၂ ရာဇဝင်ချုပ်
၃၁ ပွဲတော်ပြီးတာနဲ့ အဲဒီမှာရှိတဲ့ အစ္စရေးအားလုံးက ယုဒမြို့တွေဆီ ထွက်သွားကြတယ်။ ယုဒနဲ့ ဗင်ယာမိန်နယ်မြေ တစ်လျှောက်လုံးအပြင် ဧဖရိမ်နဲ့ မနာရှေနယ်မြေမှာရှိတဲ့+ ကိုးကွယ်ရာကျောက်တိုင်တွေကို ချိုးဖျက်ပြီး+ ကိုးကွယ်ရာသစ်တိုင်တွေကို* ခုတ်လှဲတယ်။+ အထွတ်အမြတ်နေရာတွေ၊ ပူဇော်ရာပလ္လင်တွေကို ဖြိုဖျက်တယ်။+ အဲဒါတွေကို တစ်ခုမကျန် ဖျက်ဆီးပြီးတဲ့နောက် ကိုယ့်မြို့ကိုယ့်ရွာဆီ ပြန်သွားကြတယ်။
၂ အဲဒီနောက် ဟေဇကိက ပုရောဟိတ်နဲ့+ လေဝိအမျိုးသား ယောက်တိုင်းကို+ သူ့အုပ်စုနဲ့သူ တာဝန်ခွဲဝေပေးတယ်။+ သူတို့က မီးရှို့ရာအလှူနဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေ ပူဇော်ရတယ်။ ယေဟောဝါအိမ်တော်ရဲ့ ဝင်းတံခါးတွေမှာ အမှုဆောင်ပြီး ကျေးဇူးတင်ချီးမွမ်းရတယ်။+ ၃ ယေဟောဝါရဲ့ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ပူဇော်ရတဲ့+ မီးရှို့ရာအလှူတွေ+ အပါအဝင် ဥပုသ်နေ့၊+ လဆန်းနေ့နဲ့+ ပွဲတော်နေ့တွေမှာ+ ပူဇော်ရတဲ့ မီးရှို့ရာအလှူတွေအတွက် မင်းကြီးက သူပိုင်တဲ့ဥစ္စာတွေထဲကနေ ဝေစုတစ်စု ပေးလှူတယ်။
၄ ဒါ့အပြင် ဟေဇကိက ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေ ရထိုက်တဲ့ ဝေစုကိုပေးဖို့ ဂျေရုဆလင်မြို့သားတွေကို မိန့်မှာတယ်။+ ဒါမှ ယေဟောဝါရဲ့ ပညတ်အတိုင်း သူတို့ တိတိကျကျ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ ၅ အဲဒီလို အမိန့်ထုတ်လိုက်တာနဲ့ အစ္စရေးတွေက သီးဦးသီးဖျား ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊+ ပျားရည်၊ လယ်ထွက်သီးနှံတွေ+ အများကြီးယူလာတယ်။ ဥစ္စာရှိသမျှရဲ့ ဆယ်ဖို့တစ်ဖို့ကို အမြောက်အမြား ယူလာကြတယ်။+ ၆ ယုဒမြို့တွေမှာ နေထိုင်တဲ့ အစ္စရေးတွေနဲ့ ယုဒလူတွေလည်း သိုးနွားတိရစ္ဆာန်တွေရဲ့ ဆယ်ဖို့တစ်ဖို့၊ ယေဟောဝါဘုရားအတွက် ဆက်ကပ်ထားတဲ့ သန့်ရှင်းရာတွေရဲ့ ဆယ်ဖို့တစ်ဖို့ကို ယူလာကြတယ်။+ ယူလာတဲ့ အလှူပစ္စည်းတွေကို စုပုံထားကြတယ်။ ၇ သုံးလပိုင်းကစပြီး+ အလှူပစ္စည်းတွေကို သူ့အစုနဲ့သူ ခွဲထားလိုက်တယ်။ ခုနစ်လပိုင်းမှာ+ ခွဲလို့ပြီးသွားတယ်။ ၈ ဟေဇကိနဲ့ မှူးမတ်တွေက စုပုံထားတဲ့ အလှူပစ္စည်းတွေကို လာကြည့်ပြီး ယေဟောဝါကို ချီးမွမ်းကြတယ်။ ကိုယ်တော့်လူမျိုး အစ္စရေးတွေကိုလည်း ကောင်းချီးပေးကြတယ်။
၉ ဟေဇကိက အဲဒီအလှူပစ္စည်းတွေအကြောင်း ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေကို မေးမြန်းတဲ့အခါ၊ ၁၀ ဇာဒုတ်အမျိုး ပုရောဟိတ်မင်း အာဇရိက “ယေဟောဝါရဲ့အိမ်တော်ထဲ အလှူပစ္စည်းတွေ ယူလာတဲ့အချိန်ကစပြီး+ လူတွေ ဝဝလင်လင် စားသောက်ရတဲ့အပြင် အများကြီး ပိုလျှံသေးတယ်။ ယေဟောဝါဘုရားက မိမိလူမျိုးကို ကောင်းချီးပေးနေလို့ ဒီလောက်အများကြီး ကျန်နေတာ”+ လို့ပြန်ဖြေတယ်။
