ထွက်မြောက်ရာ
၃၁ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂ “ယုဒအနွယ်ထဲက ဟုရရဲ့မြေး၊ ဥရိရဲ့သား ဗေဇလေလကို+ ငါရွေးချယ်ပြီ။+ ၃ သူ့ကို ဉာဏ်ပညာ၊ သိနားလည်နိုင်စွမ်း၊ လက်မှုအတတ် အမျိုးမျိုးနဲ့ဆိုင်တဲ့ အသိပညာတွေပေးပြီး ဘုရားသခင့်စွမ်းအားတော်နဲ့ ပြည့်စေမယ်။ ၄ သူက လက်ရာမြောက်တဲ့ပုံစံတွေ ဖန်တီးနိုင်လိမ့်မယ်။ ရွှေထည်၊ ငွေထည်၊ ကြေးထည်တွေလုပ်တဲ့ပညာ၊ ၅ ကျောက်မျက်တွေကို သွေးပြီး စီခြယ်တဲ့ပညာ၊+ ပန်းပုပညာမျိုးစုံကို တတ်ကျွမ်းလိမ့်မယ်။+ ၆ သူ့ကို ကူညီဖို့ ဒန်အနွယ်ထဲက အဟိသမက်ရဲ့သား အဟောလျဘကိုလည်း+ ငါခန့်အပ်ပြီ။ လက်မှုပညာသည်တွေကို ဉာဏ်ပညာပေးမှာဖြစ်လို့ ငါမိန့်မှာတဲ့အတိုင်း သူတို့လုပ်နိုင်ကြမယ်။+ ၇ တွေ့ဆုံရာတဲတော်၊+ သက်သေခံချက် သေတ္တာနဲ့+ သေတ္တာအဖုံး၊+ တဲတော်နဲ့ဆိုင်တဲ့ပစ္စည်း၊ ၈ စားပွဲနဲ့+ စားပွဲအသုံးအဆောင်၊ ရွှေစင်ဆီမီးတိုင်နဲ့ ဆီမီးတိုင်အသုံးအဆောင်၊+ နံ့သာပေါင်းပလ္လင်၊+ ၉ မီးရှို့ပူဇော်ရာပလ္လင်နဲ့+ ပလ္လင်အသုံးအဆောင်၊ အင်တုံကြီးနဲ့ အင်တုံတင်တဲ့စင်၊+ ၁၀ လှပတဲ့ရက်ထည်တွေ၊ ပုရောဟိတ်အာရုန်အတွက် သန့်ရှင်းတဲ့အဝတ်တွေ၊ ပုရောဟိတ်အဖြစ် အမှုဆောင်မယ့် သူ့သားတွေအတွက် အဝတ်တွေ၊+ ၁၁ ဘိသိက်ဆီ၊ သန့်ရှင်းရာဌာနတော်အတွက် နံ့သာပေါင်းကို+ သူတို့လုပ်လိမ့်မယ်။ ငါမိန့်မှာတဲ့အတိုင်း သူတို့လုပ်ကြလိမ့်မယ်။”
၁၂ ယေဟောဝါက မောရှေကို ဆက်ပြောတယ်– ၁၃ “အစ္စရေးတွေကို ပြောပါ။ ‘ဥပုသ်နေ့တွေကို မပျက်မကွက် စောင့်ထိန်းရမယ်။+ ဥပုသ်နေ့ဟာ မင်းတို့ကို ငါယေဟောဝါ သီးခြားခွဲထားမှန်း လူမျိုးအစဉ်အဆက် သတိရစေမယ့် အထိမ်းအမှတ်ဖြစ်လို့ပဲ။ ၁၄ ဥပုသ်နေ့ကို စောင့်ထိန်းရမယ်။ မြင့်မြတ်တဲ့နေ့ ဖြစ်တယ်။+ ဥပုသ်ပညတ်ကို ချိုးဖောက်ရင် သေဒဏ်ပဲ။ ဥပုသ်နေ့မှာ အလုပ်လုပ်တဲ့ လူကို ပယ်ရှင်းရမယ်။+ ၁၅ ခြောက်ရက်လုံး အလုပ်လုပ်နိုင်တယ်။ ခုနစ်ရက်မြောက်နေ့ကတော့ အပြည့်အဝအနားယူရမယ့် ဥပုသ်နေ့ပဲ။+ အဲဒီနေ့ဟာ ယေဟောဝါအတွက် မြင့်မြတ်တယ်။ ဥပုသ်နေ့မှာ အလုပ်လုပ်သူတိုင်း သေဒဏ်ခံရမယ်။ ၁၆ အစ္စရေးတွေက ဥပုသ်နေ့ကို စောင့်ထိန်းရမယ်။ သူတို့လူမျိုးအစဉ်အဆက် စောင့်ထိန်းရမယ်။ ဒါဟာ အမြဲတည်တဲ့ပဋိညာဉ်ပဲ။ ၁၇ ဥပုသ်နေ့ဟာ ငါနဲ့ အစ္စရေးတွေကြားမှာ အမြဲတည်တဲ့အထိမ်းအမှတ် ဖြစ်တယ်။+ ယေဟောဝါက ကောင်းကင်နဲ့ မြေကြီးကို ခြောက်ရက်အတွင်း ဖန်ဆင်းပြီး ခုနစ်ရက်မြောက်နေ့မှာ အလုပ်မလုပ်တော့ဘဲ အနားယူနေတယ်။’”+
၁၈ ဘုရားသခင်က ဆိုင်းနိုင်းတောင်ပေါ်မှာ မောရှေနဲ့ စကားပြောပြီးတဲ့အခါ လက်ညှိုးတော်နဲ့ ရေးထားတဲ့+ သက်သေခံချက်ကျောက်ပြား နှစ်ချပ်ကို ပေးတယ်။+