြေထဲမှာ မနာရှေအနွယ်ရတဲ့ မြို့တွေကတော့ ဗက်ရှယန်၊ အိဗလံ၊+ ဒေါရ၊+ တောင်ကုန်းထူထပ်တဲ့ဒေသ သုံးခုဖြစ်တဲ့ အင်ဒေါရ၊+ တာနက်နဲ့+ မေဂိဒေါမြို့တို့ ဖြစ်တယ်။ အဲဒီမြို့သူမြို့သားတွေ၊ ပတ်ဝန်းကျင်မြို့ငယ်တွေလည်း ပါဝင်တယ်။
၁၂ ဒါပေမဲ့ အဲဒီမြို့တွေကို မနာရှေရဲ့သားမြေးတွေ မသိမ်းပိုက်နိုင်ကြဘူး။ ခါနန်လူမျိုးတွေက အဲဒီမြို့တွေမှာ မရမက ဆက်နေထိုင်ကြတယ်။+ ၁၃ အစ္စရေးတွေ လူဦးရေ တိုးများလာတဲ့အခါ ခါနန်လူမျိုးတွေကို ကျွန်အဖြစ် စေခိုင်းကြတယ်။+ အကုန်အစင်တော့ မနှင်ထုတ်ခဲ့ကြဘူး။+
၁၄ ယောသပ်ရဲ့ သားမြေးတွေက “ယေဟောဝါဘုရား အခုလို ကောင်းချီးပေးနေတဲ့အတွက် ကျွန်တော်တို့ လူဦးရေ တိုးများနေပြီ။+ ဒီတော့ နယ်မြေတစ်ခုပဲ မဲချပေးမယ်ဆိုရင်+ ကျွန်တော်တို့အတွက် လောက်ပါ့မလား” ဆိုပြီး မေးတဲ့အခါ၊ ၁၅ ယောရှုက “ခင်ဗျားတို့ လူဦးရေ သိပ်များလာလို့ ဧဖရိမ်တောင်တန်းဒေသက+ သိပ်ကျဉ်းနေတယ်ဆိုရင် ဖေရဇိပြည်နဲ့+ ရေဖိမ်ပြည်မှာရှိတဲ့+ သစ်တောကို ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်ကြ” လို့ပြောတယ်။ ၁၆ အဲဒီအခါ ယောသပ်ရဲ့ သားမြေးတွေက “ဧဖရိမ်တောင်တန်းဒေသဟာ ကျွန်တော်တို့အတွက် မလောက်ဘူး။ ဒါ့အပြင် ချိုင့်ဝှမ်းဒေသဖြစ်တဲ့ ဗက်ရှယန်မြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေမှာရော၊ ယေဇရေလချိုင့်ဝှမ်းမှာရော+ နေထိုင်ကြတဲ့ ခါနန်လူမျိုးတွေမှာ သံဓားကောက်တပ်ထားတဲ့ စစ်မြင်းရထားတွေရှိတယ်”+ ဆိုပြီး ပြန်ပြောကြတယ်။ ၁၇ ဒါနဲ့ ယောရှုက ယောသပ်ရဲ့ သားမြေးတွေဖြစ်တဲ့ ဧဖရိမ်အနွယ်နဲ့ မနာရှေအနွယ်ကို “ခင်ဗျားတို့က လူဦးရေ သိပ်များပြီး အင်အားလည်း ကြီးတယ်။ ဒီတော့ နယ်မြေဝေစုတစ်ခုတည်းနဲ့ ဘယ်ဖြစ်မလဲ။+ ၁၈ တောင်တန်းဒေသ တစ်ခုလုံးကိုလည်း ယူလိုက်ပါ။+ အဲဒီဒေသက သစ်တောဖြစ်နေတော့ ခုတ်ထွင် ရှင်းလင်းလိုက်ပေါ့။ အဲဒီအထိ ခင်ဗျားတို့နယ်မြေပဲ။ ခါနန်လူမျိုးတွေက ခွန်အားကြီးပြီး သံဓားကောက်တပ်ထားတဲ့ စစ်မြင်းရထားတွေ ရှိပေမဲ့ သူတို့ကို နှင်ထုတ်နိုင်မယ်”+ လို့ပြောတယ်။