၁၁ ဒါနဲ့ ဟေဇကိက ယေဟောဝါရဲ့အိမ်တော်မှာ သိုလှောင်ခန်းတွေ+ ပြင်ဆင်ခိုင်းတော့ သူတို့ ပြင်ဆင်ကြတယ်။ ၁၂ အလှူပစ္စည်းတွေ၊ ဆယ်ဖို့တစ်ဖို့တွေနဲ့+ သန့်ရှင်းရာတွေကိုတော့ သစ္စာရှိရှိ ယူဆောင်လာကြတုန်းပဲ။ လေဝိအမျိုးသား ကောနနိက အလှူပစ္စည်းတွေကို တာဝန်ယူကြီးကြပ်တယ်။ သူ့ညီ ရှိမိက လက်ထောက်ဖြစ်တယ်။ ၁၃ ဟေဇကိမင်းရဲ့အမိန့်အရ ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ အိသမခိ၊ မာဟတ်၊ ဗေနာယတို့ဟာ ကောနနိနဲ့ သူ့ညီ ရှိမိကို ကူညီပေးရတဲ့ တာဝန်ခံတွေပဲ။ အာဇရိကတော့ စစ်မှန်တဲ့ဘုရားသခင့် အိမ်တော်ရဲ့ ကြီးကြပ်ရေးမှူးဖြစ်တယ်။ ၁၄ လေဝိအမျိုးသား အိမနာရဲ့သား၊ အရှေ့တံခါးကို စောင့်ရတဲ့+ ကောရေက ဘုရားသခင်အတွက် စေတနာရှိရှိပေးကြတဲ့ အလှူတွေကို တာဝန်ယူ ကြီးကြပ်ရတယ်။+ ယေဟောဝါအတွက် လှူဒါန်းတဲ့ အလှူပစ္စည်းတွေနဲ့+ အသန့်ရှင်းဆုံးအရာတွေကို+ ခွဲဝေပေးရတယ်။ ၁၅ သူ့လက်အောက်မှာ ဧဒင်၊ မိညာမိန်၊ ယေရွှာ၊ ရှေမာယ၊ အာမရိနဲ့ ရှေကနိတို့ရှိတယ်။ သူတို့ဟာ ယုံကြည်စိတ်ချရတဲ့ တာဝန်ခံတွေဖြစ်ပြီး ပုရောဟိတ်မြို့တွေမှာရှိတဲ့+ အုပ်စုတွေထဲက ညီအစ်ကိုတွေကို အကြီးအငယ်မခွဲခြားဘဲ တန်းတူ ခွဲဝေပေးကြတယ်။+ ၁၆ ယေဟောဝါရဲ့အိမ်တော်မှာ နေ့တိုင်း အမှုဆောင်သူတွေအပြင် ကိုယ့်အုပ်စုတာဝန်ကို ထမ်းဆောင်တဲ့သူတွေနဲ့ အသက်သုံးနှစ်ပြည့်တဲ့ သားယောက်ျားတွေကိုလည်း ခွဲဝေပေးတယ်။ အားလုံးဟာ ဆွေစဉ်မျိုးဆက်စာရင်း ဝင်တဲ့သူတွေပဲ။
၁၇ ပုရောဟိတ်တွေကို ဆွေစဉ်မျိုးဆက်စာရင်း သွင်းတဲ့အခါ ဆွေမျိုးစုအလိုက်၊+ အုပ်စုတာဝန်အလိုက် စာရင်းသွင်းတယ်။+ အသက် ၂၀ ပြည့်တဲ့ လေဝိအမျိုးသားတွေကိုလည်း+ အဲဒီအတိုင်း စာရင်းသွင်းတယ်။ ၁၈ လေဝိအမျိုးသားတွေရဲ့ ဆွေစဉ်မျိုးဆက်စာရင်းထဲမှာ သားမယားတွေ၊ မိသားစုတွေ အားလုံးပါဝင်တယ်။ လေဝိအမျိုးသားတွေဟာ ယုံကြည်စိတ်ချရသူတွေ ဖြစ်တာကြောင့် သန့်ရှင်းတဲ့တာဝန်တွေအတွက် ကိုယ်ကို အမြဲသန့်ရှင်းစေကြတယ်။ ၁၉ မြို့တွေရဲ့ ဝန်းကျင်စားကျက်မြေမှာ နေထိုင်တဲ့+ အာရုန်ရဲ့သားမြေး ပုရောဟိတ်တွေကိုလည်း စာရင်းသွင်းကြတယ်။ ပုရောဟိတ်မိသားစုဝင် ယောက်ျားတိုင်းအတွက်၊ လေဝိအမျိုးသားတွေရဲ့ ဆွေစဉ်မျိုးဆက်စာရင်းမှာ ပါဝင်သူတိုင်းအတွက် ဝေစုခွဲဝေပေးဖို့ မြို့တိုင်းမှာ နာမည်နဲ့တကွ ခန့်အပ်ခံရတဲ့ အမျိုးသားတွေရှိတယ်။
၂၀ ဟေဇကိက ယုဒတစ်ပြည်လုံးမှာ အဲဒီအတိုင်း လုပ်တယ်။ ယေဟောဝါဘုရားရှေ့မှာ ကောင်းမွန်မှန်ကန်ရာကို အမြဲလုပ်တယ်။ ဘုရားအပေါ် သစ္စာရှိတယ်။ ၂၁ ဘုရားသခင့်အိမ်တော်လုပ်ငန်းနဲ့ ပတ်သက်လို့ဖြစ်စေ၊+ ပညတ်တရား၊ မိန့်မှာချက်တွေနဲ့ ပတ်သက်လို့ဖြစ်စေ ဘုရားသခင်ကိုရှာဖို့ သူလုပ်ဆောင်လေသမျှမှာ စိတ်နှလုံးအကြွင်းမဲ့ လုပ်ဆောင်တယ်။ ဒါကြောင့် သူအောင်မြင်ခဲ့တယ်။